top of page
Search

မြန်မာပြည်မှာ ခေတ်စားသောဇတ်ကားများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 8, 2020
  • 1 min read


မြန်မာပြည်မှာ ခေတ်စားခဲ့တဲ့ ကားနှစ်ကားက ယခုဖြစ်နေတဲ့ နိုင်ငံရေးလောကနဲ့ လာတိုက်ဆိုင်နေပါတယ်။


ပထမ ဇတ်ကားက ညစ်တွန်းပါ။ ဒါက သာဝနဲ့ ဖွတ်တွေ လုပ်နေတာနဲ့ သွားဆင်ပါတယ်။


ဒုတိယကားကတော့ ရိုက်စားပါ။ ဒီကားကတော့ ပိုက်ဆံဘာမှမရှိတဲ့ဘူ ဘာလုပ်ငန်းကိုမှ အောင်မြင်အောင် မလုပ်နိုင်တဲ့လူ ဘွဲ့ကို ကြီးကြီးမားမားရအောင် ပညာမတတ်သူ ကြွေးတင်သူ နိုင်ငံရေးကိုထောင်ကျခံ မလုပ်ဖူးသူက စကားလေးပြောပြီး ရိုက်စားလုပ်တာပါ။


သူထောင်ခဲ့တဲ့ လုပ်ငန်းတွေ အန်တီ့ထံမှာ စာရင်းရှိပါတယ်။ အဲ့ဒါတွေကို ဘယ်ကဝင်ငွေနဲ့ထောင်လဲ စစ်လိုက်ပါ။ နှင်းဆီရိုက်စားကိုတော့ အချိန်မှီ Myanmar Now ကြောင့် အန်တီမိသွားခဲ့ပါတယ်။ အခြားရိုက်စားကိုလဲ Myanmar Now ရော သာမန်တာဝန်သိ ပြည်သူတွေကပါ ဖော်ထုတ်ပြီးပါပြီ။


အန်တီ့ထံကိုလဲ ကျွန်တော်လိုအပ်တဲ့ အထောက်အထားတွေကို လိုင်းပေါ်ကရော နီးစပ်ရာကပါ ပို့ပေးပြီးပါပြီ။ အန်တီ့ဆုံးဖြတ်ချက်မှန်ပါစေ။ အန်တီ ဒီစာတွေကို ဖတ်နေမယ်လို့လဲ ထင်ပါတယ်။ အန်တီဖတ်တဲ့ စာအုပ်တွေလဲ အားရင်ကျွန်တော်ဖတ်ပါတယ်အန်တီ။ ကျွန်တော်ထောက်ခံသူက ပြန်မလုပ်လို့conflict of interest ကင်းကင်းနဲ့ ရေးတာပါအန်တီ။ လိုတာရှိရင်လဲ ကြားလူကနေ တောင်းလိုက်ပါ။ အန်တီ ဘယ်သူ့ကိုခန့်ခန့်ပါ။ အမြဲလေးစားပါတယ်အန်တီ။ အချို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သိထားချက်တွေတော့ လိုင်းပေါ်မတင်တော့ပါဘူးအန်တီ။

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Dec 09, 2020

ဦးမြတ်! ဗုဒ္ဓဘုရားရှင်သည် လောကသားတို့ကောင်းကျိုးအတွက် **အကြင်နာ**နှင့်*ပညာ*အပေါ်အခြေခံထား၍

ပွင့်ထွန်းပေါ်ပေါက်လာရပါသည်။

~သစ္စာတရားများ (သူ သိသလို)အခြားသူများ သိကြပါစေ။

~သံသရာမှ ထွက်မြောက်သကဲ့သို့

အခြားသူများ ထွက်မြောက်နိုင်ကြပါစေ။

~လွန်မြောက်ကူးခပ်နိုင်သလို လွန်မြောက်၍ လွတ်မြောက်ကြပါစေ။

ဤသို့သောကြီးကျယ်မြင့်​​​ မြတ်ခြင်းဂုဏ်များကြောင့် မဟာ တပ်၍ အနှိုင်းမဲ့ မဟာကရုဏာရှင်အဖြစ်ညွှန်းဆို ကြည်ညိုပူဇော်ခဲ့

