top of page
Search
  • Writer's pictureMyat Tun Oo

မြန်မာပြည်ဘယ်လိုဇတ်သိမ်းနိုင်လဲ အပိုင်း(၁)


ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းအပြီးမှာ သေချာတာကတော့ မြန်မာပြည်ဟာ ပြီးခဲ့တဲ့ ငါးနှစ်ကလို၂၀၀၈ ခြေဥနဲ့ ဇတ်မျောကြီးမဟုတ်နိုင်တော့တာပါ။ ဒါဆို ဘယ်လို ဇတ်သိမ်းသွားနိုင်လဲ? ဖြစ်နိုင်ချေတွေကို လေ့လာကြည့်ရအောင်။

ပထမဆုံးက ပြည်သူတွေ အကြမ်းဖက်သမားကိုရှုံးရင် ဘာဖြစ်မလဲ?

ယခုအချိန်မှာ မအလလက်ပါးစေများ ပြောလေ့ရှိတာက သူ့မှာ လက်နက်ရှိတယ်။ သွားမလုပ်နဲ့ သေသွားလိမ့်မယ်ဆိုတာပါ။ မှန်သလိုရှိပေမယ့် ဘာမှမလုပ်သူများလဲ အသတ်ခံနေရတာပါ။ နာဇီဂျာမနီကဂျူးတွေကိုသတ်သလို ဘာမှမလုပ်ရင်တောင် သူ့ကိုဆန့်ကျင်တာ မိမိအခွင့်အရေးအရ ရုံးမတက်တာတောင် ဖမ်းတာ၊ နှိပ်စက်တာ၊ သတ်တာ လုပ်နေတာပါ။ မအလသာ နိုင်သွားခဲ့ရင် မြန်မာပြည်ဟာမြောက်ကိုရီးယားဖြစ်သွားမှာပါ။ ဒါဆိုရင် ယခုအချိန်မှာ အသက်မသေခဲ့လဲ အစာငတ်သေတာ၊အကြမ်းဖက်လုပ်အားပေးရတာ၊ အလုပ်လက်မဲ့တွေများပြီး ဆင်းရဲတွင်းနက်တာ ပြီးရင် ငတ်သေတာတွေ ဖြစ်မှာပါ။ ဒါ့ကြောင့် မအလ ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ကသာ နိုင်သွားခဲ့ရင် အနာဂတ်ဟာ မကောင်းပါလို့ ပြောပါရစေ။


