top of page
Search

မဲလုံး တူမှသည် ဘုတလင်၊ ပင်လည်ဘူးဂယက်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 12, 2024
  • 1 min read

မဲလုံးဟာ မအလအမာခံဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ မဲလုံးတူက မဲလုံးရဲ့ထောက်ခံချက်နဲ့ ဗိုလ်လောင်းတက်ခဲ့ပြီးတော့ စစ်ထဲဝင်ခဲ့သူပါ။ ဒါကြောင့်သူနဲ့မဲလုံးကြားမှာ အဆက်အသွယ် သံယောဇင်များစွာရှိခဲ့ပါတယ်။ ပထမဆုံးပြောချင်တာကမဲလုံးတူက အဆိုပါဟိုတယ်ထဲကို စစ်ဆင်ရေးသွားတာမဟုတ်ပါ။ ဟိုတယ်ထဲမှာ လူအချို့ကိုသွားဖမ်းပြီးငွေညှစ် ပြီးတော့ ဖာချဖို့သွားတာပါ။ဖြစ်ချင်တော့ဘာမှန်းမသိဘဲ kia နဲ့တိုးပြီး ပိတ်မိသွားတာပါ။ ပုံမှန်ကတော့ kia ကလဲစစ်ဆင်ရေးလုပ်ရင်း တွေ့တဲ့ပုံစံမျိုးမဟုတ်ပါ။ ဒါကြောင့်အစပိုင်းမှာတိုက်ပွဲကသူလိုကိုယ်လိုပါ။ ပြဿနာကအထဲမှာပိတ်မိနေတာက တပ်ရင်းမှူးဖြစ်နေတာရယ် နောက်ပြီးတော့ မဲလုံးတူဖြစ်နေတာရယ်ပေါင်းပြီး မဲလုံးတူက ကြားခံအရပ်သားကို အကြမ်းဖက်ပစ်သတ်တာ၊ လေကြောင်း ပစ်ကူတွေ အခြားပစ်ကူးများစွာနှင့် သူ့ကိုလမ်းပွင့်အောင် ကြောက်ကန်ကန်ပြီး ပစ်ခဲ့ရာက စခဲ့တာပါ။ သူကအစပိုင်းမှာ ဓားစာခံတွေဖမ်းထားတာ ပိတ်ထားတာတွေနဲ့ ခုခံခဲ့ပါတယ်။ kia ကလည်းအထဲမှာပိတ်မိနေသူက တပ်ရင်းမှူးအဆင့်လောက်မှန်းသိနိုင်ပေမယ့် မဲလုံးတူဆိုတာကတော့ နောက်ပိုင်းမှာ သူ့အတွက် ပစ်ကူတောင်းတာတွေကလည်း သာမန်ဗျူဟာစခန်းကြီးကိုခုခံနေတာမဟူတ်ပေမယ့် ထိုကဲ့သို့ ခုခံတဲ့ပုံစံမျိုးအကြီးအကျယ်ပစ်ကူပေးနေတာ ဖရဲသီးသတင်းပို့တာတွေနဲ့ပူးပေါင်းပြီး မဲလုံးတူမှန်းသိသွားပုံပါ။ ပုံမှန်မှာလဲ ဖရဲသီးကမဲလုံးတူက အဆိုပါ ဟိုတယ်ထဲမှာပိတ်မိနေတယ်လို့အတိအကျမသိနိုင်ပါ။ ဒါပေမယ့် လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူရဖို့ တောင်းရာမှာ အဆင့်ဆင့်အမိန့်ပေးချိန်မှာ ပိတ်မိနေသူက VIP မဲလုံးတူဆိုပြီး အဆင့်ဆင့်ပြောရာကနေ ဖရဲသီးကသိပြီး kia ကလည်း ပိတ်မိနေသူဟာ မဲလုံးတူဆိုပြီးသိသွားပုံပါ။

