top of page
Search

မဲရုံကို သွားကြစို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 28, 2020
  • 1 min read

၂၀၁၅ မတိုင်ခင်ကတော့ အဘတို့က အသေနိုင်မယ်လို့ တွက်ခဲ့တာပါ။ ဒါကြောင့် သူတို့အချင်းချင်း ထချကြတာပေါ့။ ဒါအပြီးမှာတော့ အဘတို့တွက်တာက ငါတို့ ဖွတ်နာမည်ကြောင့် မဲမရတာဆိုပြီး ပါတီပွါးလေးတွေ ထောင်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေကို မြှောက်ပေးပြီး NLD က လွဲပြီး ဘယ်သူ့ပေးပေး ပုံစံနဲ့ လုပ်ပါတယ်။ ချောင်းဆုံနဲ့ ရှမ်းပြည်၊ ရခိုင်ပြည်ဘက်မှာ အောင်မြင်သင့်သလောက်အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဖွဲ့လောက်အောင်တော့ မအောင်မြင်နိုင်တာ သူတို့သိပါတယ်။သူတို့ဟာ ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မယ်တွေ၊ NLD ကထွက်လာတဲ့ ပညာတတ်အချို့ကို မီဒီယာအားနဲ့ မြှောက်ပေး၊ ဖွတ်ပါတီကလဲ ဝင်မပြိုင်ဘဲ ဟပေးထားပြီး ကြိုးစားကြည့်ပါတယ်။ အဲ့ဒီမှာလဲ သူတို့ရှုံးတယ်ဆိုတာ သိသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မဲပေးသူနည်းတာကို သတိထားမိပြီး မဲပေးသူနည်းရင် NLD နိုင်ခဲ့ရင်တောင် တရားဝင်မှုနည်းအောင် ကြိုးစားတာပါ။ ဒါနဲ့ပတ်သက်လို့ “No Vote မဲမပေးရေး ဘာကြောင့် လှုပ်ရှားနေလဲ”ဆိုပြီး https://www.myattunoo.com/post/no-vote-မ-မပ-ရ-က-ဘ-က-င-လ-ပ-ရ-န-လ ဆောင်းပါးရေးခဲ့ပြီးပါပြီ။


ဒီနေရာမှာ မဲမပေးဖို့ လှုပ်ဆော်သူတွေကို လေ့လာရအောင်။ ပထမ သတင်းဌာနတစ်ခုက ဗျူးထားရာမှာ အဆိုပါလူက ပါတီတွေ အချင်းချင်း ရန်ဖြစ်နေလို့ ပူးပေါင်းမလုပ်ကြလို့ မဲမပေးဘူးလို့ ဖြေသွားခဲ့ပါတယ်။ ဒါကဖွတ်လေသံပါ။ ပါတီပါဆိုမှတော့ မူဝါဒချင်း မတူကြပါ။


နောက်အုပ်စုက မန္တလေးက ကျော်ကြီးလို အစိုးရကို ဝေဖန်လာတဲ့ စစ်ဖွတ်အနွယ်များပါ။ ကျော်ကြီးဟာ ဒီမိုအစိုးရတက်လာကထဲက မကောင်းပြောလာသူပါ။ တစ်ပူးက ဖြိုးဝေလိုပေါ့။ သူတို့ဟာ ဒီမိုအစိုးရကို ဆန့်ကျင်ပြောဆိုလာလို့ NLD ကို မဲမထည့်မှာ နဂိုကထဲက သေချာပါတယ်။ သူတို့က ဖွတ်နဲ့ဖွတ်အောက်ဆွဲပါတီတွေကို ထည့်မှာဖြစ်ပေမယ့် NLD ကို မဲထည့်ဖို့ ပြင်နေသူများကို ထင်ရောင်ထင်မှားဖြစ်အောင် လုပ်တာပါ။ တကယ် မဲမထည့်စေချင်ရင် တပ်မတော်သားတွေကို မဲသွားမထည့်အောင်သာ စည်းရုံးပါ။


တတိယအုပ်စုက ထွန်းအိန္ဒာဗိုလ်လို ခရိုနီအနွယ်တွေပါ။ ယခင်က NLD က အခွင့်အရေးပေးမလားလို့လာကပ်ပြီး ဘရွှေမြေးထံကလောက်တောင် အခွင့်အရေးမရလို့ ပယ်မဲဖြစ်အောင်လုပ်တာပါ။ သူ့အစ်မရဲ့ PPP ပါတီက ဘယ်လိုမှ မနိုင်မှန်းသိလို့ လူတွေကို အဖျက်သဘောနဲ့လုပ်တာပါ။ အခြားသူများကရွေးစရာပါတီမရှိလို့ဆိုရင် ထားလိုက်ပါ။ သူ့အနေနဲ့က မိမိရဲ့ အစ်မရင်းပါတီ PPP ကို မဲပေးပါလို့ ဆွယ်လိုက်ရုံပါ။ ယခုကသူတို့ရှုံးမှာသိလို့ နိုင်တဲ့သူကို တပ်ချုပ်မအလပြောထားတဲ့အတိုင်း မဲလာပေးသူနည်းရင် အနိုင်ရမှု တရားမဝင်အောင် လုပ်နေတာပါ။ သူလိုလူမျိုးက မိမိအစ်မကိုယုံရင် မိမိအစ်မရဲ့PPP ပါတီကိုယုံရင် PPP ကို မဲပေးပါလို့ ဒဲ့မဲဆွယ်လိုက်ရုံပါ။

