![](https://static.wixstatic.com/media/8f22de_3644b79a4a394522ab2ba453044da04d~mv2_d_1279_1344_s_2.jpg/v1/fill/w_980,h_1030,al_c,q_85,usm_0.66_1.00_0.01,enc_auto/8f22de_3644b79a4a394522ab2ba453044da04d~mv2_d_1279_1344_s_2.jpg)
မိမိတာဝန္သာျဖစ္ေၾကာင္း
ဒီစကားဟာမဆလလက္ထက္နဲ႔နဝတလက္ထက္ဘစိန္လက္ထက္မွာေခတ္စားလာခဲ့ပါတယ္။ယခုတပ္ေထာက္ခံပြဲမွာဝီဝီတို႔ဘူးလက္တို႔စကားကၽြန္ပါတယ္။ဒီေနရာမွာတပ္တို႔အစိုးရတို႔ကိုအၾကည္ညိဳပ်က္႐ံုေျပာတာက၅၀၅ေလာက္သာစြဲလို႔ရေပမယ့္လူေတြကိုတည္ဆဲဒီမိုအစိုးရကိုပုန္ကန္ဖို႔လုပ္ခဲ့ရင္ႏိုင္ငံေတာ္ပုန္ကန္မႈပါ။ဒါဟာအာဏာသိမ္းအစိုးရကိုလုပ္ရင္သူရဲေကာင္းျဖစ္သြားႏိုင္ေပမယ့္ဒီမိုအစိုးရကိုလုပ္ရင္သူပုန္ျဖစ္သြားပါမယ္။ဒီသီအိုရီကိုယခင္တရားဝင္အဖြဲ႕အစည္းေရြးေကာက္ခံNLD ကအတိုက္အခံနဲ႔ေနခဲ့လို႔ယခုအစိုးရျဖစ္လာခ်ိန္မွာအစိုးရကိုဘာမဆိုဆန္႔က်င္လိုသူေတြလူမ်ိဳးေရး၊ဘာသာေရးအစြန္းေရာက္အဖြဲ႕ေတြအေနနဲ႔လက္ခံဖို႔ခက္ေနႏိုင္ပါတယ္။ဥပမာတ႐ုတ္အစိုးရကိုဆန္႔က်င္ရင္ဒီမိုသူရဲေကာင္းလို႔အေျပာခံရႏိုင္ပါတယ္။သူကကြန္ျမဴနစ္စနစ္မိုလို႔ပါ။ဒါေပမယ့္ျပင္သစ္မွာသမၼတမာကြန္းကိုျဖဳတ္ခ်ဖို႔၊ထရမ့္ကိုဗံုးႀကဲဖို႔၊အဂၤလန္ကဂၽြန္ဆင္ကိုဗံုးႀကဲဖို႔ေျပာရင္ေတာ့အၾကမ္းဖက္မႈနဲ႔ေတာင္အဖမ္းခံရပါမယ္။ယခင္အေမရိကန္သမၼတမဲဆြဲပြဲမွာအေမရိကန္ေရာက္အီဂ်စ္လူမ်ိဳးတစ္ေယာက္ကFacebook မွာေနာက္ၿပီးထရမ့္ကိုသတ္မယ္ေျပာတာကိုသူေနာက္မွန္းသိေပမယ့္ျပည္ႏွင္ဒဏ္ေပးခဲ့ပါတယ္။သူဟာဘယ္အဖြဲ႕နဲ႔မွအဆက္အသြယ္မရွိပါ။
ယခုျဖစ္ေနတာကအဘကိုေထာက္ခံရင္ေတာ့ေငြေထာက္ပံ့ႏိုင္ေပမယ့္အဖမ္းခံရရင္ေတာ့အဘကမိမိတာဝန္သာျဖစ္ေၾကာင္းေျပာပါတယ္။အဘကဝီဝီတို႔ဘူးလက္တို႔ကိုကာရင္သူပါပါသြားႏိုင္ပါတယ္။ဒါေၾကာင့္မိမိဖာသာတာဝန္ယူၿပီးေထာင္ထဲဝင္ႏိုင္ရင္လုပ္ပါ။ေနာက္ငါးႏွစ္လဲNLD သာဆက္အေရြးခံရရင္လြတ္ၿငိမ္းခ်မ္းသာနဲ႔လဲလြတ္ဖို႔မေမွ်ာ္လင့္ပါနဲ႔။ဒီမိုအစိုးရကိုပုန္ကန္သူမည္သူမဆိုလူမ်ိဳးေရးေၾကာင့္ျဖစ္ျဖစ္ဘာသာေရးေၾကာင့္ျဖစ္ျဖစ္ပုန္ကန္ခဲ့ရင္ဗံုးႀကဲဖို႔အားေပးခဲ့ရင္သြားရာလမ္းကမိမိတာဝန္သာျဖစ္ေၾကာင္းသတိေပးအပ္ပါတယ္။ဒါဟာဒီမိုစနစ္ပါ။ဒီမိုစနစ္မွာလူမ်ိဳးေရးမိုလို႔ဘာသာေရးမိုလို႔အဘႏိုင္ပိုင္လို႔ဥပေဒကိုမေလွ်ာ့ေပးပါ။
