top of page
Search

မိမိအလုပ် မိမိလုပ်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 11, 2020
  • 1 min read

ပါတီဥက္ကဌဆိုတာက ဆေးဖြန်းတဲ့လူမဟုတ်ပါဘူး။ ဆေးဖြန်းမယ်ဆိုရင် ဆေးဖြန်းတဲ့လူလို ကြိုတင်ကာကွယ်ရေးဝတ်စုံဝတ်ပြီး စနစ်တကျ ဖြန်းရပါတယ်။

အရေးကြီးတာက မိမိအလုပ် မိမိလုပ်ဖို့ပါ။ ပါတီဥက္ကဌဆိုတာက မိမိပါတီရဲ့ တန်ဘိုးကို ပထမတစ်ခုသာပြောနိုင်ပြီး အခြားဟာတွေကို စာရွက်ပြန်ကြည့်မယ်ဆိုတာက ပါတီဥက္ကဌအနေနဲ့ မေ့စရာကိစ္စမဟုတ်ပါ။


ပါတီဥက္ကဌဆိုတာက ကာရာအိုကေဆိုဖို့ထက်တော့ အလုပ်ပိုမယ်ထင်ပါတယ်။

ဒေါက်ခိုင်ကိုပြောလိုတာက တစ်ကွင်းလုံးပတ်မကန်ပါနဲ့လို့ ပြောပါရစေ။ အချို့နေရာတွေမှာ ဆေးဖြန်းတာလောက်က ဒုဥက္ကဌ ဦးကျော်ဇေယျဖြန်းလဲရပါတယ်။ ဒုဥက္ကဌကြီး ဦးပိုင်တုန်းကလို ဆေးတွေကြားထဲက ဖြတ်ဝုန်းမှာစိုးလို့ ကိုယ်တိုင်ဖြန်းရင်တော့ မပြောတတ်ပါ။

တစ်သင်းလုံးကန်ပါ PPP လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

4 Comments


naynanmyint629395
naynanmyint629395
Oct 12, 2020

ဒုဥက္ကဌကြီး ဦးပိုင်တုန်းကလို ဆေးတွေကြားထဲက ဖြတ်ဝုန်းမှာစိုးလို့ ကိုယ်တိုင်ဖြန်းရင်တော့ မပြောတတ်ပါ။


ဒီ စာကြောင်းလေး ကိုသ ဘော

ကျ လှ သရှင် 😂😂😂😂😂

Like

naynanmyint629395
naynanmyint629395
Oct 12, 2020

ဒုဥက္ကဌကြီး ဦးပိုင်တုန်းကလို ဆေးတွေကြားထဲက ဖြတ်ဝုန်းမှာစိုးလို့ ကိုယ်တိုင်ဖြန်းရင်တော့ မပြောတတ်ပါ။


ဒီ စာကြောင်းလေး ကိုသ ဘော

ကျ လှ သရှင် 😂😂😂😂😂

Like

naynanmyint629395
naynanmyint629395
Oct 12, 2020

DASSK အ မှိုက် ကောက်ပြတာ

က တကယ့် လူ့ဘောင်ရဲ့ အခြေခံ

စည်း မျဥ်း တခု ကိုမြန်မာနိုင်ငံသားအများစု က လိုက်နာမှု မရှိသ

လောက်မို့ နမူနာပြ ရတာပါ ။


(ပြည်ပ နိုင်ငံများလို recycle ဘာညာတောင် မလုပ်နိုင်သေးပါ)


