top of page
Search

မြန်မာအစိုးရနှင့် ကမ္ဘာ့အစိုးရများ COVID ကိုင်တွယ်ပုံယှဉ်ကြည့်ခြင်း

Writer: Myat Tun OoMyat Tun Oo

ဒီ NLD အစိုးရ တက်လာကထဲက ဖွတ်နဲ့ အဘတများက အများဆုံး ဝေဖန်ကြတာက ဒီအစိုးရကခေါင်းဆောင်မှုမကောင်းဘူး စီမံခန့်ခွဲမှုညံ့တယ်ဆိုပြီးပါ။ အနီကြောင်များလဲ ပါပါတယ်။ ဒါက ဒီမိုစနစ်မှာ ဝေဖန်ခွင့်ရှိပါတယ်။ ယခု COVID 19 ဖြစ်ပါပြီ။ ယခင်က ရေးခဲ့သလိုပါဘဲ။ မြန်မာပြည်ကကျန်းမာရေးဘတ်ဂျက်က လူတစ်ဦးပျမ်းမျှ ဒေါ်လာ ၆၂ သာပါ။ အမေရိကန်က ဒေါ်လာ၉၈၆၉.၇၄ပါ။ အင်္ဂလန်က ဒေါ်လာ ၃၉၅၈.၀၂ ပါ။ စင်ကာပူက ဒေါ်လာ ၂၄၆၂.၃၉ ပါ။

ဒီရောဂါကို ကာကွယ်ရာမှာ ဝန်ကြီးက WHO မှာက data တွေမှန်လို့ စီမံရတာလွယ်ကြောင်း မြန်မာပြည်မှာက data မှားနေကြောင်း အချို့ကလဲ အောင်ဇော့်ကို အရေးယူထားလို့ လူတွေက တင်ဒါဖြတ်မှ ဝယ်ရဲလို့ PPE kit မရှိတာ ဘာညာဆိုပြီး ဖေါင်းထုကြပါတယ်။

ပထမဆုံး မြန်မာပြည်ဟာ ဆင်းရဲတဲ့တိုင်းပြည်ဆိုတာ အားလုံးမငြင်းနိုင်တဲ့ အမှန်တရားပါ။ ဒါကြောင့်ကာကွယ်ရေးဟာ ကုသခြင်းထက် ပိုကောင်း၏ Prevention is better than cure ဆိုတဲ့ နည်းဗျူဟာကိုသုံးရပါတယ်။

မြန်မာရဲ့ ရောဂါပိုးတွေ့သူနောက် နောက်ရောင်ခံလိုက်တာ(contact tracing) နဲ့ သီးခြားခွဲထားမှု(quarantine & isolation) ဟာ ယခုအချိန်အထိ အင်္ဂလန်နဲ့ အမေရိကန်ထက်သာတယ်ဆိုတာကို ထိုနိုင်ငံနေ တူ တူမ ဆရာဝန်များက အတည်ပြုပါတယ်။ ဟိုမှာဆို အိမ်မှာသာနေခိုင်းသလို လေဆိပ်ကလာလဲquarantine မလုပ်ပါ။ စင်ကာပူနဲ့ တောင်ကိုရီးယားက testing ကို အများကြီးလုပ်နိုင်ခဲ့ပါတယ်။ သူကပိုက်ဆံတတ်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်မှာက ရောဂါလက္ခဏာရှိမှ လုပ်နိင်ပါတယ်။

နောက်အစိုးရက ဒီရောဂါအကြောင်းကို လူတွေသိအောင် ပွင့်လင်းစွာချပြတာပါ။ Transparency ရှိတာပါ။ ဒါမျိုးကို မြန်မာပြည်မှာ ၁၉၆၂ ကနေ ၂၀၁၆ မတိုင်ခင်အထိ သင်တို့ တွေ့ဖူးခဲ့ပါသလား။

အလေးစားဆုံးက community quarantine ကို မြန်မာပြည်က မိမိတိုင်းပြည်နဲ့ ကိုက်ညီတဲ့ စနစ်ကို လုပ်ဖို့ဆုံးဖြတ်လိုက်တာပါ။ ဥရောပမှာ Lockdown က အောင်မြင်ပေမယ့် စီးပွါးရေး ထိခိုက်ခဲ့ပါတယ်။ သူကချမ်းသာသူ ပြည်သူများလို့ အဆင်ပြေပါတယ်။ အိန္ဒိယက လိုက်လုပ်ရာမှာတော့ တိုင်ပတ်သွားပါတယ်။ ဒါကြောင့် မြန်မာက ဒါတွေကို သင်ခန်းစာယူပြီး community quarantine သာလုပ်မယ်ဆိုတာဟာအင်မတန်ကောင်းတဲ့ စီမံချက်ပါ။

