top of page
Search

များများလှူ မြန်မြန်ရ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 9, 2021
  • 1 min read

ယခုအချိန်မှာ စစ်ပွဲအခြေအနေကိုမေးရင် ပြည်သူ့တပ်မတော် PDF က မအလတပ်ကို နိုင်နေပါတယ်လို့ ပြောပါရစေ။ ဒီနေရာမှာ အမေရိကန်တပ်က အီရတ်ဝင်သိမ်းတဲ့ပုံစံမျိုးနဲ့မကြည့်ဘဲမြန်မာပြည်ရဲ့ ပြည်တွင်းစစ်အသေအပျောက်နှုန်းနဲ့ ကြည့်ရမှာပါ။ စာရေးသူတို့ ဒီမိုအစိုးရမှာဖေဖော်ဝါရီ (၁) ရက်နေ့အထိ တပ်မရှိခဲ့ပါ။ ယခုအချိန်မှာ ပြည်သူတိုင်းက PDF ဖြစ်နေပါတယ်။ရွာတွေကို မအလတပ်က ကြောက်အောင်မီးရှို့ခဲ့ပေမယ့် မီးရှို့ခံရသူက ဖက်ဆစ်တပ်ကို မကြောက်တဲ့အပြင် တပ်စွဲထားတဲ့နေရာကို ပြန်လာသတ်တဲ့အထိ ခံစားချက်က ပြင်းသွားကြပါပြီ။ပြည်တွင်းစစ် ဆယ်နှစ်အတွင်း မအလတပ်သေစာရင်းထက် ယခုရှစ်လအတွင်းသေသူက ပိုများနေပါတယ်။ စစ်တပ်ထဲမှာ သွေးသွင်းဖို့တောင် မလောက်ပါ။

ဒါဆိုဘာလိုနေလဲ? မုန်းဟင်းခါးက တစ်ပွဲကို ၆ သောင်းကနေ တစ်သိန်းအထိ ကုန်ကျပါတယ်။စာရေးသူတို့လူမျိုးက မိမိဖာသာတောင် လက်နက်ထုတ်နေကြပါပြီ။ PDF က များလွန်းလို့ NUG က အဖွဲ့တိုင်းကို ထောက်ပံ့နိုင်ဖို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ပြည်သူကသာ ထောက်ပံ့ရမှာပါ။

စာရေးသူတို့ကြောက်နေရင် ကြာနေပါမယ်။ စစ်ကားတွေ စစ်သားတွေနဲ့ ဝေးဝေးမှာနေပါ။ရပ်ကွက်ရုံးနားသွား၊ စစ်ကားနားသွားပြီး သေမှမငိုပါနဲ့။ ရှောင်သင့်တဲ့နေရာရှောင်ပါ။ ပြည်သူတွေအနေနဲ့က မရှိလို့မလှူရင် ဒီမိုကရေစီနဲ့ ဝေးနေပါမယ်။ များများလှူရင် ဒီမိုကရေစီ မြန်မြန်ရပြီးနောက်ဘဝအထိမစောင့်ရဘဲ ဒီဘဝမှာတင် မအလငရဲသားအောက်မှာ မနေရတဲ့ အကျိုးခံစားရမှာပါ။ များများလှူရင် နိဗ္ဗာန်နဲ့တူတဲ့ ဒီမိုကရေစီ ဖယ်ဒရယ်နိုင်ငံတော်ကြီးကို မြန်မြန်ရောက်မှာပါလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Oct 09, 2021

ဦးမြတ်! ဘာသာဝင်အများစုသည် အလှူလှူရာဝယ် လူနတ်နိဗ္ဗာန် ချမ်းသာသုံးရပ်

ရရှိစေရန် ရည်သန်ကြပါသည်။ ပစ္စုပ္ပန် ဘဝ ကောင်းစားရေးကိုလည်း ထည့်သွင်းရည်မျှော်ကြပါသည်။


Like

Myint Soe Oo
Myint Soe Oo
Oct 09, 2021

လှူလျှင် လူနတ်နိဗ္ဗာန် ချမ်းသာသုံးရပ် ရရှိ၏ ဟူ၍ သက်ဝင်ယုံကြည်ကြသည့်အတိုင်း လှူဒါန်းရာဝယ် စိတ်အားထက်သန်ကြပါသည်။ပစ္စုပ္ပန်နှင့် တမလွန် ဘုံ ဘဝ ကောင်းစားရေး အဓိကရည်မှန်း လှူဒါန်းသည်က များကြပါသည်။ သို့‌ပင်လှူငြားသော်လည်း အဖက်ဖက်မှာ အညှိုးညှိုးဖြင့် ကပ်သုံးပါးလည်း မလွတ်၊ ရန်သူမျိုးငါးပါးဒါဏ်ပါ ခံစားနေရပါသည်။ ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်အပ်သောသူ။ ယခု မျက်မှောက်ကြုံတွေ့နေရသော ဆင်းရဲမှု အစုသည်