ဒေါ်စု က သူဖြစ်စေချင်တာကို

နမူနကောင်းပြတာပါ

Sociology နားမလည် သူများတော့ ဟားတာပေါ့လေ။

ဒေါ်စု က ပညာရှင်များကိုတန်ဖိုးထားနေရာပေးတာဟာ

ဒီ Covid pendamic မှာ ပိုထင်ရှားလာပါတယ် ။

ကျန်းမာ ဝန်ကြီး က တားလို့

​သူမ မဲဆန္ဒ နယ် ခရီးစဥ် ကိုဖျက်

ပြလိုက်ထာဟာ နမူနာ ယူရမဲ့

ကိစ္စပါ ။


ဆေးဖြန်းပြတဲ့ ဥက္ကဌ တော့

ကိုယ့်နေရာကိုယ် မနေဘူး


ပညာရှင် ကို တန်ဖိုးမထား ဘူး

လူသိအောင် လူ မြင်စေ ချင်တဲ့

ဇော ကပ်နေတာ သိသာနေပါတယ်

Like

Myint Soe Oo
Myint Soe Oo
Oct 11, 2020

ဦးမြတ် ! စကားပုံလေးနဲ့ စ ကြရပါစို့။

*** ဝစီဘေဒ. ထိတိုင်း ရှ***

စေတနာ မစေ့ဆော်ပဲ ဝစီကံ၊ကာယ ကံ မဖြစ်ပါ။

စေတနာဖြူရင် နုတိထွက် ဝစီ ကံဖြူပြီး ဖြူတဲ့ အကျိုးပေးရပါသည်။

စေတနာ မွဲရင်တော့ ဝစီကံ၊ ကာယကံတွေ မဲပြီး အကျိုးပေး မလှ မပ ခံစားရပါသည်။

စေတနာ ဇော ရှိပါသည်။

ပထမ ဇော(အားကောင်းလွန်းရင်)

ယခုခဏ ပစ္စက္ခတ်မှာ အကျိုးပေးပါသည်။

သတ္တမဇော=ဒုတိယဘဝ အကျိုးပေးပါမည်။

အလယ်ဇော ငါးချက်=တတိယဘဝမှ နိဗ္ဗာန်(ခန္ဓာ မချုပ် မငြိမ်းသေးသမျှ)ရသည့်ဘဝတိုင်အောင်

အကျိုးပေးပါလိမ့်မည်။

ငြင်းမရ သာဓက(သာဓက၁)

ဟင်းချက်ဖို့ အသားငါး တုံးတစ်နေတုန်း အသားစကို ခွေးကြောင်က ဆွဲသွားတဲ့အခါ ဒေါသအားကြီးကြီး(ပထမဇောသန်သန်)နဲ့ နီးရာဝတ္ထုနဲ့ ပစ်ပေါက်လိုက်တဲ့အခါ လက်မောင့်း အောင့်တာ၊ နာတာတွေ ချက်ချင်း ခံ ရတာ၊ဒေါသဇောကြောင့်ပါ။ဒါတောင် ကျုးလွန်ခံရတာက အဟိတ် ( ပညာဉာဏ် မဲ့သော)တိရစ္ဆာန်နော်။ ကိုယ်ကျုးလွန်လိုက်တဲ့ ကျုးလွန်ခံ လူသားဟာ ကျုးလွန်သူထက် သီလ ၊ သမာဓိ ၊ ပညာ(ဝိပဿနာဉာဏ်ပညာ /လောကုတ္တရာမဂ်ဉာဏ် ပညာများ ကိန်းနေပြီး)သာလွန်နေရင်တော့ --------------------------------အနန္တ အကျိုးပေး။


သာဓက(၂. )

ဗုဒ္ဓဘုရားရှင် နုစဥ်ကာလက ဆွမ်းဘုဥ်းပေးနေသော ရဟန်းတော်များ၏ ဆွမ်းကိုကြည့်ပြီး

***ဆွမ်းကြမ်းစားတဲ့ ရဟန်းတွေ***။ဝစီနှုတ် မြွက်မိခဲ့တာ

ဘုရားရှင်ဖြစ်စဥ်မှာပင် မြင်းစားဂျုံကြမ်းကို (အရှင် အာနန္ဒာ သင့်လျော်အောင် ပြုပြင်စီရင်မှုဖြင့်) ဘုဥ်းပေးသုံးဆောင်တော်မူခဲ့ရပါသည်။

##စေတနာစေ့ဆော်လို့ပေါ်လာတဲ့

ကံအကျိုးပေး#ကို တန်ခိုးနဲ့ တားမရ ဆိုသောအချက် မှတ်သားဖွယ်ပါ။


¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿¿


**တစ်ကွင်းလုံး ပတ်ကန်နေရ**

ဝစီကံမှာ ပထမဇောကောင်းခဲ့လွန်းလို့ လက်တွေ့ပါပဲ။ဒီကံတွေက ခန္ဓာဇာတ် မသိမ်း မချင်း ----->

သံဝေဂ ရဖွယ်ပါ။

ကွာခြားပါသည်။

သာမန်မျှနှင့် ပညာရှိ၊ ပညာတတ်နှင့်။…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page