နောက် ရန်ကုန်မှာ ဆေးရုံအသစ်တွေကို ဒီ COVID လူနာတွေထားဖို့ ကွီးဖြိုးက လုပ်ငန်းရှင်တွေဆရာတော်ကြီးတွေနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာဟာ နယူးယောက်အုပ်ချုပ်ရေးမှူးထက်တောင် စနစ်ကျတယ်လို့ ပြောရပါမယ်။ နယူးယောက်က ကြိုပြင်မထားလို့ ပန်းခြံထဲမှာ ဆေးရုံဆောက်နေရပါပြီ။

ဒီနေရာမှာ အစိုးရရဲ့ PPE kit မထောက်ပံ့နိုင်လို့ ဖောင်းထုသူ ဆရာဝန်များရှိပါတယ်။ ဒီ PPE Kit မလုံလောက်လို့ ကျန်းမာရေးဝန်ထမ်းတွေက ဥရောပမှာရော အမေရိကန်မှာပါ အော်နေပါတယ်။အားလုံးက တချိန်ထဲမှာ PPE Kit လိုနေလို့ပါ။ ဒါကို တင်ဒါကင်းလွတ်ခွင့်နဲ့ ဝယ်လို့ရပါတယ်။ သဘာဝဘေးအန္တရာယ်ကိစ္စမှာ တင်ဒါမလိုပါ။ အောင်ဇော်နဲ့ ဘာမှမဆိုင်ပါ။

အရေးကြီးဆုံးက ခေါင်းဆောင်မှုပါ။ နိုင်ငံရေးခေါင်းဆောင်တွေဟာ ဆရာဝန်က PPE kit မရှိဘူးလို့အော်နေချိန်မှာ သူတို့က PPE kit နဲ့ လမ်းသလားမနေပါ။ သူတို့က ပြည်သူနဲ့အတူဆိုတာကို ပြပါတယ်။နောက် DASSK ဟာ ပြည်သူကို မိန့်ခွန်းပြောပြီး စိတ်ခွန်အားပေးခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေကိုလဲ ကျေးဇူးတင်ကြောင်း သူတို့ဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့ပါတယ်။ ဒါက ခေါင်းဆောင်ကနေ ပြည်သူကို စိတ်ဓာတ်ခွန်အား moral boost လုပ်တာပါ။ ရဲဘော်တွေဟာ စိတ်ဓာတ်မြင့်နေမှ ရန်သူကို တိုက်နိုင်မှာပါ။

ဒီနေ့လဲ ရန်ကုန်က အောက်ခြေဝန်ထမ်းတွေနဲ့ DASSK ကိုယ်တိုင် တိုက်ရိုက်တွေ့ပြန်ပါတယ်။ သူမဟာအောက်ခြေကတင်ပြတာမဟုတ်ဘဲ မြေပြင်အခြေအနေကို သိအောင်လုပ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရဲဖွတ်တို့ ဝေဖန်လေ့ရှိတာက အောက်ကလူတွေက မတင်ပြရဲဘူးဘာညာနဲ့ပါ။ သူမဟာအမြဲတမ်း ပညာရှင်တွေကိုမေးပါတယ်။ သူမရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဝကခတွေကလဲ ဘာမှဖုံးကွယ်စရာမရှိလို့ ပေးတွေ့ပါတယ်။

ခြုံငုံပြောရရင် လက်ရှိအစိုးရဟာ ဒီကပ်ရောဂါဆိုးကို မိမိမှာရှိတဲ့ ငွေအား၊ လူအားနဲ့ အကောင်းဆုံးကိုင်တွယ်နေတယ်ဆိုတာပါ။ လိုအပ်တာတွေရှိနိုင်ပါတယ်။ တင်ပြကြပါ။ ဆွေးနွေးကြပါ။ ဒါဟာ ဒီမိုသဘောရဲ့ အနှစ်သာရပါ။ ဒါပေမယ့်ဖောင်းမထုပါနဲ့။ ကောလဟာလ မလွှင့်ပါနဲ့။ ဖွတ်နဲ့ အဘတတွေကို ပြောလိုတာက သင်တို့သာ သဘာဝဘေးအန္တရာယ်ကို စီမံခန့်ခွဲတတ်ခဲ့ရင် (disaster management) လုပ်တတ်ခဲ့ရင် နာဂစ်ဆိုတာ သမိုင်းမှာ မကျန်ရစ်ခဲ့ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page