top of page
Search

မြန်မာ့အရေးနှင့် ယူကရိန်းအရေးဘာကွာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 13, 2022
  • 1 min read

ယူကရိန်းကို အနောက်အုပ်စုက လေယာဉ်မပျံရနယ်မြေ သတ်မှတ်ပြီးတော့ မကူပေးပါ။ ဒါပေမယ့်ဒုက္ခသည်တွေကို သန်းချီလက်ခံပေးတာ၊ ကူညီတာ၊ ရုရှားကိုစီးပွါးရေးပိတ်ဆို့တာတွေကို လျှင်လျှင်မြန်မြန် ထိထိထရောက်ရောက် ဆောင်ရွက်တာ တွေ့ရပါတယ်။ နောက် ယူကရိန်းကို တင့်ကားဖျက်ပခုံးထမ်းလက်နက်တွေ၊ တင့်ကားထိနိုင်တဲ့ မြေမြုပ်မိုင်းတွေ၊ လေယာဉ်ပစ်ပခုံးထမ်းလက်နက်တွေ၊မောင်းသူမဲ့လေယာဉ်တွေနဲ့ ကူနေတာ တွေ့ရပါတယ်။ နောက်ကုလမှာလဲ အားတက်ဖွယ်ရာ ကူညီနေပါတယ်။

မြန်မာ့အရေးမှာလဲ ကုလနဲ့ အနောက်အုပ်စုက ယူကရိန်းမှာလို ရှုံ့ချတာ၊ ဝမ်းနည်းတာတွေ ပြောပါတယ်။ နာမည်ကြီး ဒုက္ခသည်အချို့ကိုလဲ လက်ခံကူညီပါတယ်။ ဆယ်ဂဏန်းသာပါ။ မအလနဲ့ အဖွဲ့အချို့ကို စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့ပါတယ်။ ဒါပေမယ့် ယူကရိန်းကိုပေးသလို ဒီမိုတွေကို လက်နက်မပေးသေးပါ။ အနောက်နိုင်ငံတွေမှာ ယူကရိန်းအရေးအတွက်ဆိုပြီး အလှူငွေတွေကို သူတို့အစိုးရတွေက ကောက်ခံပေးနေပါတယ်။ မြန်မာပြည်သူတွေအတွက်က NUG အကောင့်ကို စင်ကာပူကပိတ်ချင်သလို၊ ဥရောပက ပိတ်ချင်သလို လုပ်လေ့ရှိပါတယ်။

ဒါဆိုဘာကွာသလဲ? ပထမက ယူကရိန်းက အနုမြူလက်နက်စွန့်ရင် သူ့လုံခြုံရေးကို အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလိပ်နဲ့ ရုရှားတို့က အာမခံမယ်ဆိုပြီး စာချုပ်ချုပ်ခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်၊ပြင်သစ်၊ ဂျာမနီနဲ့ အင်္ဂလိပ်က စာချုပ်အတိုင်း တတ်နိုင်သမျှကူညီနေရတာပါ။ နောက် မအလတပ်နဲ့ရုရှားတပ်က အမြောက်နဲ့ပစ်တာ၊ လေယာဉ်နဲ့ပစ်တာချင်းတူပြီး မအလတပ်က မိမိလူမျိုးကို လူသတ်၊မုဒိမ်းကျင့် မီးရှို့တာတွေ ပိုလုပ်နေပေမယ့် ပြည်တွင်းထဲမှာဖြစ်နေလို့ ပြည်တွင်းရေးဆိုပြီး လက်နက်မကူကြတာပါ။ အဓိကက အိမ်တွင်းထဲမှာ ပထွေးကနှိပ်စက်နေသော်လဲ အရပ်က ဝင်မပါသေးသလိုပေါ့။အိမ်နီးနားချင်း ရန်ဖြစ်ရင်တော့ ရပ်ကွက်က ဝင်ပါရတာလွယ်ပါတယ်။

စာရေးသူတို့ကို တိုင်းတစ်ပါးက ရုရှားလို ကျူးကျော်လာခဲ့ရင်တော့ စာရေးသူတို့ဟာ အနောက်အုပ်စုထံက လက်နက်တွေကို ယခုထက်မြန်ဆန်စွာ ရရှိလာမှာပါ။ ဒီနေရာမှာ အဘကျွန်ခံရတာသာကြိုက်ပြီးဘယ်သူမှကျူးကျော်တာကို မခံလိုသူအုပ်စုကလဲ ရှိမှာပါ။ ဒီနေရာမှာ စာရေးသူတို့စဉ်းစားရမှာကသမားရိုးကျနည်းနဲ့မရရင် နိုင်ငံခြားက ဘယ်လိုနည်းနဲ့ဆိုရင် အာရုံစိုက်ပြီး ကူညီမလဲ စဉ်းစားထားရပါမယ်။ စာရေးသူကတော့ မအလရဲ့ စစ်ကျွန်ဘဝကလွတ်ဖို့က ဘယ်ပြည်နယ်ခွဲထွက်ထွက် မုဒိတာပွါးနိုင်ပြီး မြန်မာပြည်ကို ဘယ်သူကဝင်သိမ်းသိမ်း မအလနဲ့ သူ့တပ်ပြုတ်ကျရင် ကျေနပ်ပါတယ်လို့ ပြောပါရစေ။ အချို့ကိစ္စတွေက ကျူးကျော်ခံလိုက်ရမှ ဒီမိုကရေစီနဲ့ နီးသွားတာ လူသတ်တာ ရပ်သွားတာတွေလဲ ရှိတတ်ပါတယ်။ ဥပမာ အီရတ်မှာ အမေရိကန်ရဲ့ ကျူးကျော်ခံရအပြီးမှာ ဆဒန်ဟူစိန်ပြုတ်ကျခဲ့တာဖြစ်ပြီး ကမ္ဘောဒီးယားမှာလဲ ခမာနီက သူ့လူမျိုး နှစ်သန်းနီးပါးအစုလိုက်အပြုံလိုက် သတ်တာတွေဟာ ဗီယက်နမ်က ၁၉၇၈ မှာ ကျုးကျော်ပြီး ခမာနီခေါင်းဆောင် ပိုပေါ့ကို ရာထူးကဖယ်ရှားအပြီးမှရပ်သွားခဲ့တာပါ။ ဒါက အရှေ့တောင်အာရှရဲ့ ပထမဆုံး ကျူးကျော်ပြီး အစိုးရပြောင်းမှု regime change ပါ။ ဒါတွေကို စဉ်းစားစရာအနေနဲ့ သမိုင်းအနေနဲ့ ရေးပြလိုက်ပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


Maung Chit Khaing
Maung Chit Khaing
Mar 21, 2022

Russian forces started massing in March a year ago, yet Biden only started arming Ukraine last month. Then when Russia invaded, Biden wanted to remove Zelenskyy so Russia could take a decapitated Ukraine. It's like Biden wanted Putin to have Ukraine all along.

Like

kmnyo2
Mar 13, 2022

ဆရာ အခုတော့ Ukraine ကူတာရဲ့ 1% လောက်တော့ Biden ပေးပါပြီ

Like

Nay Nann myint
Nay Nann myint
Mar 13, 2022

မှန်ကန်တဲ့ သုံးသပ်ချက်ပါ

ကျမလဲ အဲ့လိုဘဲ တွက်မိပါတယ်

ဘာကြောင့်ဆို ကျမတို့က

Boomers Gen ားကို

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page