ဒါဆို နောက်ဘယ်လိုမျိုးဖြစ်နိုင်သေးလဲ? ဖြစ်နိုင်ချေအများဆုံး ဥပမာပါ။


ဆူဒန်ဥပမာ

မြန်မာပြည်နဲ့ ဆူဒန်ဟာ တူညီတဲ့အချက်တွေရှိပါတယ်။ ဆူဒန်စစ်တပ်ဟာ ဒါဖိုးမှာ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရပြီး အိုမာအယ်ဘာရှား Al Bashir ကို ICC က ၂၀၀၉ မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ သူဟာ ၁၉၈၉ မှာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချ အာဏာသိမ်းပြီးတက်လာခဲ့သူပါ။ ၂၀၁၈ ဒီဇင်ဘာ ၁၉ မှာာကုန်စျေးနှုန်းတက်လို့ ဆန္ဒပြရာကနေ ဆန္ဒပြပွဲတွေ စဖြစ်ခဲ့ပါတယ်။ အိုမာအယ်ဘာရှားကလဲ ရဲနဲ့ တပ်ကိုသုံးပြီး ပစ်ခတ်နှိမ်နင်းပါတယ်။ သူ့ရဲ့ ပြည်သူ့စစ်တွေကလဲ ယခုမြန်မာပြည်မှာလုပ်သလို ပြည်သူတွေကို သတ်တာ၊ ဖမ်းတာ၊ အဆောက်အအုံတွေကို ဖျက်ဆီးတာအကုန်လုပ်ပါတယ်။ ပြည်သူတွေကလဲ ဆက်ဆန္ဒပြသလို အာဏာဖီဆန်တာလဲ လုပ်ခဲ့ပါတယ်။ ၂၀၁၉ဧပြီ ၁၁ မှာ ဆူဒန်စစ်တပ်က သူ့သမ္မတ အိုမာအယ်ဘာရှားကိုဖမ်းပြီး အာဏာသိမ်းခဲ့ပါတယ်။ ဒါပေမယ့် သူကဆက်ပစ်နေခဲ့ပါတယ်။ ဇွန်လ ၃ ရက်မှာ ခါတွန်းမြို့လူသတ်ပွဲမှာ လူ ၁၂၈ ယောက်သေခဲ့ချိန်မှာ ဆူဒန်ကို ဒေသတွင်း အာဆီယံလိုအဖွဲ့ကနေ ထုတ်လိုက်ပါတယ်။ ပြည်သူတွေက ဆက်ဆန္ဒပြပါတယ်။ ပစ်ပါတယ်။ သေပါတယ်။ အထွေထွေသပိန်မှောက်ပါတယ်။ ဒါနဲ့ ဇူလိုင်မှာ ဆူဒန်စစ်တပ်နဲ့အတိုက်အခံတွေ ညှိနှိုင်းပြီး ကြားကာလအခြေခံဥပဒေကို သဘောတူခဲ့ပြီး ဩဂုတ်မှာ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။ ကြားကာလအစိုးရဟာ ဆူဒန်စစ်ကောင်စီကနေ အာဏာကို ၂၀၁၉ စက်တင်ဘာမှာမှလွှဲပြောင်းယူနိုင်ခဲ့တာပါ။ ဆူဒန်ရဲ့ တော်လှန်ရေးဟာ ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဇူလိုင်အထိ ၈လကြာခဲ့ပါတယ်။ အာဏာလွှဲတာအထိဆိုရင် ၁၀ လပါ။

ဆူဒန်နဲ့ မြန်မာပြည်တူတာက အိုမာအယ်ဘာရှားရော မအလပါ ICC က ဖမ်းဝရမ်းထုတ်ခံရမှာပါ။နောက်စစ်တပ်နှစ်ခုရဲ့ အကြမ်းဖက်မှု လူသတ်မှုဟာလဲ တူညီတာတွေ့ရပါတယ်။ ဆူဒန်စစ်တပ်ဟာ သူ့ပြည်သူကို အကြမ်းဖက်သတ်ဖြတ်ရင်းကနေ ပြည်သူက အားမလျှော့ဘဲ အသတ်ခံ အချို့မိန်းကလေးတွေဆိုရင် ပြည်သူ့စစ်နဲ့ ထောက်လှမ်းရေးတွေရဲ့ မုဒိမ်းကျင့်တဲ့ကြားက နေ့စဉ်ဆန္ဒပြတောင်းဆိုတာကြောင့် အမိန့်နာခံပြီး သတ်နေတဲ့ အောက်ခြေတပ်တွေက ဆက်မလုပ်နိုင်တာကြောင့် ၈ လအကြာမှာဆွေးနွေးပြီး အာဏာလွှဲလိုက်ရတာပါ။ ဆူဒန်စစ်ကောင်စီကလဲ တိုက်ဆိုင်စွာ ကနေဒါက Dickens & Madson Inc. ၂၀၁၉ မေလမှာ သူ့စစ်ကောင်စီကို လော်ပေးဖို့ ဒေါ်လာ ၆ သန်းနဲ့ ငှါးခဲ့တာပါ။ ဒါကလဲ မအလနဲ့ သွားတူနေပါတယ်။ ဒီလိုတွေ့ဆုံဖြစ်တာက အာဖရိကသမဂ္ဂနဲ့ အီသီယိုပီးယားက ကြားဝင်စေ့စပ်ခဲ့တာပါ။


ဆူဒန်ရဲ့သင်ခန်းစာကဘာလဲ?