ကြပါသည်။

ဤဂုဏ်ရည်သည် နုစဥ်ကာလ ဘဝများကပင် စတင်သန္ဓေတည်ခဲ့ပါသည်။ သာဓကပြရလျှင်

***မဟော်သဓါ***


~~~~~~~~~~~~~~~~~~~~~~~~


၇နှစ်ရွယ်ငယ်စဥ်ကပင် ရွာတွင်းပြဿနာများဖြစ်သော

သားခိုးမှု ၊ လည်ဆွဲခိုးမှု ၊မယားခိုးမှု ၊ ရထားခိုးမှု စသည့် ခိုးမှုမှန်သမျှ တရားခံအစစ် ပေါ်အောင်ဖွင့်လှစ်ပြသနိုင်ခဲ့သော​ကြောင့် ဘုရင့်နား ပေါက်ကြားခဲ့ရ၍ နန်းတွင်းဝင်ရောက်လာကာ ပညာရှိအဖြစ်မြှောက်စားရန်ကြံသော်လည်း ယခင်ရှိပြီးသား နန်းတွင်းအမတ်များ ကာမိန္ဒစသည့် အမတ် လေးဦးက မလိုလား။ မနာလိုဝန်တိုမှုများဖြင့် ပြဿနာ ဖန် ၊ အကောက်ကြံ ၊ မီးရှို့ မှိုင်းတိုက်ကြလေသည်။ ရှားနှစ်တုတ်ပြဿနာ၊ ပတ္တမြား ပြဿနာ ၊ ရေကန်ပြဿနာ---စသည်ဖြင့် အရေးအခင်းမျိုးစုံ ဖန်တီးလုပ်ကြံ

ကြသော်လည်း၊ အကြံပါမွားဖြင့်တိုက်ခိုက်လာမှုကို မဟောသဓါသည် သူ၏ ကိုယ်ပိုင် ဉာဏ်ထွားထွားဖြင့် တုန့်ပြန်ကစားကွက်အောက်မှာ အမတ်ယုတ်တသိုက် အချုပ်အနှောင်ခံရမည့်အရေးထိ ဆိုက်ရောက်ခဲ့ရပါသည်။သို့သော်လည်း မဟော်သဓါသည် ခွင့်လွှတ်ခြင်း အကြင်နာတရားများဖြင့် အမတ်ယုတ်များအား

အပြစ်မှကင်းလွတ်ခွင့်ပေးပါရန် တင်ပြလျှောက်ထားကြောင့် အပြစ်မှလွတ်ခဲ့ရပါသည်။ သို့သော အကြင်နာ ပညာ တွဲဖက်ခြင်းကြောင့် ဘုရင်မင်းကြီး၏ အရေးအရာမှန်သမျှ စီမံတိုင်ပင်ရသော အတိုင်ပင်ခံ ပညာရှိအဖြစ်

ခံယူခဲ့ရပါပြီ။

ထူးခြားမှုတစ်ခုမှာ အခြားအကောက်ကြံသူ ကေဝဋ်ပုဏ္ဏား ကတော့(သူမကောင်းကြံမှုကြောင့် တန်ပြန်အကျိုးအဖြစ်ရရှိသော)နဖူးက အမာရွတ်ကို စမ်းမိတိုင်း တွေးတောမိတိုင်း အံတကြိတ်ကြိတ်ဖြင် ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရပါသည်။

ပညာ = ဖြစ်စဥ်တစ်ရပ် အပေါ် ဆင်ခြင်တုံတရားဖြင့် အမှား အမှန် သုံးသပ်ဝေဖန်၍ အမှန်ဖက်မှ ကောင်းကျိုးပေါ်အောင် ဆောင်ရွက်နိုင်သော စွမ်းရည်။(ဝါ)ယထာဘူတဉာဏ်(ဝါ)မဇ္စျိမ ပဋိပဋာ အကျင့်

ဤနေရာတွင်…


Like

Albert Wint
Albert Wint
Dec 08, 2020

နိုင်ငံရေးတတ်သိနားလည်မှုသာလျှင်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page