top of page
Search
  • Writer's pictureMyat Tun Oo

မဲဘယ်လိုဆွယ်ရမလဲ


အခြားပါတီတွေကတော့ လမ်းပေါ်မှာဆွဲဖို့၊ ပါတီအချို့က လက်ဆောင်ပေးမဲဆွယ်ဖို့၊ အချို့ပါတီတွေက ဖြူဖြူထွေးထက် ပိုပြီး like ရအောင်၊ Follower များအောင် လုပ်ကြမယ်လို့ ကြွေးကြော်ပြီး မဲဆွယ်နေကြပါတယ်။

NLD အနေနဲ့တော့ ကိုဗစ်ကာလဖြစ်လို့ ဘာမှ ထွက်မဲမဆွယ်စေချင်ပါ။ ဒါပေမယ့် လုပ်ရမှာလေးတွေတော့ ရှိပါတယ်။

  1. တပ်သတင်းမှန်က ထွန်းထွန်းညီတို့ ဇော်မင်းထွန်းတို့ကို ရွေးကောက်ပွဲနေ့ မတိုင်ခင်အထိ နှစ်ပတ်တစ်ခါလောက် သတင်းစာရှင်းလင်းပွဲ မှန်မှန် လုပ်ခိုင်းပေးပါ။

  2. ပြည်ထဲရေးကိုလဲ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲလေး လုပ်ခိုင်းပေးပါ။

  3. လွှတ်တော်ကို ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလိုလောက်အထိ ပေးလုပ်ပြီး ကြံ့ဖွတ်နဲ့ တပ်ကိုယ်စားလှယ်တွေကို စကားများများပြောခိုင်းပါ။ Live လေးတော့ လွှင့်ပေးပါ။

  4. တပ်ချုပ်ကြီးကို အင်တာဗျူးလေး ထုတ်လွှင့်ပေးပါ။

  5. ကိုသန်းဌေးကို အင်တာများများဗျူးပြီး အသံလွှင့်ပေးပါ။

  6. ဒါမှ မလုံလောက်ရင် မိုးကျအတွန်းဝန်၊ ညွှန်ချုပ်အချို့ကို ဖြုတ်ပြလိုက်ပါ။


ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးပြီး တရားဥပဒေအတိုင်း ဆောင်ရွက်တာပါ။ အမုန်းစကားလဲ မပါပါဘူး။ ဒါဆိုရင် သောင်ပြိုကမ်းပြိုနိုင်ပါပြီ။ မနိုင်ရင် ကြိုက်သလို လာပြောပါ။

833 views1 comment

1 comentário


Sunny Aung
Sunny Aung
25 de jul. de 2020

ကောင်းလိုက်တဲ့ အိုင်ဒီယာတွေ.. ရွှေချထားဖို့ကောင်းတယ်.. ဘရာဗို..


Curtir
bottom of page