မြန်မာပြည်စီးပွါးရေးရဲ့ဥပမာ
မြန်မာပြည်ကို အိမ်ထောင်စုတစ်ခုနဲ့ နှိုင်းကြည့်ရအောင်။ အဲ့ဒီအိမ်က သိန်း ၁၀၀ ချမ်းသာတယ်။မြေကွက် ငါးကွက်လောက်ပိုင်တယ်။ လစဉ်အိမ်ငှါးစားတာက တစ်လ ငါးသိန်းဝင်တယ်။ အဲ့အိမ်ကို၁၉၆၂ မှာ ဓားပြတက်တယ်။ အဖေနဲ့အမေ ထွက်ပြေးရတယ်။ ဓားမြက ကိုယ်တိုင်က သူများမိသားစုပိုင်တာနဲ့ မြင်းလောင်းတယ်။ ကလေးတွေကိုလဲ ဖျက်စီးတယ်။ ၁၉၈၈ မှာ အဲ့ဒီဓားမြ အိမ်ပေါ်တက်လာတုန်းက ချမ်းသာခဲ့တဲ့အိမ်က သိန်း ၁၀၀ ကုန်ပြီး ကြွေးစတင်လာတယ်။
၁၉၈၈ မှာ ဓားမြရဲ့သား လူရမ်းကားတက်လာတယ်။ ပိုက်ဆံမရှာတတ်ဘူး။ ပညာမတတ်ဘူး။ ရှိတဲ့မြေကို ရောင်းစားတယ်။ မိမိကိုယ်တိုင်က ဝင်ငွေငါးသိန်းကို ခိုးသုံးတယ်။ ကလေးတွေကို အရက်သောက်ဘိန်းစားကြိုက်တာပေးလုပ်တယ်။ သူတို့သုံးဖို့ အိမ်ဘေးနားက ဦးတရုတ်ထံက မြေပေါင်ပြီး တစ်လတစ်သိန်း ကြွေးယူထားတယ်။ ၂၀၁၆ မှာ မိဘအရင်းက အိမ်ပြန်လာတယ်။ အဲ့ဒီအချိန်မှာ လူရမ်းကားက အိမ်ပေါင်ကြွေးယူထားတာ ၃၃၆ သိန်းရှိသွားပြီ။ မြေကလဲ ၂ ကွက်လောက်သာ ကျန်တော့တယ်။
၂၀၁၆ မှာ မိဘအရင်းက လစဉ်ရတဲ့ ၅ သိန်းကိုလဲ မခိုးဘူး။ အိမ်ဘေးက တရုတ်ကြီးကြွေးလဲ ဆပ်တယ်။ အိမ်က သားသမီးတွေကိုလဲ ပညာသင်ခိုင်းတယ်။ ဘိန်းဖြတ်၊ ဆေးဖြတ်တယ်။ ပြန်လာတာနဲ့ကြွေးဆက်မယူတော့ဘူး။ တစ်လတစ်သိန်း ပြန်ဆပ်လိုက်တာ ၃ နှစ်ကျော်အတွင်း အကြွေးက ၃၃၆သိန်းကနေ သိန်း ၃၀၀ သာကျန်တော့တယ်။ မြေကွက်လဲ ရောင်းစရာမလိုတော့ဘူး။
သားသမီးတွေဘက်ကနေကြည့်ရင်တော့ ယခင်က လူမိုက်အုပ်ချုပ်ချိန်က ဘိန်းစားပြီး နေချင်သလိုနေလို့ရခဲ့တယ်။ ယခုက စည်းနဲ့ကမ်းနဲ့ နေရတော့ အနေကျပ်လာတယ်။
အကယ်၍ မိဘရင်းသာ ဆက်အုပ်ချုပ်ခဲ့ရင် နောင် ၁၀ နှစ်မှာ ကြွေးကျေသွားမယ်။ ပြီးရင် သားသမီးတွေက ဘိန်းစွဲတာ ပြတ်သွားပြီး ပညာတတ်တွေဖြစ်လာမယ်။ ဘွဲ့ရသွားရင် သူတို့က မိမိခြေထောက်အပေါ် မိမိရပ်ပြီး အိမ်ကကြွေးကျေရုံမက ၁၉၆၂ ကလို ပြန်ချမ်းသာလာမယ်။
အဲ့ဒီမိဘက ဘာမှ ပိုက်ဆံမရှာတတ်ရင်တောင် ယခင်ကလူမိုက်တွေလို မခိုးဘဲ ရတဲ့ ၅ သိန်းထဲကကြွေးဆပ်ပြီး မိသားစုက ကျန်တဲ့ပိုက်ဆံနဲ့ သုံးရင်တောင် ကြွေးကျေပြီး အဆင်ပြေလာမှာပါ။
အဓိကက ၂၀၂၀ မှာလဲ အဲ့ဒီမိဘဆက်ရှိနေဖို့ပါ။ လူမိုက်ပြန်တက်လာရင်တော့ ဘိန်းစားရလို့ ပြေလည်သရောင်ရှိပေမယ့် တကယ်က လူညွန့်တုန်းဖို့ပါ။
Zawgyi version
