top of page
Search

မြို့ပတ်ရထားပစ်သူတွေ တကယ်မိလား၊ စမ်းချောင်းကိုရောမိမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 9, 2021
  • 1 min read

စာရေးသူချက်ခြင်းရေးလိုပေမယ့် စုံစမ်းနေရလို့ ကြာသွားတာပါ။ မအလက မိတယ်လို့ သတင်းထုတ်ပြန်တယ်။ ရဲထံကယူထားတဲ့ လက်နက်တွေတောင် မိပြီပေါ့။ ပုံတွေ၊ ကားတွေလဲပါတယ်။လေးယောက်က လွတ်နေဆဲလို့ မအလကိုယ်တိုင် ဝန်ခံထားတယ်။ ယခု သူ့သတင်းထဲကဘဲ သူ့သတင်းမှန် မမှန်ကို လေ့လာရအောင်။ ဘီဘီစီမြန်မာပိုင်းက တိုက်ပွဲမှာ ပြည်သူတွေသေရင်စစ်တပ်က သတ်တယ်လို့စွတ်စွဲရင် ဇော်မဲလုံးအတည်ပြုချက်မရသေးပါလို့ သတင်းခံလေ့ရှိပါတယ်။ ဒီကိစ္စမှာတော့ အဲ့ဒီလိုမရေးပါ။ စစ်တပ်ကို ယုံတဲ့သဘောပေါ့။ ကိုင်းသတင်းကို ပြန်ဆက်ရအောင်။

မိသူတွေရဲ့ လက်နက်က တိုက်ရာမှာသုံးတဲ့ လက်နက်တွေမပါဘူး။ ဒါ့ကြောင့် တိုက်ရာမှာသုံးတဲ့လက်နက်မရှိသူကိုသာ ဖမ်းမိပုံရတယ်။ နောက် ဒီဖမ်းမိသူတွေက ရထားရဲကိုတောင် ပစ်သတ်ရဲတာ ဘာလို့သူတို့ကို လာဖမ်းသူကို ပစ်မသတ်လဲဆိုတာက အံ့ဩစရာပါ။ ယုံရခက်ကြီးပါ။ ဒါဆိုလက်နက်တွေက ပါသွားတာတွေလား? ဒါကတော့ ရဲတပ်ဖွဲ့မှာ ပေါပါတယ်။ အချိန်မရွေး ဒီလိုလက်နက်တွေ ချပြလို့ရပါတယ်။ ဒါ့ကြောင့် လက်နက်တွေချပြလို့ ရင်မခုန်ပါ။ ဒါဆိုမိသူတွေကရော။ တက္ကဆီကားကတော့ CCTV ကနေ တွေ့တာဖြစ်ပုံပါ။ ဒါပေမယ့် ဒီတက္ကဆီကားကို ရဲသတ်တဲ့အဖွဲ့က တကယ်သုံးခဲ့တာလား ဘယ်သူကမှ မသိပါ။ မအလတပ်မှာ သူတို့ကားပေါ်က ဆင်းလာတဲ့ CCTV ဗီဒီယိုဖိုင်မရှိပါ။ နောက်သူတို့ထဲက အဖမ်းခံရသူ အမျိုးသမီး မမြတ်ဖြိုးပွင့်ဟာကုမ္ပဏီမှာလုပ်ပြီး နိုင်ငံရေးအကြောင်းပြောလေ့မရှိသူပါ။ သူဟာ အဒေါ်ဖြစ်သူနဲ့နေပြီး သူ့အဖေက စစ်တပ်ကပါ။ သတင်းတွေထဲကလို သူ့အဖေနဲ့ နေတာမဟုတ်ပါ။ အဒေါ်က နိုင်ငံရေးစိတ်ဝင်စားသူမဟုတ်ပါ။ သူမရဲ့ အဖေကိုတော့ မဖမ်းပါ။ သူမဟာ ပစ်ခတ်တာ ဝါသနာပါလေ့မရှိပါဘူး။

