top of page
Search
  • Writer's pictureMyat Tun Oo

ယခင်ကလိုမရတော့ဘူး


ယခင်ကဆန္ဒပြရင်ဖမ််းတယ်၊ ယခုပစ်တယ်။ ပြည်သူတွေက လက်နက်ကိုင်ပြန်တိုက်တယ်။ ယခင်ကလို ငြိမ်ခံမနေဘူး။

အစက မိုင်းဆွဲတယ်။ မိုင်းထိတဲ့ကားကို ဝိုင်းပစ်ဖို့အားမရှိဘူး။ လက်နက်မရှိဘူး။ ယခုအချို့နေရာတွေမှာ မိုင်းထိတဲ့ကားကို ဝိုင်းပစ်ပြီး အသေတိုက်လာနိုင်တာတွေ့နေရပါပြီ။ ဒါကတိုးတက်မှုပါ။

ယခင်က မိမိစခန်းကိုလာတိုက်ရင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ယခုကရန်သူ့စခန်းကို ဝင်တိုက်နိုင်တဲ့အဆင့် ရောက်လာနိုင်ပါပြီ။

ယခင်ကရန်သူက ရေကြောင်းက သင်္ဘောနဲ့သွားရင် ဘာမှလုပ်မရခဲ့ဘူး။ ယခုဆို ရေကြောင်းကိုလဲ ဒုက္ခပေးနိုင်လာနေပါပြီ။

ယခင်ရန်သူက ရွာတွေကိုမီးရှို့ရင် ထိုင်ကြည့်နေခဲ့ရတယ်။ ယခုမီးရှို့ပြီး ပြန်ထွက်လာတဲ့အကြမ်းဖက်မအလတပ်ကို မိုင်းဆွဲလာနိုင်ခဲ့ပါပြီ။ ဒါက ပြစ်မှုကျူးလွန်သူကို ချက်ခြင်းဒဏ်ခတ်လာနိုင်တာပါ။ ကုလကိုစောင့်နေရင် သူကအစိုးရိမ်လွန်ပြီး နှလုံးရောဂါရမှာတောင် ကိုယ်ကပြန်စိုးရိမ်နေရပါတယ်။

ယခင်ရန်သူကဗုံးကြဲရင် သူ့အိမ်ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ယခုရန်သူ့မိသားစုအိမ်ကို သူရွာတွေကိုဗုံးကြဲတဲ့အတိုင်း သတိပေးသဘောမျိုး စလုပ်လာနိုင်နေပါပြီ။ သူ့လေယဉ်ကို ဗုံးခွဲဖျက်ချနိုင်နေပါပြီ။ သူကတော့ ပျက်ကျတယ်လို့သာ အရှက်ပြေပြောမှာပါ။ လေယဉ်က မြေပြင်ပေါ်မကျခင် လေထဲမှာ ပေါက်ကွဲသွားခဲ့တာပါ။

ယခင်က နန်းတွေပြုသမျှသီးခံခဲ့ရပေမယ့် အုပ်ကြီးပြုသမျှ သီးခံခဲ့ရပေမယ့် ယခုအချိန်မှာ လူပါးဝသူကို မုန့်ဟင်းခါးကျွေးလို့ရနေပါပြီ။ အချို့နေရာတွေမှာ နန်းတွေကို အလုပ်ထွက်ဖို့ သူတို့ရဲ့နယ်မြေတွေကနေ ထွက်သွားဖို့အမိန့်ထုတ်လာနိုင်ပါပြီ။

ယခင်က DASSK ကိုပြန်လွှတ်ရင် သူမမှာတပ်မရှိပေမယ့် ယခုအချိန်မှာ သူမမှာတပ်ရှိနေပါပြီ။ ဒါတွေကအလွယ်တကူဖြစ်လာတာမဟုတ်ပါ။ အသက်များစွာပေးပြီး ရွာများစွာရင်းပြီးမှ ရလာတာပါ။

ဒါတွေက ယခင်နဲ့ ယခုမတူတော့တာပါ။ နောက်ပိုင်းယခုထက်ပို လုပ်လာနိုင်မှာပါ။ အရေးကြီးတာ ကျည်ဆန်က မိုးပေါ်ကကျလာတာမဟုတ်ပါ။ ဘယ်နိုင်ငံကမှ ကူမနေပါ။ PDF နဲ့ NUG မှာ ပြည်သူသာရှိပါတယ်။ NUG ကို အခွန်ဆောင်ပါ။ NUG ငွေတိုက်စာချုပ်ဝယ်ပါ။ PRF အဖွဲ့ဝင်ပြီး လစဉ်ပိုက်ဆံလှူပါ။ ပြည်သူမှ ပြည်သူသို့ကူညီပြီး မိစ္ဆာမအလနဲ့ ဖက်ဆစ်တပ်ဖွဲ့ကို အပြီးတိုင် တိုက်ထုတ်ကြပါ။ ယခင်ကလို မရတော့ပါလို့ မအလကို ပြောပါရစေ။နောက်ပိုင်းလေယဉ်တွေ လာပါအုံးမယ်။ Good Luck ပါ။

1,682 views3 comments

Recent Posts

See All
bottom of page