ယခုတော်လှန်ရေးစဖြစ်ထဲက မအလတပ်ထဲကလူပေါင်းများစွာသေပေမယ့် မအလအဝင်းအဝိုင်းနဲ့နီးစပ်သူထဲက ဆွေမျိုးအရင်းခြာခပ်ကြီးကြီးအကောင်ပထမဆုံး‌သေတာပါ။

ဒါက တပ်ထဲက ဘောမတွေအတွက် အင်မတန်

စွံ့အသွားစေခဲ့သလို စစ်ရုံးထဲမှာလည်း ပထမဆုံးဒါကမဲလုံးတူလားဆိုပြီး မသိသူတွေက စုံစမ်းကြပြီး မဲလုံးတူဆိုတာအတည်ပြုပြီးချိန်မှာ အခြားတပ်ရင်းမှူးတို့ဒုဗိုလ်မှူးကြီးတွေအတွေးထဲမှာလည်း မဲလုံးထူတောင်ထိရင် ငါဒို့လဲမလွတ်နိုင်ဘူးဆိုတာက ပိုပြီးထင်ရှားလာစေခဲ့ပါတယ်။

မဲလုံးတောင် မုန့်ဟင်းခါးစားနေရပါပြီ။


နောက်ဆုံးတပ်ထဲမှာတုန်လှုပ်စေတဲ့အခြားအကြောင်းအရာလည်းရှိပါတယ်။ ဒါကတော့ဘုတလင်နဲ့ပင်လည်ဘူးကိစ္စပါ။ အခြားတိုင်းရင်းသားနေရာတွေမှာလဲ စစ်တိုက်နေပေမယ့် ဘုတလင်နဲ့ ပင်လည်ဘူးက PDF နဲ့ ပကဖတွေက အဓိကတိုက်သွားတာပါ။ ဘုတလင်မှာ ခြုံခိုတိုက်ခံရတာက တကယ်အံ့သြလောက်အောင် အသေအပျောက်များသွားခဲ့ပါတယ်။ မအလတပ်စစ်ကြောင်းပျက်တာဟာ mndaa၊ kia တို့နဲ့တိုက်ရင်ဖြစ်နိုင်ပေမယ့် သိပ်အထင်မကြီးထားတဲ့ pdf ကအညာမြေကတိုက်လိုက်ပြီးတော့ စစ်ကြောင်းပုံပျက်သွားတာက နမခတစ်ခုလုံး တုန်လှုပ်သွားစေခဲ့ပါတယ်။ မဇ္ဇိမနဲ့အင်တာဗျူးကိုကြည့်ပြီး သူတို့စစ်ကြောင်းထွက်တာပြင်ဆင်တာတွေကို ပုံစံပြောင်းတာတွေကိုပြန်လည်လုပ်နေပါတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်တော့တိုက်တဲ့အဖွဲ့တွေထဲကဘယ်အဖွဲ့ကပဲဖြစ်ဖြစ်သတင်းသမားတွေနဲ့ဘယ်လိုတိုက်တယ်ဘာညာအသေးစိတ်ကိုမပြောကြစေလို့ပါ။ ကောင်းကျိုးတဲ့ဆိုးကျိုးဖြစ်ဖို့သာများပါတယ်။ တိုက်လိုက်လို့ဘယ်နှစ်ယောက်အသေရတယ်ဘယ်နှစ်ယောက်အရှင်ဖမ်းမိတယ်။လက်နက်ဘယ်လောက်ရတယ်ဆိုရင်ရပါပဲ။ အသေးစိတ်ဘယ်လိုတိုက်တယ်ဘာညာမပြောပြသင့်ပါ။

