top of page
Search

မာန်အောင်ဗုံးနှင့် DASSK လုံခြုံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 20, 2019
  • 1 min read

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးမကောင်းတာတော့ လူတိုင်းသိမှာပါ။ မြောက်ပိုင်းမှာ NLD ရဲ့ဝန်ကြီးချုပ် ဦးညီပုကားကို မိုင်းခွဲတာ မှတ်မိမှာပါ။ ထိုစဉ်က NLD က ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါ။ဓာတ်ခဲက အတည်ပြုတာ ငြင်းတာမလုပ်ဘဲ ANP ပါတီကလဲ မိမိလူမျိုး ဒီမိုဝန်ကြီးချုပ်ကို လုပ်ကြံတာကို မရှုတ်ချခဲ့ပါ။ ဓာတ်ခဲက တပ်ကလုပ်သလို ဖွတ်ကလုပ်သလိုလို သတင်းလွှင့်ပါတယ်။ ဒီနေရာနားမှာဘဲ တပ်ယဉ်တန်းကို ထပ်မိုင်းစွဲပါတယ်။ ဟိုက အနားကလူကို ပစ်ပါတယ်။ မိုင်းထောင်သူသေပါတယ်။ ကျန်သူက ရွာထဲဝင်ပြေးတယ်။ လိုက်ပစ်ပါတယ်။ တပ်ကလာဝိုင်းပါတယ်။ ANP က ပြစ်တင်ရှုတ်ချပါတယ်။ ပြီးရင် အစိုးရက ဘာလုပ်နေလဲ ဝိုင်းအော်ပါတယ်။

ယခု DASSK မာန်အောင်ကိုသွားပါတယ်။ အစိုးရကိစ္စပါ။ ဒါပေမယ့် သူမက အရပ်ဖက် ရဟတ်ယဉ်နဲ့သာ သွားခဲ့ရပါတယ်။ နှစ်စင်းပါ။ ဒီနေရာမှာ တောင်ပိုင်းက တည်ငြိမ်သလိုရှိပေမယ့် အောက်ကနေရဟတ်ယဉ်ကို ပစ်ချနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အနေနဲ့ စစ်ရဟတ်ယဉ်လိုက်ပြီး စုဖွဲ့ပျံသန်းရမှာပါ။ဒါမှ ရန်သူက ပစ်ခဲ့ရင် အောက်က ရဟတ်ယဉ်က လူကြီးယဉ်ကို မထိအောင်ရှောင်(decoy) လုပ်နိုင်မှာပါ။ ဒီနေရာမှာ စစ်ရဟတ်ယဉ်ပေါ်ကနေ passive decoy လုပ်နိုင်သလို လူကြီးယဉ်မထိအောင်လဲ active decoy လုပ်နိုင်ပါတယ်။ နောက် ရန်သူရဲ့ လက်နက်ပစ်ရာကိုလဲ ပစ်ခတ်နှိမ်နင်းနိုင်မှာပါ။ နောက်လေတပ်က တိုက်လေယဉ်တွေကိုလဲ အသင့် Stanby အနေအထား ထားရမှာပါ။ ဒါမှ ရန်သူကပစ်ရင်အချိန်မှီ နှိမ်နင်းလို့ရမှာပါ။ ကယ်လို့ရမှာပါ။ DASSK က တပ်ရဟတ်ယဉ်မလိုဘူး ပြောရင်တောင်လေတပ်ကို လုပ်ခိုင်းရမှာပါ။ ဒါဟာ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အတွက် လုံခြုံရေးပါ။ ထရမ့်ကိုအာဖဂန်လိုနေရာကို မသွားနဲ့လို့ သူ့လုံခြုံရေးက ပြောနိုင်ပေမယ့် ထရမ့်ကသွားမယ်လို့ ဆုံးဖြတ်လိုက်ရင် သူ့အတွင်လုံခြုံရေးကို လိုရင်တပ်ကပါ ပေါင်းလုပ်ရမှာပါ။

ဒါဆို မာန်အောင်မှာ ဗုံးဖောက်တာ ဘယ်သူလဲ။ အဖြစ်နိုင်ဆုံးက ဓာတ်ခဲပါ။ ဓာတ်ခဲက သူမလုပ်ပါလို့ငြင်းထားပေမယ့် သူကယခင်ကလဲ ငြင်းတာပါဘဲ။ သူ့ကြည့်ရတာက သူ့မှာ လုံခြုံရေးကို ထိခိုက်အောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပြချင်ပုံပါ။ ဓာတ်ခဲက ဘယ်လောက်အထိ ထိုးဖောက်နိုင်သလဲဆိုရင်အချို့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ဓာတ်ခဲသင်တန်းဆင်းတွေပါ။ ဒါကြောင့်လဲ တပ်လှုပ်ရှားမှုကိုသူတို့က ဓာတ်ခဲကိုသတင်းပေးလို့ ခံနေရတာပါ။

မင်းပြား စိတ္တရရွာမှာ တပ်ကပစ်လို့ အုပ်ချုပ်ရေးမှူးသေတာကို အုပ်ချုပ်ရေးမှူးတွေက အစိုးရကို စုံစမ်းစစ်ဆေးမှုမပြုရင် နှုတ်ထွက်မယ်ဆိုပြီး ဒီဇင်ဘာ ၁၄ ရက်လောက်က သတင်းတွေတက်တာသတိထားမိမှာပါ။ နောက်မှ သေသူက ဓာတ်ခဲသင်တန်းဆင်းဖြစ်နေတာကို သူ့ထံကပုံကနေ သက်သေဖြစ်သွားလို့ သတင်းပြန်ငြိမ်သွားတာပါ။ သေသွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဓတ်ခဲခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ ရှေ့ဆောင်ဓားကိုင် ဖြစ်နေတာပါ။

မာန်အောင်ဟာ ကျွန်းမိုလို့ ပိတ်စစ်ရင်တော့ ဗုံထောင်သူကို မိနိုင်ပါတယ်။ သူက လက်ရှိတိုက်ပွဲတွေနဲ့ဝေးပါတယ်။ ဒါကလဲ မိုင်းစွဲတဲ့နေရာကို ပိတ် DNA ယူ ပြီးရင် မြို့ကိုပိတ်စစ်မှရမှာပါ။ V အမှုတောင်တိုင်ပတ်နေတော့ ယခုလိုအမှုကတော့ ဝေးမှာပါ။

ဒီနေရာမှာ DASSK ရဲ့ လုံခြုံရေးကိုတော့ ရဲချုပ်ရော၊ ဗိုလ်ချုပ်ကျော်ဆွေကပါ သူတို့ တတ်နိုင်တဲ့ ရဲအင်အားနဲ့ အထူးကျပ်မတ်လုပ်သွားတာ တွေ့ရပါတယ်။ အောင်မြင်စွာပြီးသွားလို့ စိတ်အေးရပါတယ်။နောင် ယခုလိုမဖြစ်အောင် တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page