ဒီထက်ထူးခြားတာက ယခုမိတယ်ဆိုပြီးပြတာဟာ ရထားရဲလက်နက်သာဖြစ်ပြီး ရထားရဲကိုသတ်ရာမှာသုံးတဲ့ လက်နက်မပါပါ။ ဒါ့ကြောင့် သူတို့သတင်းပေါ်အခြေခံပြီး ယုံလိုက်ရင်တောင်တကယ်လုပ်သူက လွတ်နေပါတယ်။ ဒါဆို ဘယ်သူတွေကို မိနေလဲ။ ကားငှါးသူကို မိနိုင်တာ အမြင့်ဆုံးပါ။ ကျန်သူများက လုပ်ကြံထားတာပါ။ ယခင်ထောက်လှမ်းရေးခေတ်ကတောင် တကယ်လုပ်သူကို မိခဲပါတယ်။ သူ့သတင်းထဲမှာတောင် ပစ်တဲ့အဖွဲ့က ငါးယောက်ရှိပြီး တစ်ယောက်သာမိပါတယ်။ ဒါက မအလသတင်းကို အမှန်ယူရင်တောင် တကယ်ပစ်သူတွေက လွတ်သွားပါပြီ။ဘောလုံးစကားနဲ့ပြောရင် အရန်လူနဲ့ ဘောကောက်လောက်သာ မိတာပါ။ ဒါတောင် မဲလုံးသတင်းကို လိမ်မှန်းသိလျက်နဲ့ ယုံပေးထားတာပါ။

မအလတပ်ဟာ အမှုဖြစ်ရာမှာ NLD ပါတီဝင်တွေ့ရင် ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်ဖမ်းပါတယ်။ဆန္ဒပြသူတွေ့ရင်လဲ ဖမ်းပြီး လက်နက်ကိုင်အဖြစ် သတင်းလွှင့်ဓာတ်ပုံရိုက်ပါတယ်။ ဒါတွေဟာစာရေးသူပြောစရာမလိုဘဲ အားလုံးသိပြီးသားပါ။ မပလတပ်က မိတာရှိလားဆိုတော့ ရှိပါတယ်။ဆန္ဒပြသူတွေနဲ့ NLD ပါတီဝင်တွေပါ။ ဘာလို့လဲဆိုတော့ ဆန္ဒပြသူတွေက လက်နက်ကိုင်မဟုတ်လို့ ဖမ်းမိရင် ဘယ်သူမှကြိုပြင်ထားတာမဟုတ်ပါ။ ဒါ့ကြောင့် တစ်ယောက်မိရင် Facebook စစ်ပြီးကျန်သူများကို လိုက်ဖမ်းပါတယ်။

ဒီမိုတွေအနေနဲ့က Facebook သုံးရင် လမ်းမှာသုံးဖို့ အကောင့်တုဖွင့်ပါ။ အကောင့်မှာ မအလကိုထောက်ခံတာတွေ ရေးပါ။ ပြီးရင် မဘသတွေ ဖွတ်တွေနဲ့ Facebook မှာ မိတ်ဆွေဖွဲ့ထားပါ။သီတဂူပုံတွေပါတွေ အဲ့ဒီအကောင့်မှာ ထည့်ထားပါ။ နောက် CCTV တွေဟာ ထောက်လှမ်းရေးအတွက် ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ အဓိကကျပါတယ်။ CCTV ကို ကြည့်မရအောင် CCTV ကနေ ပြည်သူကို ဒုက္ခပေးလို့မရအောင် ဘယ်လိုလုပ်မလဲ စနစ်တကျလေ့လာပြီး လုပ်ပါ။ မိမိဆန္ဒပြမှ စစ်ဆင်ရေးအချိန်ကျမှ ကပ်လုပ်လို့မရပါ။ CCTV ကို ဘာလုပ်ပါ ညာလုပ်ပါလို့တော့ မပြောလိုပါ။ အချို့က သေနတ်ကိုင်မှ တော်လှန်ရေးလို့ ထင်တတ်ပါတယ်။ CCTV ကို လေးခွတွေ ဘာတွေနဲ့ မပစ်ပါနဲ့။ တိုင်ကို မီးမရှို့ပါနဲ့။ အရေးကြီးလို့ပါ။

အကျဉ်းချုပ်ရရင် မြို့ပတ်ရထားက တကယ်ပစ်သူတွေကို မမိသေးပါ။ ဒါပါဘဲ။ ဇော်မဲလုံးကဂျင်းထည့်ကြည့်တာပါ။ ဒါနဲ့ စမ်းချောင်းမှာ ဗိုလ်မှူးကို သတ်သွားတာက ဘယ်သူများလဲ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page