top of page
Search

မဲလုံးပြောသော NUG အရေးပါမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2021
  • 1 min read

မဲလုံးသတင်းစာရှင်းလင်းပွဲမှာ NLD အကြောင်းပြောတာ ငါးကြိမ်လောက်သာရှိခဲ့ပါတယ်။ ဒါပေမယ့်NUG နဲ့ PDF အကြောင်းက အခါများစွာပြောခဲ့ပါတယ်။ ရေတွက်ကြည့်ရင် အကြိမ် ၁၀၀ လောက်ရှိပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ NUG နဲ့ PDF ရဲ့ ထိရောက်မှုဟာ မအလနဲ့အဖွဲ့ကို ဘယ်လောက်အထိထိခိုက်နေလဲဆိုတာကို ပြနေခဲ့ပါတယ်။

နောက်သူတို့ပြောသွားတာကနေ အရေးပါတဲ့ သတင်းအချို့လဲ ရှိပါတယ်။ ပထမကတော့ ကိုးကန့်ကမအလတပ်ကို တိုက်ရာမှာ လက်နက်တွေအများကြီး သုံးနိုင်တယ်ဆိုတာကို သူကပြောသွားပြီး ဘယ်ကရနေလဲဆိုတာကို မေးခွန်းထုတ်သွားခဲ့ပါတယ်။ ကိုးကန့်ကိုတော့ အမေရိကန်က လက်နက်လာမပေးဘူးဆိုတာ အားလုံးသိမှာပါ။ ဒါ့ကြောင့် ကိုးကန့်လက်နက်ဘယ်ကရလဲဆိုတာက ထင်ရှားပါတယ်။ ဒါပေမယ့် မဲလုံးဟာ တရုတ်ကို လေသံတောင် မဟရဲခဲ့ပါ။

နောက် PDF လက်နက်ကိစ္စပါ။ သူက လက်နက် ခြောက်ထောင်ကျော်မိတယ်လို့ ဆိုပါတယ်။ မိုးဟိန်းကPDF လက်နက်တွေဟာ တအားကောင်းနေတာ ဘာ့ကြောင့်လဲဆိုပြီး အထောင်မေးခွန်းမေးခဲ့ပါတယ်။တူရကီလက်နက် အမေရိကန်လက်နက်တွေပါနေတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ သူမိတာက အမှန်ဆိုရင်တောင် မမိတာက ဘယ်လောက်များနေပြီလဲ အားလုံးမှန်းလို့ရပါတယ်။

ဒီကနေသင်ခန်းစာအချို့လဲ ရနိုင်ပါတယ်။ တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ မိမိတို့လူစာရင်းလုပ်မယ့်မှတ်စုတွေကို မိမိကွန်ပျူတာထဲမှာ မထားဖို့နဲ့ စာအုပ်ထဲမှာ မထားဖို့ပါ။ ဖြစ်နိုင်ရင် မိမိတို့မြန်မာပြည်ထဲက တော်လှန်ရေးသမားတွေဟာ မိမိကိုယ်မိတာနဲ့ ခလုတ်နိပ်ရင် ချက်ခြင်းပျက်အောင်လုပ်လို့ရတဲ့ နေရာမှာထား ဒါမှမဟုတ်ရင် အဝေးက cloud ထဲမှာ သတင်းအချက်အလက်ကို သိမ်းထားပြီး နိုင်ငံအတွင်းကလူနဲ့ နိုင်ငံပြင်ပ/ လွတ်မြောက်နယ်မြေကလူ နှစ်ယောက်ပေါင်းစကားဝှက်(two factor identification) နဲ့ မှ ဖွင့်လို့ရအောင် လုပ်ထားတာမျိုး ပြင်ထားသင့်ပါတယ်။

မဲလုံးဟာ ကိုဖြိုးဇေယျာသော်မိတာကို ဇောင်းတင်ပြောလိုပေမယ့် သူတို့အဖွဲ့ခံရနေတယ်ဆိုတာကိုဘောမသတင်းသမားအချို့က သူတို့အိမ်မှာ မနေနိုင်ဘဲ အိမ်ပိတ်ထွက်ပြေးနေရတယ်ဆိုတဲ့ သတင်းကပြနေပါတယ်။ မဲလုံးတို့မှာ မိမိကိုဘောမတဲ့ သတင်းသမားကိုတောင် လုံခြုံရေးမပေးနိုင်တာ တွေ့ရပါတယ်။

နောက်စစ်ကိုင်းမှာလဲ ရွာတွေကိုဝင်မွှေ PDF စခန်းငယ်လေးတွေကို မီးရှို့နေပေမယ့် မအလတပ်ဟာလမ်းပေါ်မှာခြုံခိုတိုက်ခိုက်တာ ခံနေရပြီး သေနေဆဲပါ။ ဗျူဟာကြောင့်ဆိုပြီး ဗျူဟာမှူးကိုဖြုတ်အသစ်ပြောင်း အရပ်သားဝတ်စုံဝတ်ပြီး ခြေလျင်တိုက်လဲ အသေအပျောက်က များဆဲပါ။ ယခု PDF တွေဟာ စစ်ကိုင်းမြောက်ပိုင်းမှာ လက်နက်ငယ်လေးတွေ ကောင်းလာပြီး ဖောက်ခွဲတာကလဲ ပိုပြင်းလာနေပါတယ်။ ယခင်က မိုင်းဆွဲရင် ကားလွတ်သွားနိုင်ပေမယ့် ယခုဟာက ကားနဲ့ တင့်ကားအသေးစားအထိပါ စထိလာနေပါပြီ။