Unicode version
မိမိတာဝန်သာဖြစ်ကြောင်း
ဒီစကားဟာမဆလလက်ထက်နဲ့နဝတလက်ထက်ဘစိန်လက်ထက်မှာခေတ်စားလာခဲ့ပါတယ်။ယခုတပ်ထောက်ခံပွဲမှာဝီဝီတို့ဘူးလက်တို့စကားကျွန်ပါတယ်။ဒီနေရာမှာတပ်တို့အစိုးရတို့ကိုအကြည်ညိုပျက်ရုံပြောတာက၅၀၅လောက်သာစွဲလို့ရပေမယ့်လူတွေကိုတည်ဆဲဒီမိုအစိုးရကိုပုန်ကန်ဖို့လုပ်ခဲ့ရင်နိုင်ငံတော်ပုန်ကန်မှုပါ။ဒါဟာအာဏာသိမ်းအစိုးရကိုလုပ်ရင်သူရဲကောင်းဖြစ်သွားနိုင်ပေမယ့်ဒီမိုအစိုးရကိုလုပ်ရင်သူပုန်ဖြစ်သွားပါမယ်။ဒီသီအိုရီကိုယခင်တရားဝင်အဖွဲ့အစည်းရွေးကောက်ခံNLD ကအတိုက်အခံနဲ့နေခဲ့လို့ယခုအစိုးရဖြစ်လာချိန်မှာအစိုးရကိုဘာမဆိုဆန့်ကျင်လိုသူတွေလူမျိုးရေး၊ဘာသာရေးအစွန်းရောက်အဖွဲ့တွေအနေနဲ့လက်ခံဖို့ခက်နေနိုင်ပါတယ်။ဥပမာတရုတ်အစိုးရကိုဆန့်ကျင်ရင်ဒီမိုသူရဲကောင်းလို့အပြောခံရနိုင်ပါတယ်။သူကကွန်မြူနစ်စနစ်မိုလို့ပါ။ဒါပေမယ့်ပြင်သစ်မှာသမ္မတမာကွန်းကိုဖြုတ်ချဖို့၊ထရမ့်ကိုဗုံးကြဲဖို့၊အင်္ဂလန်ကဂျွန်ဆင်ကိုဗုံးကြဲဖို့ပြောရင်တော့အကြမ်းဖက်မှုနဲ့တောင်အဖမ်းခံရပါမယ်။ယခင်အမေရိကန်သမ္မတမဲဆွဲပွဲမှာအမေရိကန်ရောက်အီဂျစ်လူမျိုးတစ်ယောက်ကFacebook မှာနောက်ပြီးထရမ့်ကိုသတ်မယ်ပြောတာကိုသူနောက်မှန်းသိပေမယ့်ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။သူဟာဘယ်အဖွဲ့နဲ့မှအဆက်အသွယ်မရှိပါ။
ယခုဖြစ်နေတာကအဘကိုထောက်ခံရင်တော့ငွေထောက်ပံ့နိုင်ပေမယ့်အဖမ်းခံရရင်တော့အဘကမိမိတာဝန်သာဖြစ်ကြောင်းပြောပါတယ်။အဘကဝီဝီတို့ဘူးလက်တို့ကိုကာရင်သူပါပါသွားနိုင်ပါတယ်။ဒါကြောင့်မိမိဖာသာတာဝန်ယူပြီးထောင်ထဲဝင်နိုင်ရင်လုပ်ပါ။နောက်ငါးနှစ်လဲNLD သာဆက်အရွေးခံရရင်လွတ်ငြိမ်းချမ်းသာနဲ့လဲလွတ်ဖို့မမျှော်လင့်ပါနဲ့။ဒီမိုအစိုးရကိုပုန်ကန်သူမည်သူမဆိုလူမျိုးရေးကြောင့်ဖြစ်ဖြစ်ဘာသာရေးကြောင့်ဖြစ်ဖြစ်ပုန်ကန်ခဲ့ရင်ဗုံးကြဲဖို့အားပေးခဲ့ရင်သွားရာလမ်းကမိမိတာဝန်သာဖြစ်ကြောင်းသတိပေးအပ်ပါတယ်။ဒါဟာဒီမိုစနစ်ပါ။ဒီမိုစနစ်မှာလူမျိုးရေးမိုလို့ဘာသာရေးမိုလို့အဘနိုင်ပိုင်လို့ဥပဒေကိုမလျှော့ပေးပါ။
Comments