မင်းဆိုး ခိုးသူ မချစ်မနှစ်သက်အပ်သောသူ တို့ကြောင့်ဖြစ်ပေါ်နေရသည်မှာ ငြင်းကွယ်မရသော အဓိကအခြေခံအကြောင်းတရားများဖြစ်ပါသည်။သည်အကြောင်းတရား သုံးရပ်ကို မဖယ်ရှားနိုင်သမျှ ကပ်သုံးပါး ဘေးမှ ပြေးမလွတ်ကြောင်း ထင်သာမြင်သာလှပါပြီ။အကြောင်းမကောင်းသောကြောင့် အကျိုးမကောင်းနိုင်ပါ။ အကျိုးကောင်းလိုချင်လျှင် အကြောင်းဆိုးကို ပယ်သတ်ရပါသည်။

လှုဒါန်းသည့် အကြောင်းတရားပေါ်ဝယ် ဂုဏ်ဆာမှု မပါဝင်ဖို့လိုပါသည်။ ဂုဏ်ဆာနေသမျှ ဆင်းရဲဝဋ်မှ မကျွတ်နိုင်ပါ။

အမျိုး ဘာသာ သာသနာ အကျိုးကောင်းဖို့ ကောင်းကျိုးဆောင်ရွက်သူများ ပေါ်ထွက်ရန် အထူးလိုအပ်ပါသည်။

ယခုကာလ အ‌ေြခခံတောင်သူလယ်သမားများ အဆင်မပြေလှပါ။ စပါးနှင့် သီးနှံဈေးတွေကျ ဈေးမရသောကြောင့် အခြေမလှကြရသည်က များပြားပါသည်။အမျိုးတို့ တညှိုးညှိုးဖြင့်။ ရဟန်းသံဃာအများစုသည် အခြေခံတောင်သူလယ်လုပ်မိသားစုမှ ပေါ်ထွက်လာရပါသည်။ယခုခါ စာသင်တိုက်အသီးသီးဝယ် စာသင်သားငယ်ငယ်များရှားပါးလာမှုသည် တောင်သူလယ်လုပ်မိသားစု နွမ်းပါးမှုနှင့် တိုက်ရိုက်အချိုးကျ အခြေခံပါသည်။စာသင်သားကိုရင်ငယ်များပါမှ အနာဂါတ်သာသနာ လန်းဖြာပါမည်။

ယနေ့မျက်မှောက် စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဝင်နေကြသူအများစုသည် အခြေခံလူသားများဖြစ်ကြပါသည်။ဟိုတလောဆီက ကောက်စိုက်ပျိုးနှုတ် နှမ်းခါ ပဲဆွတ်ကြသည့် လက်ပိုင်ရှင် အမျိုးသမီးများပင်ပါဝင်လာကြပါပြီ။

အကျိုးကောင်း မရသဖြင့် အဆိုးအပေါင်းကို တိုက်ခုတ်မှသာရပေအံ့့ ဟူသော အတွေးအမြင်တွေရရှိလာကြပါပြီ။ မြိုကြီးနေပြည်သူ အားလုံး တစ်ယောက်တိုင်းစီမှာလည်း ဤအယူအဆ ကိန်းဝပ်မှသာ အနာဂါတ် အမျိုး ဘာသာ သာသနာ မညှိုးမှိန်မှာဖြစ်ပါသည်။

သို့ပါ၍ အနာဂါတ် သုခချမ်းသာ အကျိုးကောင်း လိုအပ်သူမှန်သမျှ အကြောင်းကောင်းတရားများကို ဖန်တီးယူ တိုက်ပွဲဝင် ပီဒီအက်ဖ်အပေါင်းကို မိမိတို့တတ်နိုင်သမျှသော စွမ်းပကားအရ အလှုငွေများကို ချိတ်ဆက်လှူဒါန်းကြပါရန် ပစ္စုပ္ပန်ဘဝချမ်းသာရေးရည်မျှော်၍…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page