အဆိုပါ မဲမပေးရေးလှုပ်ရှားသူတွေကို လေ့လာကြည့်ရာမှာသူတို့ဟာ ၂၀၀၈ ခြေဥတုန်းက မဲမပေးဖို့ မလှုပ်ရှားခဲ့သလို ၂၀၁၀ မှာလဲ ဘာမှမလှုပ်ရှားခဲ့၊ ၂၀၁၅ မှာလဲ မလှုပ်ရှားခဲ့ပါ။ ဒါကြောင့် သူတို့အသံဟာစစ်တပ်ကမြှောက်ပေးလို့ ကျယ်လာတာ ထင်ရှားပါတယ်။ ဒီမိုစစ်စစ်နဲ့ မူအရလုပ်တာဆိုရင် ၂၀၀၈ နဲ့၂၀၁၀ တုန်းက ဘာကြောင့် မလှုပ်ရှားခဲ့လဲ?

နောက်အဆိုပါ မဲမပေးရေးလှုပ်ရှားသူတွေကို လက်ရှိရွေးကော်ဥပဒေ ပုဒ်မ ၆၀ နဲ့ ပုဒ်မ ၆၁ တွေအရအရေးယူလို့ရပါတယ်။ စာဖတ်သူများလဲ အဆိုပါလူများကိုတွေ့ရင် မှတ်ထားပါ။ လိုအပ်ရင် တိုင်လို့ရပါတယ်။ နာမည်ကြီးသူ တစ်ယောက်လောက်ကို တရားစွဲထောင်ချလိုက်ရင် အပိုးကျိုးသွားမှာပါ။


ပြည်သူတွေအနေနဲ့က လာလုပ်ရမလဲ? ဖွတ်နဲ့ မအလက ပြည်သူတွေကို မဲမပေးစေချင်ရင် မဲရုံကိုသွားပြီး ငါတို့ဟာ ဘယ်ပါတီကို ထောက်ခံတယ်ဆိုတာ ရဲရဲကြီး ပြလိုက်ပါ။ မဲရုံကိုသွားပြီး စစ်အာဏာရှင်ရဲ့နောက်ဆုံး ဒေါက်တိုင် ခရိုနီတွေ၊ မိုးကျတွေ၊ စစ်အာဏာရှင်တွေကို တိုက်ထုတ်ကြပါစို့လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


naynanmyint629395
naynanmyint629395
Jul 29, 2020


Like

Myint Soe Oo
Myint Soe Oo
Jul 29, 2020

ဦးမြတ် !

လာချင်လျှင် အနီးလေး

မလာချင်လျှင် ခရီးဝေး။

(ရှေးဗမာများ၏ ရိုးရာစကားပုံ)


<<<<<<<<<<>>>>>>>>>>>>>


အဖြူ အမဲ မလွဲစေရန်


ပယ်မဲကို စွဲ သမို့

လိုရာကို ဆွဲ

အပယ်ဆင်းရဲ သိက္ခာ မွဲ

လူမှန်များရဲ့ရင်မှာ

သူ့တို့အမည်သည် အပယ်အမဲ

နိမ့်ကျ အရှက် ကွဲ။

ဆန္ဒ. နှင့် လူ

လူ နှင့် ဆန္ဒ

ဆန္ဒဆောင်ရာ လိုက်ပါရ။

ဆန္ဒအမှောင် ရှေ့ဦးဆောင်လျှင်

ယုံကြည်ရာ အလင်း

ပျက်ယွင်းဆုတ်ယုတ် နိဂုံးချုပ်၏။


အသဲကြားက. မဲ တစ်ပြား

ဆန္ဒမဲ

ခေါ်ဝေါ်သုံးစွဲ။

ရင်ထဲက အဖြေ သဲကွဲ

ဆန္ဒ မဲ။


ဆန္ဒဦးဆောင် ကိစ္စမှန်သမျှ အောင် ( ဆန္ဒဝတော ကိံနာမ. ကမ္မ. န. သိဇ္စျတိ) မြတ်ဗုဒ္ဓ၏ အဆုံးအမ။


ဆန္ဒ ဖြူလျှင် တိုင်းပြည် ထူ မည်။

ဆန္ဒ မဲလျှင် တိုင်းပြည် မွဲ မည်။

အမျိုး ဘာသာ သာသနာ

ပြည်သူ့ဆန္ဒ အတိုင်းသာ

စေတနာဖြူသူ အို ! ပြည်သူတို့

အနာဂါတ်ရင်သွေး အရေး

အသင်ပြည်သူ ကြိုက်ရာ ရွေး။

မျိုးဆက်သစ် အခင်းအကျင်းအတွက်

ရင်နှလုံးအသဲကြားက

သင့် ဆန္ဒမဲ တစ်ပြားကို

ဉာဏ်နှင့် ချဥ်းကပ်ကစားကာ

ပွဲတော်မဟာအခင်းသို့

မိမိဆန္ဒမဲ ပေးဖို့

နည်းလမ်းမှန်ဖြင့်

ချဥ်းနင်း ဝင်ရောက်ကြပါစို့။


အမှန်မြင်၍

အမြင် မှန် နိုင်ကြပါစေရန်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page