top of page
Search

မြန်မာ့အသံနှင့် စစ်မြေပြင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 30, 2021
  • 1 min read

အချို့ကမေးကြတယ် အပြင်မှာဖြစ်နေတာတွေ မအလသိလားပေါ့။ သူသိ မသိကတော့ သူ့PSO သာ သိမှာပါ။ ဒါပေမယ့် သူ့ကိုတင်တဲ့ အစီရင်ခံစာ report ကတော့ မြဝတီတို့ မြန်မာ့အသံတို့နဲ့ အင်မတန်ဆင်ပါတယ်။ ဥပမာ စစ်ကိုင်းတိုင်း နယ်မြေအများစုမှာ ထိန်းချုပ်နိုင်နေပြီဖြစ်ကြောင်း၊ ချင်းနဲ့ ကယားမှာလဲ ထိန်းချုပ်ထားနိုင်ကြောင်း လေးကေ့ကော်မှာလဲ KNU က ပြေးနေရကြောင်း သတင်းပို့ အစီရင်ခံကြတာပါ။ စစ်ကိုင်းတိုင်းကဆို သူတို့နိုင်နေတယ်ဆိုတာပြောလိုလို့ ခေတ်သစ်မှာ သူတို့သေနှုန်း ကျလာတာကိုတောင် ရန်သူကတောင် ဒီလိုပြောတယ်ဆိုပြီး ကိုးကားကြပါတယ်။ ဒါက အောက်ခြေက တိုင်းမှူးတွေ သတင်းပို့တာကိုခြုံပြောပြတာပါ။

ပထမဆုံး စစ်ကိုင်းကိုဥပမာအနေနဲ့ ပြောပြပါမယ်။ ကလေးမြို့နယ်ထဲက နတ်ချောင်းရွာမှာသူကတပ်စွဲလိုက်တယ်။ ဒါကိုသူက စိုးမိုးတယ်လို့ပြောတယ်။ ဒါပေမယ့် သူ့တပ်က နတ်ချောင်းရွာထဲက မထွက်ရဲဘူး။ အဲ့ဒီနတ်ချောင်းရွာထဲကို လက်နက်ကအစ စစ်ကူအဆုံးရဟတ်ယဉ်နဲ့ပို့ရတယ်။ ကုန်းကြောင်းက မသွားရဲဘူး။ ဒါကို နယ်မြေစိုးမိုးတာလို့ မခေါ်ဘူး။ရန်သူက ကလေးမြို့ပေါ်နားက မအလတပ်စခန်းကို ပြောက်ကျားစနစ်အရ ဝင်မသိမ်းသေးလို့ စခန်းမကျသေးဘူး။ ဒါကိုသူက နိုင်တယ်လို့ထင်နေတာ။ တကယ်က နမခတိုင်းမှူးတောင်မုံရွာမှာ သူ့စခန်းအပြင် အရပ်ဝတ်နဲ့ မထွက်ရဲဘူး။

ချင်းပြည်မှာလဲ သူ့ထန်တလန်၊ မင်းတပ်နားက တပ်ရင်းတွေကို ရန်သူက ဝင်တိုက်ပြီးမသိမ်းတော့ သူကမကျဘူးလို့ပြောလို့ရတယ်။ ဒါပေမယ့် သူတို့လဲ အဲ့ဒီမင်းတပ်မြို့အပြင်ကို မထွက်ရဲဘူး။ မြို့အပြင်ကရွာတွေမှာ မအလက ဘာမှစိုးမိုးမှုမရှိဘူး။ ယခုတိုက်နေတာကပြောက်ကျားစနစ်။ ဒါကြောင့်ဟိုက သူ့ကို အမှည့်ခြွေခြွေနေတာ။


လူအများမြင်အောင် ရန်ကုန်က ဥပမာနဲ့ပြောပြပါ့မယ်။ သူက စမ်းချောင်းက အထက (၂) မှာတပ်စွဲထားတယ်ဆိုပါစို့။ သူ့စခန်းတော့ ကျမသွားဘူး။ ဒါပေမယ့် စမ်းချောင်း (၂) စခန်းကနေလဲ အပြင်ကို ကားနဲ့ ထွက်ကင်းမလှည့်ရဲဘူး။ စမ်းချောင်း(၂) စခန်းကို စစ်ကူပို့ရင်လဲ ဘုရင့်နောင်စစ်ကြောရေးစခန်းကနေ ရဟတ်ယဉ်နဲ့ ပို့ရတယ်။ သူက စမ်းချောင်း(၂) ထဲမှာ တပ်ထိုင်ထားပေမယ့် စမ်းချောင်းမှာတောင် မစိုးမိုးနိုင်ဘူး။ ဒီလိုပါ။ ရန်ကုန်ကလူတွေ စစ်ရေးမသိသူတွေမြင်အောင် ရေးပြတာပါ။ ယခုရန်ကုန်မှာတော့ ကားနဲ့ကင်းလှည့်နိုင်ပါသေးတယ်။ကားနဲ့စစ်ကူပေးနိုင်ပါသေးတယ်။ စစ်ကိုင်းမှာထိုကဲ့သို့ လုပ်မရတော့ပါ။


ဒါဆိုခေတ်သစ်မှာ သူတို့ပြောတဲ့ စစ်ကိုင်းမှာ သူတို့အသေနည်းတာက ဘာလို့လဲဆိုတော့ မိုင်းဆွဲခံရမှာကြောက်လို့ သူတို့ကအပြင်ကို ကားနဲ့သိပ်မထွက်လို့ပါ။ PDF တွေရဲ့ အားသာချက်က မိုင်းဆွဲတာဖြစ်လို့ သူတို့အပြင်မထွက်ရင် အသေနည်းနိုင်ပါတယ်။ ဒါပေမယ့် သူတို့လှည့်ကင်းမလုပ်ရင် PDF တွေက နယ်မြေစိုးမိုးသွားမှာပါ။ မိုင်းဆွဲခံရရင်သေတာက တကယ်လားဆိုတော့ မအလစစ်ကားတွေက အမေရိကန်တပ်ကလို မိုင်းဆွဲဒဏ်ခံနိုင်တဲ့ အထူးထုတ်ကားများမဟုတ်ပါ။ တကယ် မိုင်းဒဏ်ခံနိုင်တဲ့ကား MRAP(Mine Resistant Ambush Protected Vehicles) က စျေးကြီးပြီး လက်ရှိ မအလတပ်မှာ မရှိပါ။ ဒါ့ကြောင့် မိုင်းထိရင် ပက်ပက်စက်စက် အသေများပြီး ဒဏ်ရာရသူလဲ များပါတယ်။

လေးကေ့ကော်ကိစ္စကတော့ အားလုံးသိလို့ ထည့်မရေးတော့ပါ။

အကျဉ်းချုပ်ရရင် မအလတပည့်တွေလဲ သူတို့ဟာနဲ့သူတို့တော့ ဟုတ်နေတာပါဘဲ။ မအလကလဲ သတင်းတွေဖတ်ပြီး နိုင်နေတာပါဘဲ။ ဘယ်လိုသတင်းပို့ပါစေ စာရေးသူတို့နိုင်ဖို့ကအဓိကပါ။ ဆဒန်ဟူစိန်လဲ မထွက်ပြေးခင်ကအထိ အမေရိကန်တပ်တွေကို နိုင်ခဲ့သလို ကဒါဖီဟာလဲ ထွက်မပြေးခင်အထိ စစ်နိုင်နေခဲ့ပါတယ်။ ဟစ်တလာလဲ ထို့အတူပါဘဲ။ စာရေးသူကတော့ Best of Luck ပါ မအလရေလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page