top of page
Search

မြန်မာပြည်အခြေအနေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2019
  • 1 min read

မြန်မာပြည်အခြေအနေ

မြန်မာပြည်အခြေအနေက အပေါ်ယံကြည့်ရင် အစိုးရကို အကျပ်အတည်းဖြစ်နေသလို ထင်ရပါတယ်။ဒါပေမယ့် သေချာအတွင်းကျကျ လေ့လာကြည့်ပါ။ ပထမ ICC။ သူ့ဖာသာ တရားစွဲချင်တာစွဲပါ။တရားခံက ၂၀၀၈ ခြေဥအရ ပြစ်မှုတကယ်ကျူးလွန်ခဲ့ရင်တောင် ကျူးလွန်သူဟာ ဘယ်သူလဲဆိုတာကမ္ဘာက ရှာရလွယ်ပါတယ်။ CIA ကလဲ သိမှာပါ။ ယခုအနောက်တိုင်းသံအမတ်တွေပြောတာက သူတို့ခြေဥရဲ့ ပြဿနာကို သဘောပေါက်လာပုံပါ။ ဒီပြစ်မှုမှာ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ဒေသခံပါတီဟာလဲပေါ်လာနိုင်ပါတယ်။ သူတို့က DASSK ကို ဒုက္ခပေးဖို့ ရည်ရွယ်ခဲ့ရင်လဲ DASSK က လိပ်ပြာသန့်စွာမေတ္တာနဲ့ ပြုံးနေဆဲပါ။

ဘင်္ဂါလားဒေ့ရှ်ရောက် ဘင်္ဂါလီတွေကိုလဲ DASSK အစိုးရက အထောက်အထားစစ်ပြီး ပြန်လက်ခံမယ်လို့ ရိုးသားစွာ မေတ္တာရှေ့ထား ပြင်ဆင်ထားပေမယ့် လက်ရှိအစိုးရကို ဖိအားပေးလိုလို့ ဘင်္ဂါလားဒေ့ရှ်နဲ့ ရိုလော်ဘီတွေက မပြန်ခိုငိးခဲ့ပါ။ ဒီလိုမပြန်လဲ DASSK အစိုးရက အေးဆေးပါ။ ယခုဘင်္ဂလားမှာအမှုပေါင်းစုံအပြင် သူ့ဒေသခံက ဆန္ဒပြတာကိုပါ ဟာစီနာက ခံနေရပါပြီ။ DASSK အစိုးရကိုဒုက္ခရောက်အောင် ရည်ရွယ်လုပ်ပေမယ့် သူမက မေတ္တာနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။

နောက် ရခိုင်နဲ့ ရှမ်းမြောက်မှာ အစိုးရကို ကာလုံခေါ်အောင် လက်ဝါးချင်းရိုက်တိုက်တိုက် မတော်တဆပြင်ဦးလွင်ကို တိုက်တိုက် ရေတိုမှာ ပွဲဆူအောင်လုပ်နိုင်ပေမယ့် ရေရှည်မှာတော့ သူမကို မကောင်းကြံသူတွေသာ ဒုက္ခရောက်နေတာပါ။ သူမကတော့ မေတ္တာနဲ့ ပြုံးနေဆဲပါ။

သူမအစိုးရကြောင့် ဘဏ်တွေပြိုကွဲမရောင် မျက်ရည်ကျရတယ်ပြောပြီး တိုက်တဲ့ ခရိုနီတွေလဲအချင်းချင်း အဘနဲ့ဖောင်းပြီး တကယ်မျက်ရည်ကျရပါတော့မယ်။ DASSK ကတော့ မေတ္တာနဲ့သာတုံ့ပြန်ခဲ့ပါတယ်။

ယခုရက်ပိုင်းမှာ ဂျပန် ကိုရီးယားနဲ့ စာချုပ်ချုပ်တာတွေများလာနေပြီး ရှေ့နှစ်မှာ ရင်းနှီးမြုပ်နှံမှုတွေကပိုဝင်လာမှာပါ။ တရုတ်ကြီးလဲ ယခင်လို အချောင်မရနိုင်မှန်းသိလာပြီး ၂၀၂၀ မှာသာ NLD နိုင်ခဲ့ရင်မွေးစားသားတွေကို ဖမ်းဆီးတာတွေ လုပ်လာမှာပါ။ သူမကတော့ မေတ္တာနဲ့သာ လုပ်စရာရှိတာကို ဆက်လုပ်နေပါတယ်။

မြန်မာပြည်ရဲ့ အခြေအနေက အဘတို့တွေအတွက် အလွန်ကျပ်တည်းနေပြီး အမအတွက်ကတော့မေတ္တာနဲ့ အပြုံးမပျက်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page