top of page
Search

မြန်မာပြည်ကို ရင်းနှီးမြုပ်နှံမှုမလာတာ ဘယ်သူ့ကြောင့်လဲ

Writer's picture: Myat Tun OoMyat Tun Oo

ယခုတလော အင်တာနက်မှာ ဂျပန်က တရုတ်ကနေ ကုမ္ပဏီတွေရွှေ့ရာမှာ မြန်မာကိုမရွေးလို့ သုံးသပ်ရေးထားတာလေးတွေ ဖတ်ရပါတယ်။ ဒီနေရာမှာ သူရေးထားတာအပေါ်မူတည်ပြီး စာရေးသူအနေနဲ့ ပြန်သုံးသပ်ကြည့်ပါတယ်။

သူက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ

  1. Government Stability

  2. Political Stability

  3. Trade Restrictions

  4. Taxation Law

  5. Investment Law

  6. Labor Law

  7. Trade Regulation

  8. Environmental Law

  9. Inflation Rate

စတာ​တွေ တွက်ဆ ပြီး ၊ရင်းနှီးမြှုပ်နှံရန်သင့်မသင့် ဆုံးဖြတ်တတ်ကြတယ်လို့ရေးထားပါတယ်။ စာရေးသူထပ်မရှာတော့ပါ။ အဲ့ဒီအပေါ်မှာ မူတည်ပြီး ရေးပါ့မယ်။

  1. Government Stability အစိုးရ တည်ငြိမ်မှုပေါ့။ ဒါက ဒီမိုအစိုးရမိုလို့ ပြည်သူအများက တည်ငြိမ်တယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လက်ရှိခြေဥအရ ပြည်ထဲရေးဝန်ကြီးကို သမ္မတကကြိုက်လဲတပ်ချုပ်က တပ်ကိုပြန်ခေါ်တယ်ဆိုပြီး အချိန်မရွေးဖြုတ်လို့ရပါတယ်။ ထို့အတူပါဘဲတိုင်းရင်းသားဒေသတွေမှာ စစ်ဆင်ရေးဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်လို့ အဆိုပါစစ်သားကို သမ္မတက အရေးယူလို့မရပါဘူး။ ပုံမှန်ဆိုရင် ကာကွယ်ရေးဝန်ကြီးကနေ တပ်ချုပ်(သို့) တိုင်းမှူးကို ဖြုတ်လိုက်ရုံပါ။ ယခုကတော့ ဖြုတ်မရဘဲ ပြဿနာကို ICJ အထိသွားရှင်းရတာဟာ အစိုးရထဲမှာ အစိုးရရှိနေပြီး မတည်ငြိမ်အောင် လက်ရှိခြေဥအရ လုပ်နိုင်နေလို့ပါ။

  2. Political stability နိုင်ငံရေးတည်ငြိမ်မှု ပုံမှန် ဒီမိုအစိုးရဆိုရင် လေးနှစ်တစ်ခါ ရွေးကောက်ပွဲလုပ်ရုံပါ။ မြန်မာပြည်မှာက ခြေဥအရ တပ်ကိုအာဏာသိမ်းခွင့်ပေးထားလို့ နိုင်ငံရေးအရ နောက်ကျောမလုံ တည်ငြိမ်မှုမရှိပါ။ တိုင်းပြည်တည်ငြိမ်မှုပျက်အောင်လုပ်နေ ရေးနေတဲ့ အကောင့်တုတွေကိုအစိုးရက ဘာမှမလုပ်နိုင်ပါ။ အဖွဲ့တွေ ပြောဆိုသူတွေကို မဖမ်းနိုင်ပါ။

  3. Trade restrictions ကုန်သွယ်ရေးတားဆီးမှုက မြန်မာပြည်က မရှိပေမယ့် ဘင်္ဂါလီကိစ္စမျိုးနဲ့ဘယ်တော့စီးပွါးရေးအပိတ်ခံရမလဲ ရင်တမမနဲ့ စောင့်နေရတဲ့ နိုင်ငံပါ။ ဒီကိစ္စကလဲ လက်ရှိအစိုးရဖန်တီးတာမဟုတ်ဘဲ ပုံမှန်ခြေဥအရဆို တာဝန်ရှိသူကို ရာထူးချ အရေးယူနိုင်ပေမယ့်လက်ရှိခြေဥအရ အရေးမယူနိုင်ပါ။

  4. Taxation Law, Investment law,Labour law, Trade regulation လို့ခေါ်တဲ့ အခွန်ဥပဒေ၊ ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ အလုပ်သမားဥပဒေ၊ ကုန်သွယ်ရေးစည်းမျဉ်းတွေက မြန်မာပြည်ကဥပဒေကဗီယက်နမ်တို့ လာအိုတို့လောက်တော့ ကောင်းပါတယ်။ အဓိကပြဿနာက အဲ့ဒီဥပဒေတွေကိုအကျိုးသက်ရောက်အောက်လုပ်တဲ့ တရားဥပဒေစိုးမိုးမှုပါ။ ဒါက ပြည်ထဲရေးနဲ့ ကာကွယ်ရေးအောက်မှာရှိပါတယ်။

  5. Inflation rate ငွေကြေးဖောင်းပွမှုက ဒီမိုအစိုးရလက်ထက်မှာ စစ်အစိုးရလောက်မများတော့ပါ။ယခုတောင် မြန်မာငွေက ဒေါ်လာနဲ့ယှဉ်ရင် ခိုင်နေပါတယ်။

