top of page
Search
  • Writer's pictureMyat Tun Oo

မြန်မာပြည်မှာတရားမျှတမှုရှိလား?




ပြန်စဉ်းစားပါ။













---------------------------------



ပြည်သူအချို့ကVictoria ကိစ္စတရားမျှတမှုအတွက်လမ်းပေါ်ထွက်ကြတာကြိုဆိုပါတယ်။

ဒါပေမယ့်တရားမျှတမှုဟာယခုVictoria ကိစ္စမှာမှမရှိတာမဟုတ်ပါဘူး။

ပြန်စဉ်းစားပါ။

ရခိုင်မှာအရပ်သားတွေသေတာတရားမျှတမှုရှိလား?

မြေသိမ်းခံရတဲ့လယ်သမားကြီးအတွက်ရောတရားမျှတမှုရှိလား?

ဆရာတော်ဦးသော်ပိတကိုတရားစွဲတာကောတရားမျှတမှုရှိလား?

ကိုနေမျိုးဇင်၊ကိုမင်းထင်ကိုကိုကြီးကိုတရားစွဲတာခံရတာရောတရားမျှတမှုရှိလား?

ဝီရသူလွတ်တာ၊အောင်ဝင်းခိုင်လွတ်တာတရားမျှတမှုရှိလား?

ကိုပါကြီးအသတ်ခံရတာတရားမျှတမှုရှိသလား?

ဒီပဲယင်းလူသတ်သမားတွေလွတ်နေတာတရားမျှတမှုရှိလား?

အဲ့ဒါဘာကြောင့်လဲပြည်သူများစဉ်းစားပါ။

တရားမျှတမှုကိုတစ်ကိုယ်ကောင်းဆန်စွာကိစ္စတစ်ခုထဲ(selective justice) လိုချင်လို့မရပါ။ကချင်မှသည်ရခိုင်အထိ၊Victoria မှသည်ဒီပဲယင်းအထိတရားမျှတမှုတွေဟာဆက်စပ်နေပါတယ်။

တရားမျှတမှုဟာမြန်မာပြည်တွင်းမှာနေထိုင်တဲ့တိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံအတွက်လိုအပ်ပါတယ်။

တရားမျှတမှုအတွက်ခြေဥပြင်ဖို့လက်တွဲကြပါ။ဆန္ဒပြချင်ရင်CID ရုံးချုပ်ထက်သူ့ထက်တာဝန်ရှိတဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုသွားပြပါ။

ပြည်သူအပေါင်းညီညွတ်ဖို့လိုပါတယ်။ခြေဥပြင်ဖို့မပြဘဲမိမိကိစ္စသာပြနေရင်တရားမျှတမှုရဖို့ခက်နေပါလိမ့်မယ်။

---------

Is there any justice in Myanmar (Burma)?

I am glad to see that some people are demonstrating in Yangon, Burma and demanding for justice for Victoria (a child who has been allegedly raped).

However, this problem is not only in this case in Burma.

Please carefully think and reflect.

There are many civilians killed in Rakhine state when they are under the military custody. Do you think there is any justice in it?

Is there any justice for farmers where their land are confiscated by the military?

In addition, military sued a prominent Buddhist monk U Thawbita for defamation and do you think there is any justice in it.

Moreover, some democracy activists like Ko Nay Myo Zin and film director Min Htin Ko Ko Gyi are also sued by the military for criticising their drafted 2008 constitution which favoured military in power. Do you think there is any justice in it?

Moreover, hate preacher U Wirathu was not arrested by police and also the mastermind behind U Ko Ni’s assassination Aung Win Khine was also escaped and never arrested by the military intelligence and police, Do you think any justice in it?

Furthermore, journalist U Pa Gyi’s murderer was never brought to justice and do you think any justice in it?

At last, the thugs who tried to assassinate our national leader Daw Aung San Suu Kyi are still at large. Do you think there is any justice in it?

Why? Why? WHY?

Please don’t try to get selective justice for only your religion, your ethnic group or your party. All justice from Kachin to Rakhine state and from this child rape case to Depayin massacre are interrelated to the military drafted constitution. Justice needs for All in Burma.

We need to all united to change constitution in Burma. If you want to demonstrate, please don’t demonstrated in front of the CID office. You have to demonstrate in front of the war office of Yangon Commander.

If you are not demonstrating against the military drafted constitution and only trying to demonstrate your individual case, justice will never be served.

175 views0 comments

Comments


bottom of page