top of page
Search

မြဝတီမှပြောသော တတိယအုပ်စု

Writer's picture: Myat Tun OoMyat Tun Oo

မြဝတီဟာ စစ်ရေးအရ အရေးပါတယ်ဆိုတာ အားလုံး ငြင်းမရတဲ့အချက်ပါ။ မြဝတီဟာ ထိုင်းနယ်စပ်ဖြစ်သလို ကုန်သွယ်ရေးအတွက် အရေးပါတယ်ဆိုတာ အားလုံးသိပြီးသားပါ။ မအလတပ်အတွက်ကလဲ မြဝတီဟာ ထိုင်းနယ်စပ်ဖြစ်ပြီး သတင်းသမားတွေရှိလို့ စစ်ရှုံးရင် ကမ္ဘာသိဖြစ်မှာဖြစ်သလို ကုန်သွယ်ရေးလမ်းကြောင်းလဲ ဆုံးရှုံးမှာပါ။ ဒါထက်အရေးကြီးတာက မြဝတီကို ဒီမိုတွေရခဲ့ရင် အမေရိကန်ကူညီရေးတွေ ဝင်လာနိုင်ပြီး တော်လှန်ရေးက အရှိန်ကောင်းသွားမှာ စိုးလို့ပါ။ ဒါက မအလတွက်ထားတာပါ။ ဒါကြောင့် မအလနဲ့ လက်ဖက်ခြောက်က ပြန်ရအောင်တိုက်မယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒီကိစ္စကို စစ်ရေးအရ လေ့လာကြည့်ရအောင်။


စစ်ရေးမှာ အမိန့်ပေးစနစ် command control တပ်ဖွဲ့တွေက အမိန့်တစ်ခု(central command) ထဲကို နားထောင်ဖို့က အရေးကြီးတယ်လို့ စာရေးသူတို့က ပြောလေ့ရှိပါတယ်။ ဒါပေမယ့် အချို့ ခွေးကန့်လန့်တတိယအင်အားစုများက ဒါကမလိုဘူး NUG က အာဏာရှင်ဖြစ်မယ် ဒါကြောင့် အခြားတပ်တော်တွေလိုအပ်တယ်ဆိုပြီး ပြည်သူကို အဆိပ်ကျွေးလေ့ရှိပါတယ်။ ဒီနေရာမှာ စစ်ဆင်ရေးအပေါ်မူတည်ပြီး တပ်တစ်ခုထဲရှိသင့် မရှိသင့်က စကားပြောပါတယ်။ ခုခံစစ်မှာ မအလစစ်ကြောင်းကို ဗုံးခွဲပြေး၊ ပစ်ပြေးကတော့ သုံးယောက်တစ်ဖွဲ့နဲ့လုပ်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် တပ်ရင်းဌာနချုပ်တွေကို သိမ်းရင်တော့ သုံးယောက်တစ်ဖွဲ့၊ တပ်ရင်းတစ်ဖွဲ့စာလောက်ရှိတဲ့ တပ်တော်တွေနဲ့ အဆင်မပြေပါ။ ဒါက သီအိုရီအရပါ။ ဒါကို မြန်မာပြည်ထဲက စစ်တွေနဲ့ လေ့လာကြည့်ရအောင်။


ရှမ်းမြောက်

MNDAA, TNLA, AA တို့ရဲ့ ဖွဲ့စည်းပုံက ‘ဝ’ UWSA ဖွဲ့စည်းပုံကို အခြေခံပါတယ်။ ဝ က တရုတ်ပြည် ကွန်မြူနစ်ပါတီကို အခြေခံပါတယ်။ သူတို့နယ်ထဲမှာ BPLA တို့၊ PLA တို့က ဝင်တိုက်ပေမယ့် သူတို့ဖာသာ အုပ်ချုပ်ခွင့်မပေးပါ။ သူက သူတို့တပ်တွေကို တင်းကျပ်စွာ ထိန်းချုပ်ပြီး အမိန့်ပေးပါတယ်။ စစ်ဆင်ရေးကို ဗဟိုက အစအဆုံး ကြီးကြပ်ကွပ်ကဲပါတယ်။ အခြားလက်နက်ကိုင်တပ်တွေကို သူ့အမိန့်အောက်မဟုတ်ရင် လက်နက်ပေးမကိုင်ပါ။ ရလာဒ်ကတော့ အားလုံးသိတဲ့အတိုင်း လပိုင်းအတွင်း နယ်မြေများစွာကို သိမ်းပိုက်နိုင်လိုက်တာပါ။ သူ့ရဲ့အားသာချက်က အမိန့်ပေးစနစ် chain of command/command and control သေချာရှိလို့ လက်နက်ထောက်ပံ့လိုသူများကလဲ သေချာထောက်ပံ့ပါတယ်။ သူက ဗဟိုအမိန့်ပေးမှုရှိလို့ တပ်မဟာ တစ်ခုက လောက်ကိုင်တိုက်နေရင် အခြားတပ်မဟာက တံတားဖျက်တာ ဘာညာလုပ်ပေးပါတယ်။