သူက ပြည်သူသာအဓိကဆိုတာကို ပြသွားတာပါ။ ဆူဒန်မှာလဲ ဆန္ဒပြပွဲတွေက ကြီးလာလိုက် သေးသွားလိုက်ပါ။ ဒါပေမယ့် ပစ်နေတဲ့ကြားကဘဲ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထပြီးဆန္ဒပြသွားခဲ့ကြပါတယ်။ မီးရှို့တာ၊ အပြန်အလှန်ပစ်တာ၊ ဆူဒန်တပ်ကလူတွေသေတာ၊ အာဏာရှင်လက်ပါးစေ ပြည်သူ့စစ်တွေသေတာ ရှိခဲ့ပါတယ်။ သူတို့ကလဲ CDM လုပ်ခဲ့ကြပါတယ်။ ဆူဒန်စစ်တပ်ဟာ ဘာရှားအတွက် ၂၀၁၈ ဒီဇင်ဘာကနေ ၂၀၁၉ ဧပြီလအထိ ပစ်ပေးခဲ့ပါတယ်။ သူတို့စစ်ကောင်စီလက်ထက်မှာလဲ ဇွန်လအထိ နောက်သုံးလ ဆက်ပစ်ခဲ့ပါတယ်။ အာဖရိကသမဂ္ဂကဆူဒန်ကိုထုတ်အပြီးမှသာ စစ်တပ်အထဲမှာ အသံထွက်လာပြီး သူတို့စစ်ကောင်စီက အချို့တိုင်းမှူးတွေကို အာဏာသိမ်းလို့ပြန်ဖမ်း စစ်ဦးစီးအရာရှိချုပ်ကို ပြန်ဖမ်းပြီး ပြည်သူတွေနဲ့ ဆွေးနွေးလာတာပါ။ ကနေဒါကလော်ဘီနဲ့စာချုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးက ပြည်သူနဲ့ပေါင်းသူဖြစ်သွားတာက အံ့ဩစရာပါ။


အကျဉ်းချုပ်ရရင် ဆူဒန်ကပြည်သူတွေဟာ ကိုယ်ထူကိုယ်ထပြီး ပစ်ခတ်တဲ့ကြားက အသေအပျောက်တွေ ရှိတဲ့ကြားက ဆန္ဒပြ၊ CDM လုပ်၊ ပြန်ချခဲ့သလို လိုအပ်လို့ နိုင်ငံခြားက ဝင်စေ့စပ်ပေးချိန်မှာလက်ခံလိုက်လို့ ဆူဒန်ရဲ့ တော်လှန်ရေးဟာ ဇတ်သိမ်းကောင်းခဲ့ပါတယ်။ ဆူဒန်တပ်ဟာလဲ ပစ်ရင်း ပစ်ရင်းနဲ့ နောက်ပိုင်းမှာ ပစ်မိန့်ပေးသူကို ပြန်ဖမ်းခဲ့ပြီး အာဏာပြန်သိမ်းသလို တပ်တွင်းက အာဏာရှင်ရဲ့ဩဇာခံတွေကို ပြန်ဖမ်းခဲ့ပါတယ်။ နိုင်ငံခြားက ကူခဲ့ပေမယ့် နောက်ဆုံးကတော့ ပြည်သူသာ အဓိကပါလို့ ပြောပါရစေ။


Reference: BBC News, Al-Jazeera, AFP

121 views0 comments

Recent Posts

See All

ငြင်းမရတဲ့အချက်

အားလုံးငြင်းမရတာက ကချင်မှာ KIA နဲ့ NUG PDF အတွဲညီညီပေါင်းတိုက်တယ်ဆိုတာနဲ့ တပ်မမှူးအဆင့် စသေနေတယ်ဆိုတာပါ။ မြောက်ပိုင်းတုန်းက ဘောမနဲ့ တတိယအုပ်စု ငြင်းခဲ့ပေမယ့် ယခုက ငြင်းမရတော့ပါ။

Comentarios


bottom of page