နောက်သူက ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲများမှာ

1. Land (မြေ​စျေးကြီးတယ်)

2. Electricity (လျှပ်စစ်မီးမရဘူး)

3. Complicated Law (ဥပ​ဒေ​တွေ ရှုတ်​ထွေး​နေတယ်)

4. Skill Labour (ကျွမ်းကျင်လုပ်သား နည်း)

5. Transportation and Supply chain (သယ်ယူပို့​ဆောင်​ရေးစနစ် အားနည်း)

လို့သုံးသပ်ပါတယ်။

မြေစျေးကြီးတာက ရန်ကုန်က မြေအများစုဟာ နေရာကောင်းက တပ်ပိုင်နဲ့ ခရိုနီ၊ အဘတို့ပိုင်တာ များနေပါတယ်။ ကွီးဖြိုးက ဖြေလျော့ဖို့ ကြိုးစားရာမှာလဲ သူတို့မြေစျေးကျမှာစိုးလို့ ဝိုင်းတိုက်ခဲ့ကြပါတယ်။ ရန်ကုန်ကမြေစျေးဟာ နယူးယောက်နဲ့ လန်ဒန်ထက်များနေလို့ ဘယ်သူမှမလာပါ။ သူတို့ကစာရေးသူတို့ထက်လည်လို့ ကမ္ဘာတစ်လွှားမှာ လုပ်စားနေကြတာပါ။ ဒါကိုတပ်ပိုင်မြေပြန်လိုချင်ရင်ခြေဥပြင်ရပါမယ်။ ဒါမှမဟုတ် လူတစ်ယောက်ကို မြေတစ်ကွက်ထက်ပိုပိုင်ရင် အခွန်ပိုကောက်တာမျိုးပေါ့။ ဒါက စာရင်းနိုင်ရမှာဖြစ်သလို တရားဥပဒေနဲ့ လိုက်ဖမ်းရပါမယ်။ လိုက်ဖမ်းတဲ့ရဲက ပြည်ထဲရေးအောက်မှာပါ။

လျှပ်စစ်မီးကလဲ အစိုးရက ရေအားလျှပ်စစ်ဆိုလဲ ဆန္ဒပြ၊ ကျောက်မီးသွေးလဲ ဆန္ဒပြ၊ အကုန်ပြနေတဲ့တိုင်းပြည်မှာ အစိုးရကလုပ်ရတာ မလွယ်ပါ။ အကယ်၍ လုံခြုံရေးတပ်ဖွဲ့သာ အစိုးရအောက်မှာရှိရင်ယခုလိုဆန္ဒပြတာတွေရှိနိုင်ပေမယ့် ထိန်းပြီး အင်အားသုံးသင့်တာသုံးပြီးဗီယက်နမ်တို့ လာအိုတို့လိုလုပ်နိုင်မှာပါ။

Complicated Law (ဥပဒေရှုတ်ထွေးမှု) မြန်မာပြည်ရဲ့ ခြေဥက ဖယ်ဒရယ်မဟုတ်ပါ။ ဥပမာ ကုမ္ပဏီတစ်ခုက ရင်းနှီးမြုပ်နှံချင်ရင် ငွေပမာဏပေါ်မူတည်ပြီး ဗဟိုအစိုးရ (သို့) ပြည်နယ်အစိုးရက ခွင့်ပြုချက်တောင်းရပါတယ်။ ဥပမာ သူက ဒေါ်လာ ၇ သန်းဆိုရင် ဗဟိုကိုတင်၊ ပြီးရင် တိုင်း/ပြည်နယ်အစိုးရကမှတ်ချက်တောင်း ဒီကြားထဲ သဘာဝပတ်ဝန်းကျင်သမားက ထကန့်ကွက်ရင် ပျက်နဲ့ တိုင်ပတ်နေပါတယ်။ လက်ရှိဒီမိုအစိုးရက လုပ်ထုံးလုပ်နည်းတွေကို ရိုးရှင်းအောင်လုပ်ပေမယ့်လဲ လက်ရှိခြေဥကဖယ်ဒရယ်အစစ်မဟုတ်လို့ ပြဿနာက မရှင်းသွားပါ။ တရုတ်ပြည်တောင် ပြည်နယ်အစိုးရနဲ့တင်အကုန်ပြီးပါတယ်။ ဆန္ဒပြရင်ဖမ်းထောင်ချလိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာကျော် Apple ရော Tesla ပါသွားပါတယ်။

ကျွမ်းကျင်လုပ်သားနည်းတာကလဲ ဒီမိုအစိုးရလက်ထက်မှာ ဖြေရှင်းနေပေမယ့် နှစ် ၄၀ ကျော် ပညာရေးနှိမ့်ကျနေတော့ ခက်ပါတယ်။

ဒါကြောင့် ယခုလိုခြေဥနဲ့ လာရင်းနှီးမြုပ်နှံနေတာတောင် ကျေးဇူးတင်နေရပါတယ်။ တကယ်စင်ကာပူလို တိုးတက်အောင်ကတော့ ခြေဥပြင်ပြီး တရားမျှတ တန်းတူဖြစ်အောင်လုပ်နိုင်မှပါ။ မဟုတ်ရင် ဂျပန်ကလဲမလာ၊ အမေရိကန်ကလဲမလာ၊ ဥရောပကလဲမလာနဲ့ တရုတ်လာတာတောင် ကံကောင်းဖြစ်နေပါမယ်။

1,856 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page