ယခုဟာက အချိန်ပါဘဲ။ မအလတပ်ဟာ လူအများစုကို နောက်ပြန်လှည့်မရအောင် လုပ်ခဲ့ပြီးပါပြီ။လူအများစုက အသေခံတိုက်မှရမယ်ဆိုတာကို နားလည်နေကြပါပြီ။ ယခု NUG က ငွေတိုက်စာချုပ်ကနေ ငွေတွေရလာခဲ့ပြီး မြေပြင်က NUG ကို ဩဇာခံတဲ့ PDF တွေကို လက်နက်ထောက်ပံ့လာနိုင်ရင် ဤခရီးက မဝေးတော့ပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 28, 2021

ဦးမြတ်!!!လျှာမှာ အရိုးမရှိသည့်အလျောက် စကားပြော၍ရပါသည်။

ပြောသည့်အတိုင်း လိုက်နာလုပ်ဆောင်ရန်လည်း လိုအပ်သကဲ့သို့ အပြောတွေလျော့၍ အလုပ်နဲ့ သက်သေပြရန်လည်း အထူးလိုအပ်ပါသည်။

စကား စကား ပြောပါများ၊ စကားထဲက

ဇာတိ ပြ။

လူလိမ္မာ့သား ယဉ်ပါး၊ လူမိုက်သား ရမ်းကား ဆိုသည်မှာ ကိုယ် နှုတ်အမူအရာပါ အကြုံးဝင်၍ အမူအရာကိုကြည့်ပြီး ဆုံးဖြတ်ကြပါသည်။

အရာရာမှာ တတ် သည်အထင်နှင့် တော် လေ သလား။ မတော် လေ သလား။

စိစစ်ကြည့်လျှင် သိသာပါသည်။

••တူမီးလက်နက်ကိုင်အဆင့်ကို MI 35သုံး၍ နှိမ်နင်းနေရခြင်း။

~••သွားလမ်းသာရှိ၍ အောင်ပွဲများနှင့်အတူ ပြန်မလာနိုင်တော့ခြင်း။


ကိုယ်ကျင့်သိက္ခါအရာမှာတော့

~မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ညသန်းခေါင်ကျော် အပေါ့စွန့်သော အဖွားတစ်ဦး မိမိအိမ်ဝိုင်းထဲ အပေါ့စွန့်ချိန်မှာ ပစ်သတ်ခံရခြင်း။

~ဒီပဲယင်းမြို့နယ် ညောင်လှရွာတွင် ရဟတ်ယာဉ်မှ ပစ်ခတ်မှုကြောင့် ရွာသား

၁၈ဦးသေဆုံးပြီး အများစု ရွာထဲမှာ ထွက်ပေါက်အပိတ်ခံထားရခြင်း။

~ယခုနောက်ပိုင်း ပစ္စည်းယူရုံမကရွာသားများမွေးမြူထားသော နွား ဝက်များကို စားသောက်ပြီး ကျန်နေလျှင် အခြောက်ခံ၍ ရိက္ခါအဖြစ် ယူဆောင်ခြင်း။

~မီးရှို့၍ ကြွင်းကျန်သော ဆိုင်ကယ်များ၏သံတိုသံစများကို ရွာခံဒလံနှင့်ပေါင်း၍ နီးစပ်ရာမှာ ရောင်းစားခြင်း။

ဝေသာလီပြည် ဘီလူးများနဲ့ ဆင်တူလာသလို (စာမျက်နှာသတင်းများအရ) BLUE အပြာ ဘလူးတွေ ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။

ငယ်စဉ်က ကြားဖူးခဲ့တာ တကယ်ဖြစ်လာခဲ့ပါပြီ။ သစ်ကွင်းထဲမှာ သစ်ဆွဲနေသော ဆင် ၊ ဆင်ဦးစီးကို ပြန်သတ်ပြီဆိုလျှင် အိမ်မှာကျန်ရစ်ခဲ့သော မိန်းမ နောက်ယောကျာ်း တစ်ယောက်နဲ့ ဖောက်ပြန်နေပြီဟူသော အယူ သစ်ထုတ်လုပ်ငန်းတွင်းရှိ(တိုင်းရင်းသားလူမျိုးတစ်စုအပါဝင်)ဆင်လုပ်သားတိုင်း သက်ဝင်ယုံကြည်ကြပါသည်။

ခုလည်း တတ် မတော်သားတွေ ရှေ့တန်းမှာ တဘုံးဘုံးနဲ့ အတုန်းအရုံး ကျဆုံးနေခြင်းသည် ???အဖြေတစ်ခု ရှိပါမည်။


ဇမလ က ပြောပါသည်။

နိုင်ငံတော်ကို ချစ်လျှင် တပ်မတော်ကို ချစ်ပါ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page