top of page
Search
  • Writer's pictureMyat Tun Oo

မြို့သုံးမြို့မှ အဖြေအချို့


ဒီနေ့ Facebook တစ်ခွင်မှာတော့ ရဲရဲနီခဲ့ပါတယ်။

စာရေးသူရေးခဲ့သလိုပါဘဲ ရန်ကုန်မှာ ကိုကိုးကျွန်းကလွဲရင် NLD နိုင်ဖို့သေချာပါတယ်။ မင်္ဂလာဒုံ၊ သံလျင်ရေတပ်စခန်းနေရာနဲ့ မှော်ဘီနားကို စိုးရိမ်ပေမယ့် အရပ်သားက စစ်သားထက်ပိုများလို့ NLD သာနိုင်ပါမယ်။

စာရေးသူ အစိမ်းကြည့်တဲ့နေရာက မေမြို့၊ မိတ္ထိလာနဲ့ ဇီးကုန်းတို့ပါ။ သူတို့ဟာ ဒီနှစ်အခြေအနေကိုပြောနိုင်တဲ့ မြို့တွေပါ။ swing town တွေပေါ့။

ဒီနေ့ မေမြို့မှာ အနီများလို့ မေမြို့ဟာ တပ်မြို့ဖြစ်ပေမယ့် NLD သာ နိုင်ဖို့များပါတယ်။

ဇီးကုန်းဟာ ဖွတ်အမာခံမြို့ပါ။ ဒါပေမယ့် ထွက်လာသူတွေကြည့်ရတာက ဇီးကုန်းဟာလဲ နီသွားဖို့များပါတယ်။

မိတ္ထီလာကတော့ အနည်းငယ်စိုးရိမ်စရာပါ။

NLD အနေနဲ့ မိတ္ထီလာကိုတော့ အနီပြောင်းအောင် ပိုကြိုးစားပေးပါ။ အခြားမြို့တွေကတော့ အဆင်ပြေပါတယ်။

ရှမ်းပြည်အကြောင်းတော့ ယခုအချိန်အထိ မသိသေးပါ။ မြို့ကြီးတွေကတော့ အဆင်ပြေမှာပါ။ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းပြင်းမှာ ဖွတ်တွေမနိုင်ဖို့ အရေးကြီးပါတယ်။


Photo credit: Original Uploader

491 views0 comments

Comments


bottom of page