ပင်လည်ဘူးကိစ္စကတော့ မအလက ထိုးစစ်ဆင်ပြီး NUG ထံက ပြန်သိမ်းထားတဲ့မြို့ပါ။ အဆိုပါမြို့ထဲမှာ ပျူကဲ့သို့ သစ္စာဖောက် SNA တပ်ဖွဲ့တွေလဲ ရှိပါတယ်။ SNA တပ်၊ ရိုတပ်၊ အောင်ခမ်းထီတပ်က စစ်ခွေးတပ်နဲ့ဘာကွာလဲဆိုတော့ သူတို့က လူမျိုးစွဲ၊ ဘာသာစွဲနဲ့ အသေတိုက်တာပါ။ အထဲကခံစစ်က တပ်မတစ်ခုစာရှိပါတယ်။ ယခင်ကလို မအလက လူမရှိလို့ ရှုံးသွားတာမဟုတ်ပါ။ ဒီပွဲမှာ NUG အောက်က ယင်းမာပင်ကအစ တပ်ရင်းများစွာ၊ ဗျူဟာများစွာပါခဲ့ပြီး အဝေဖန်ခံရဆုံး ပကဖတွေလဲ ပါဝင်တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ မန္တလေး PDF လို အခြား ERO တွေနဲ့ ဆက်စပ်မှုနည်းပြီး ပင်လည်ဘူးစစ်ဆင်ရေးက NUG ရဲ့ ထောက်ပို့၊ စစ်ဗျူဟာတွေကို ချပြတိုက်ခိုက်သွားတဲ့ တိုက်ပွဲတစ်ခုပါ။ ဒီကနေ ဒေသခံ NUG အောက်က PDF တွေကို အတွေ့အကြုံများစွာ ပေးသွားမှာဖြစ်ပြီး ဘုတလင်နဲ့ ပင်လည်ဘူးက အောင်ပွဲများစွာရဲ့ အစပါ။

အကျဉ်းချုပ်ရရင်တော့ ယခုမဲလုံးတူကိစ္စက တော်လှန်ရေးဟာ မဲလုံးနားထိရောက်လာပြီဆိုတာကိုထင်ထင်ရှားရှားပြသလိုက်တာပါ။ မဲလုံးအိမ်မှာလဲမုန့်ဟင်းခါး စချက်ရပါပြီ။ ပြည်သူတွေအနေနဲ့လဲ အနောက်မျှော် တရုတ်မျှော် ကုလမျှော်တာကိုလျှော့ပါ။ အခြားတိုင်းရင်းသားအဖွဲ့အစည်းတွေမျှော်တာကိုလည်းလျှော့ပါ။

သူတို့ကသူတို့နယ်လောက်တိုက်ပြီးသိမ်းရင်ကိုကျေနပ်လိုက်ပါ။ သူတို့က သူတို့နယ် သူတို့တိုက်မသိမ်းဘဲ မမဆောင်းလိုသိမ်းမလိုလို မသိမ်းမလိုလို အာချောင်နေရင်သာ ကျေးဇူးတင်ရမလိုလို ဆဲရမလိုလိုဖြစ်နေမှာပါ။ အားလုံးသတိထားရမှာကတော့မိမိတို့ pdf NUG အောက်က PDFကိုသာလှူပြီး NUG အားကိုတည်ဆောက်ပေးဖို့ပါ။ ဖယ်ဒရယ်ထဲက လက်နက်ကိုင်အဖွဲ့တွေက ဖယ်ဒရယ်သဘောအရ သူတို့အင်အားသူတို့ တည်ဆောက်ပါစေ။ ဝင်မစွက်မိပါစေနဲ့။ မိမိကိစ္စလာစွက်ရင်တော့ ပြတ်ပြတ်သားသား ဆန့်ကျင်ပါ။ လူတိုင်းမိမိအလုပ်မိမိလုပ်ကြပါ။ စစ်တိုက်နေသူကလည်းစစ်သားအလုပ်ကိုလုပ်ပါ။ နိုင်ငံရေးထဲမှာယူနီဖောင်းနဲ့ မအလလို ဝင်မပါမိပါစေနဲ့။ မဟုတ်ရင်သင်တို့အားလုံးမအလလိုဖြစ်သွားပါလိမ့်မယ်။ အောင်ပွဲက လက်တစ်ကမ်းမှာဖြစ်ပြီး မိမိအလုပ်မိမိလုပ်ခြင်းဖြင့် တော်လှန်ရေးကို အနိုင်တိုက်နိုင်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page