ျမန္မာျပည္စီးပြါးေရးရဲ့ဥပမာ
ျမန္မာျပည္ကို အိမ္ေထာင္စုတစ္ခုနဲ႔ ႏွိုင္းၾကည့္ရေအာင္။ အဲ့ဒီအိမ္က သိန္း ၁၀၀ ခ်မ္းသာတယ္။ ေျမကြက္ ငါးကြက္ေလာက္ပိုင္တယ္။ လစဥ္အိမ္ငွါးစားတာက တစ္လ ငါးသိန္းဝင္တယ္။ အဲ့အိမ္ကို၁၉၆၂ မွာ ဓားျပတက္တယ္။ အေဖနဲ႔အေမ ထြက္ေျပးရတယ္။ ဓားျမက ကိုယ္တိုင္က သူမ်ားမိသားစုပိုင္တာနဲ႔ ျမင္းေလာင္းတယ္။ ကေလးေတြကိုလဲ ဖ်က္စီးတယ္။ ၁၉၈၈ မွာ အဲ့ဒီဓားၿမ အိမ္ေပၚတက္လာတုန္းက ခ်မ္းသာခဲ့တဲ့အိမ္က သိန္း ၁၀၀ ကုန္ၿပီး ေႂကြးစတင္လာတယ္။
၁၉၈၈ မွာ ဓားျမရဲ့သား လူရမ္းကားတက္လာတယ္။ ပိုက္ဆံမရွာတတ္ဘူး။ ပညာမတတ္ဘူး။ ရွိတဲ့ေျမကိုေရာင္းစားတယ္။ မိမိကိုယ္တိုင္က ဝင္ေငြငါးသိန္းကို ခိုးသုံးတယ္။ ကေလးေတြကို အရက္ေသာက္ ဘိန္းစားႀကိဳက္တာေပးလုပ္တယ္။ သူတို႔သုံးဖို႔ အိမ္ေဘးနားက ဦးတ႐ုတ္ထံက ေျမေပါင္ၿပီးတစ္လ တစ္သိန္း ေႂကြးယူထားတယ္။ ၂၀၁၆ မွာ မိဘအရင္းက အိမ္ျပန္လာတယ္။ အဲ့ဒီအခ်ိန္မွာ လူရမ္းကားက အိမ္ေပါင္ေႂကြးယူထားတာ ၃၃၆ သိန္းရွိသြားၿပီ။ ေျမကလဲ ၂ ကြက္ေလာက္သာက်န္ေတာ့တယ္။
၂၀၁၆ မွာ မိဘအရင္းက လစဥ္ရတဲ့ ၅ သိန္းကိုလဲ မခိုးဘူး။ အိမ္ေဘးက တ႐ုတ္ႀကီးေႂကြးလဲ ဆပ္တယ္။ အိမ္က သားသမီးေတြကိုလဲ ပညာသင္ခိုင္းတယ္။ ဘိန္းျဖတ္၊ ေဆးျဖတ္တယ္။ ျပန္လာတာနဲ႔ေႂကြးဆက္မယူေတာ့ဘူး။ တစ္လတစ္သိန္း ျပန္ဆပ္လိုက္တာ ၃ ႏွစ္ေက်ာ္အတြင္း အေႂကြးက ၃၃၆သိန္းကေန သိန္း ၃၀၀ သာက်န္ေတာ့တယ္။ ေျမကြက္လဲ ေရာင္းစရာမလိုေတာ့ဘူး။
သားသမီးေတြဘက္ကေနၾကည့္ရင္ေတာ့ ယခင္က လူမိုက္အုပ္ခ်ဳပ္ခ်ိန္က ဘိန္းစားၿပီး ေနခ်င္သလို ေနလို႔ရခဲ့တယ္။ ယခုက စည္းနဲ႔ကမ္းနဲ႔ ေနရေတာ့ အေနက်ပ္လာတယ္။
အကယ္၍ မိဘရင္းသာ ဆက္အုပ္ခ်ဳပ္ခဲ့ရင္ ေနာင္ ၁၀ ႏွစ္မွာ ေႂကြးေက်သြားမယ္။ ၿပီးရင္ သားသမီးေတြက ဘိန္းစြဲတာ ျပတ္သြားၿပီး ပညာတတ္ေတြျဖစ္လာမယ္။ ဘြဲ႕ရသြားရင္ သူတို႔က မိမိေျခေထာက္အေပၚ မိမိရပ္ၿပီး အိမ္ကေႂကြးေက်႐ုံမက ၁၉၆၂ ကလို ျပန္ခ်မ္းသာလာမယ္။
အဲ့ဒီမိဘက ဘာမွ ပိုက္ဆံမရွာတတ္ရင္ေတာင္ ယခင္ကလူမိုက္ေတြလို မခိုးဘဲ ရတဲ့ ၅ သိန္းထဲက ေႂကြးဆပ္ၿပီး မိသားစုက က်န္တဲ့ပိုက္ဆံနဲ႔ သုံးရင္ေတာင္ ေႂကြးေက်ၿပီး အဆင္ေျပလာမွာပါ။
အဓိကက ၂၀၂၀ မွာလဲ အဲ့ဒီမိဘဆက္ရွိေနဖို႔ပါ။ လူမိုက္ျပန္တက္လာရင္ေတာ့ ဘိန္းစားရလို႔ ေျပလည္သေရာင္ရွိေပမယ့္ တကယ္က လူညြန္႔တုန္းဖို႔ပါ။
Commentaires