top of page
Search

မဲသူခိုးသာဝ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 14, 2021
  • 1 min read

သာဝက မဲစာရင်းအတုတွေတင်နေတာကို အချို့သူ့ကိုထောက်ခံသူများက ဝေလေလေ လိုက်လုပ်လေ့ရှိပါတယ်။ ပုံမှန်မှာ သာဝဟာ ကြားနေသူမဟုတ်ပါ။ သူဟာ ဖွတ်ဘက်ကို လိုက်ခဲ့သူပါ။ ဒါ့ကြောင့် သူ့ကိုမဲစာရင်းစစ်ခိုင်းဖို့ မဖြစ်နိုင်ပါ။ သူခိုး/ဓားမြကို ဘဏ်စောင့်ခိုင်းသလို ဖြစ်သွားမှာမိုလို့ပါ။

ဒါဆို မဲစာရင်းတကယ်စစ်ချင်ရင် ဘယ်လိုလုပ်ရမလဲ? နိုင်ငံခြားက သာဝအားကိုးတဲ့ ပေါက်ဖော်ကြီးဖြစ်ဖြစ် သာဝကြောက်တဲ့ ဥရောပက အဖွဲ့တစ်ခုကိုဖြစ်ဖြစ်သာ ကုလရဲနဲ့ လာပြီး စစ်ခိုင်းလိုက်ပါ။အဆိုပါအဖွဲ့ကို သတ္တိရှိရင် တပ်ထဲပါဝင်အစစ်ခံပြီး တပ်ထဲမှာ သာဝမဲခိုးတာ တိုင်လိုတဲ့ စစ်သည်တွေနဲ့သူတို့ရဲ့ မိသားစုတွေကို ကြားနိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ အာမခံပြီးသာ စစ်ခိုင်းလိုက်ပါ။ ဒါဆိုရင် သာဝမဲခိုးတာကို ပြောပြကြပါလိမ့်မယ်။

ပထမက သာဝဟာ တပ်ရင်းတွေကို မိမိဌာနချုပ်မှာလဲ ကြိုတင်မဲပေးခိုင်းသလို သူတို့ရောက်နေတဲ့ရှေ့တန်းမှာလဲ မဲပေးခိုင်းပါတယ်။ ရေတပ်ဆိုလဲ သူတို့ဌာနချုပ်မှာပေးသလို ကိုကိုးကျွန်းမှာလဲ ပေးပါတယ်။ ဒါကမဲနှစ်ခါပေးတာပါ။ နောက်တပ်ထဲမှာလဲ အထက်လူကြီးတွေကနေတဆင့် ဘယ်သူ့ကိုပေးရမလဲ တိုက်ရိုက်ခြိမ်းခြောက်ထည့်ခိုင်းပါတယ်။ သူတို့ခြိမ်းခြောက်တာကို အပြင်ကိုပေါက်ရင် ဟိုကလေးမလို ဖမ်းပါတယ်။ နောက်လူတွေ မပြောရဲအောင်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ဖွတ်ကိုမဲမပေးဘဲ ဘရွှေမန်းပါတီ မဲပေးသူကိုတောင် နယ်ပြောင်းအရေးယူပါတယ်။ သူတို့မဲကိုဖောက်ကြည့်လို့သိတာပါ။

သူပြောတဲ့အတိုင်း မဲပေးတဲ့ ရှမ်းပြည်ကတပ်တွေကိုတော့ ကျေးဇူးတင်စကား လှည့်ပြောခိုင်းပါတယ်။

သာဝအနေနဲ့ အမှန်တရားကို တကယ်မြတ်နိုးရင် မိမိသိက္ခာကိုယုံရင် ကုလကိုသာ မဲလာစစ်ခိုင်းလိုက်ပါ။ သူခိုးသာဝကိုတော့ ပြည်သူတွေက ဘာမှပေးမစစ်ပါလို့ ကြိုပြောထားပါရစေ။ မဲက တပ်ထဲမှာနေရာတိုင်းမှာ ခိုးခဲ့တာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 15, 2021

ဦးမြတ်!!! သူတို့တတွေ သုံးတဲ့အတိုင်း ပြန်လည် ပြောပြပါမည်။

***ဘုရားစင်၊***ပျောက်မယ်

ကျောင်းဆောင်ဟူ၍ပင် သုံးစွဲရမှန်း မသိ။ စင်ကို နတ်စင် စာအုပ်စင် **ဘူး**စင် တို့မှာသာ

သုံးစဲွဲကြပါသည်။ အကျိုးရလဒ်က

~YBS ပေါ်မှာ၊ ရုံထားသော သင်္ကန်းကိုချွတ် အောက်ခံစွပ်ကျယ် မျက်မှန်နှင့် လျှာထိုးဦးထုပ်နှင့်၊ အောက်ပိုင်းက သင်းပိုင်မချွတ်ရသေးသောပုံများ အားနိုးမျိုးတင့်က အမိအရ ရိုက်ယူတင်ပြထားပါသည်။ ဒါ့ပြင် ပန်းခြံတစ်ခုထဲမှာ လူဝတ်လဲနေသူများ။

~အခမ်းအနားအပြီးမှာ (ဦးခေါင်းမှာ ရိတ်ပြီးကာစ ကတုံးအသစ်များနှင့်)လူတစု စုရုံး၍ အရက်သောက် အောင်ပွဲခံယူနေပုံ။

~ကြက်ဥသည်က အချိန်ကိုက် အချိန်မီ အဲဗားရယ်ဒီ ကတုံးနှင့်။

~ရေးမြို့မှာ ဦးခေါင်းက ဦးပြည်းကတုံး လွှမ်းခြုံထားသည်က စိမ်းစိမ်းအရောင် ခြုံလွာထည်

~ဘင်များကို ခိုးသွင်းလာသော ကိုယ်တော်

ဤသို့အားဖြင့် သံဃာစစ်တို့ မည်သို့ခံစားရပါမည်နည်း။

သို့ပါသောကြောင့် ကိုးကွယ်ရာ ဗုဒ္ဓဘုရားရှင်အဆုံးအမ သူတို့နားမှာ အဝင် မချိုတော့၊ နားမထောင်နိုင်တော့ ကိုယ်ထင်ရာ စိုင်း၊ ရိုင်းခဲ့ကြခြင်းကြောင့်

~လိမ်ညာဖို့။

~သူတစ်ပါး မကြည်ဖြူ မပေးသောအရာ လုယူဖို့။

~မူးယစ်သေစာ မှန်သမျှ သယ်ဆောင် သောက်သုံးဖို့။

လူသားတို့ကျင့်သုံးရမယ့် တရားတွေ ပျောက် ကွယ် ရပါပြီ။

ဘုရားစင် ပျောက်မယ်လို့

ပြောရဲ ပြောရက်တဲ့ နောက်မှာတော့!!!

ဆရာတော် သံဃာတော်အစစ်တို့၏ အတွင်းအဇ္စျတ္တမှာဖြင့်!!


အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page