top of page
Search

များများပစ်ရင် မြန်မြန်ပြုတ်ပါမည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 26, 2021
  • 1 min read

ဘင်္ဂါလီတွေ အသေခံပြီးရဲစခန်းကို ဝင်စီးတယ်။ အလွန်အကျွံပြန်လုပ်တယ်။ ယခုမအလဟာ ICJ နဲ့ICC ရောက်သွားခဲ့တယ်။ ICC ဟာ ကိုဗစ်ကိစ္စပြီးရင် မအလကို ဖမ်းဝရမ်းထုတ်ဖို့ သေချာတယ်။အလွန်ဆုံး ၂၀၂၂ နောက်ဆုံး ဖမ်းဝရမ်းထုတ်မှာပါ။ယခုအာဏာသိမ်းတော့ ပိုမြန်သွားမယ်။


ရခိုင်မှာ အရပ်သားတွေကို ရမ်းပစ်တယ်။ ဒီမိုအစိုးရလိုလိုနဲ့ ရခိုင်တွေနဲ့ တိုက်ပေးခဲ့တယ်။ အဲ့ဒီလိုကချင်၊ကရင်မှာ ပစ်ခဲ့တာ ဒီမိုအစိုးရ မတက်ခင်ကထဲက။ ဟိုက သူ့ရဲကို ပစ်သတ်တယ်၊ သူနဲ့ပေါင်းတဲ့ရပ်ကျေးထွေအုပ်ကိုသတ်တယ်၊ ပစ်မိန့်ပေးတဲ့ မြောက်ဦးမြို့နယ်ထွေအုပ်ကိုသတ်တယ်။ တပ်ရင်းမှူးမိန်းမတွေကိုသတ်တယ်။ တပ်ရင်းမှူးကို ဖမ်းတယ်။ နောက် စစ်သားနှစ်ယောက်ကို ICC ပို့လိုက်တယ်။ဘယ်စစ်သားမှ ရခိုင်မသွားရဲဘူးဖြစ်သွားတယ်။ ယခုက ပြည်မမှာပစ်နေလို့ ခဏရပ်ထားလိုက်တာ။

ယခုပြည်မမှာ ခပ်စိတ်စိတ်ပစ်လာတာ တွေ့နေရပြီ။ ပထမ သူတို့နေရာကို စည်းတားတယ်။ ပြည်သူကမကျော်ဘူး။ နောက် စည်းကိုတစ်ဖြေးဖြေး ပြည်သူသွားမရအောင်ပိတ်လာတယ်။ မနေ့က တာမွေမှာက စံပြလုပ်ပြထားတာ။ ပြည်သူက သူ့ရဲမရှိချိန် သူခန့်တဲ့ ထွေအုပ်ကို ကြိုက်တာလုပ်လို့ရတယ်။ သူ့ကား၊ သူ့အိမ်၊ သူ့မိသားစု။ မအလခန့်တဲ့ ထွေအုပ်တွေလဲ သူထို့ထဲကတစ်ယောက်လောက် ထိခဲ့ရင်ကြောက်သွားမယ်။


နောက်ရက်တွေမှာ ပြည်သူတွေက သူ့ကိုဘယ်လောက်အာခံမလဲအပေါ်မှာ မူတည်ပြီးတော့ တိုင်းပြည်အနာဂတ်က အဆုံးအဖြတ်ပေးသွားမှာပါ။ ပြည်သူအများကြီးက ပစ်တဲ့ကြားက မကြောက်ဘဲ ထွက်ဆန္ဒပြခဲ့ရင် သူ့အနေနဲ့ များများပစ်မလား ဆန္ဒပြတာကို လက်ခံမလား စဉ်းစားရမှာပါ။


ဒီနေရာမှာ မဲစာရင်းမစစ်လို့ အာဏာသိမ်းတာဆိုသူများ ပိုဆူရင် စစ်အုပ်ချုပ်ရေးဖြစ်မယ်ဆိုသူများကိုပြောလိုပါတယ်။ယခုအာဏာထိန်းထိန်းသိမ်းသိမ်း မအလက အုပ်ချုပ်နေတာပါ။ ပြည်သူအတွက်သန်းခေါင်ထက်ညဉ့်မနက်ပါ။ မအလရှိရင် အနာဂတ်မရှိပါ။ အဆိုပါ အလိုတော်ရိများကတော့ မိမိအမေ မိမိသမီးကို မအလက မုဒိမ်းကျင့်ရင်တောင် အမေတို့ သမီးတို့ မဝတ်တတ်လို့ အဘက မုဒိမ်းကျင့်တာဆိုပြီး မအလဘက်က ကာကွယ်ပြောမှာပါ။

ကံဆိုတာဟာ အလုပ်ပါ။ မိမိလိုချင်လို့ ကြိုးစားအားထုတ်ရင် ရမှာပါ။ မအလကတော့ များများပစ်ရင်မြန်မြန်ပြုတ်ပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page