ဒါဆိုရင် သူနိုင်ရင် အချောင်ဝင်စားလိုသူတွေရှိလား? ရှမ်းပြည်မှာက လူမျိုးပေါင်းစုံနေပါတယ်။ TNLA နယ်မြေထဲမှာ စစ်တိုက်ချိန်ကမပါဘဲ အုပ်ချုပ်ချိန်မှာ ဝင်ပြီးအာဏာလိုချင်တဲ့ အခြားလက်နက်ကိုင်တပ်တွေလဲ ရှိခဲ့ပေမယ့် TNLA နဲ့ MNDAA က တင်းတင်းမာမာ တုန့်ပြန်ခဲ့လို့ နောက်ပိုင်း မီဒီယာကသာအော်ပြီး စစ်ရေးအရ စိန်မခေါ်ရဲခဲ့ပါ။


ရခိုင်

ရခိုင်မှာလဲ AA က သူ့တစ်ဖွဲ့သာထားပြီး ကျန်အဖွဲ့များကို ပြတ်ပြတ်သားသား ချေမှုန်းခဲ့ပါတယ်။ သူ့ကို ကူတိုက်ပေးတဲ့ YDF နဲ့ အခြားအဖွဲ့တွေဟာလဲ သူ့အမိန့်အောက်ကသာ လှုပ်ရှားရပါတယ်။ အောင်မြင်မှုကလဲ ပြည်သူတွေ မြင်တွေ့နေတဲ့အတိုင်းပါဘဲ။


ကချင်

ကချင်မှာလဲ KIA က ဦးစီးပြီး PDF ကလဲ သူ့ရဲ့ စစ်ရေးအမိန့်နာခံမှုအောက်ကနေ တိုက်ပါတယ်။ ကချင်ထဲမှာက ပျူ ရှမ်းနီ၊ စခုံထိန်းရင်းဘောမအဖွဲ့ အခြား မအလပျူဘောမအဖွဲ့တွေရှိပါတယ်။ ဒါပေမယ့် KIA နဲ့ PDF က စနစ်တကျ တိုက်ခိုက်နေပြီး ထိုပျူတွေကို လက်နက်ချရင်ချ မချရင် တိုက်ဆိုတဲ့ ဗျူဟာနဲ့သွားနေတာဟာ အောင်မြင်မှုတွေကို ရစေခဲ့ပါတယ်။


MNDAA, TNLA, AA, KIA တို့မှာ တူညီတာက သူတို့ရဲ့ စစ်ဦးစီးချုပ်တွေက တပ်မဟာအားလုံးကို အမိန့်ပေးနိုင်ပြီး တပ်မဟာအားလုံးက ဟန်ချက်ညီညီတိုက်နိုင်အောင် ကြီးကြပ်ကွပ်ကဲ အမိန့်ပေးနိုင်တာပါ။ ဒါတွေက စစ်တိုက်ရာမှာ အောင်မြင်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်။


မြဝတီ

ကရင်ဟာ လက်နက်ကိုင်တွေထဲမှာ ဒီမိုရဲ့အဖေပါ။ သူ့တပ်ဖွဲ့စည်းပုံက ဒီမိုကရေစီ အလွန်ကျနေလို့ တပ်မဟာ(၅) နဲ့ တပ်မဟာ (၆) တောင် အမိန့်ပေး အမိန့်ယူက သူ့ဒေသအတွင်းမှာသာ သက်ရောက်ပါတယ်။ PDF ကတော့ သူရောက်တဲ့ တပ်မဟာအမိန့်ကို နာခံပါတယ်။ ဒါက မိခင်တပ် KNLA ထဲက အမိန်းပေးစနစ်နဲ့ ဒီမိုကရေစီဆန်မှုပါ။

မြေပြင် မြဝတီအခြေအနေကို လေ့လာရအောင်။ မြဝတီထဲမှာ BGF ဘောမ၊ BGF ကြားနေ၊ စောချစ်သူရဲ့ KNA၊ NCA ထိုးထားတဲ့ ကြားနေယောင်ယောင်အဖွဲ့၊ ဘုန်းကြီးစကားနားထောင်တဲ့ DKBA အဖွဲ့တွေရှိပါတယ်။ ကြားနေအဖွဲ့များက မအလတပ်ကိုတိုက်ရာမှာ ဘယ်နေရာမှာမ မပါပါ။ သူတို့က မအလတပ် အသက်ရှည်အောင် ရိက္ခာထောက်ပံ့ပါတယ်။ သူတို့ကတော့ ထမင်းကျွေးပြီး လက်နက်ချအောင် စည်းရုံးတာလို့ ပြောပါတယ်။ သူတို့ဟာ ၂၇၅ တပ်ရင်းကျအောင် တိုက်ချိန်မှာ မပါဘဲ ထိုတပ်ကို တံတားအောက်သွားနိုင်အောင် လမ်းဖွင့်ရာမှာတော့ ပါခဲ့ပါတယ်။

ဒါကြာင့် မြဝတီမှာ ၂၇၅ထဲက ဆုတ်သွားတဲ့တပ်က တံတားအောက်ကစောင့်ပြီး အောင်ဇေယျစစ်ကြောင်းက စစ်ချီလာတာပါ။ ဒါက အပေါ်ယံကြည့်ရင် ကလေးကွက်လို့ ထင်ရပေမယ့် ဘားအံကနေ ကော့ကရိတ်ကြား ဂျိုင်းတံတားကို မဖျက်ခဲ့တာမျိုးက MNDAA/TNLA တို့နဲ့ ဗျူဟာကွာတာ ဗဟိုပေါင်းစပ်ညှိနှိုင်းမှုလိုအပ်တာကို ပြနေတာပါ။

ယခုလို တပ်တွေကွဲနေလို့ မြဝတီက ထင်တာထက် ခက်နေတာတွေ့ရမှာပါ။ ဒါ့အပြင် စာရေးသူတို့ မအလတပ်ကို ကော့ကရိတ်မှာ ဖြတ်တောက်နိုင်ခဲ့ရင်တောင် မြဝတီရခဲ့ရင်တောင်ါမြဝတီမြို့ထဲက ကြားနေဘောမအဖွဲ့အချို့၊ မဘသဩဇာခံအဖွဲ့အချို့နဲ့ ရင်ဆိုင်ရအုံးမှာပါ။


ဒီနေရာမှာ အုပ်ချုပ်မှုက ဒီမိုစနစ်ဖြစ်ရမှာဖြစ်ပြီး စစ်တပ်တွေကတော့ ရွေးကောက်ခံ အရပ်သားအစိုးရ အမိန့်နာခံရမှာပါ။ ပြီးရင် အရပ်သားအမိန့်အောက်က တပ်တွင်းမှာ ဗဟိုအမိန့်ပေးစနစ်ရှိရမှာပါ။ အမေရိကန်၊ အင်္ဂလိပ်လိုပေါ့။ ဒါမှသာ စစ်ရေး၊ နိုင်ငံရေးအောင်မြင်မှုက ဟန်ချက်ညီမှာပါ။


အကျဉ်းချုပ်ရရင် မြဝတီရဲ့ ကံကြမ္မာဟာ မအလအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေပြီး စာရေးသူတို့ ဒီမိုတွေအတွက်လဲ အနာဂတ်အတွက် သင်ခန်းစာယူစရာတွေ အများကြီးပေးမှာပါ။ ပြည်သူက NUG အောက်က PDF ကို ဗျူဟာကျကျဆက်လှူပြီး တော်လှန်ရေး အမြန်ပြီးအောင် ထောက်ပံ့ပေးပါလို့သာ ပြောပါရစေ။ စစ်ကိုင်းနှင့်မကွေးက NUG အောက်က အဖွဲ့တွေလဲ ခဏလောက်ဆက်စောင့်ပေးပါ။ ကချင်အောင်ပွဲများကနေ လက်နက်လာမှာပါ။ အချိန်ပါဘဲ။

736 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page