top of page
Search
  • Writer's pictureMyat Tun Oo

မြန်မာပြည်က ထူးဆန်းတယ်


မြန်မာပြည်က ထူးဆန်းတယ်

ညွှန်ချုပ်က ဒုသမ္မတအဆင့်ဆိုတော့ ထူးဆန်းလားမှတ်တယ်

ဆေးပြား ၁၀ ပြားကို အတိအကျ ရအောင်ဖမ်းနိုင်တဲ့ ရဲတွေရှိပြီး ဆေးပြားသောင်းကျော် ပိုင်ရှင်မဲ့တာလဲရှိတယ်။

တရားခံမဟုတ်ပါဘူးလို့ တရားလိုကပြောပေမယ့်လဲ ရဲကတရားခံဆိုပြီးဖမ်းထားတာလဲရှိတယ်။

မိမိအလုပ် မိမိလုပ်ရတဲ့ ဝန်ထမ်းတွေကို ငါတို့မရှိရင် တိုင်းပြည် ဘာဖြစ်သွားမလဲဆိုလို့ ကြံဖန် ကျေးဇူးတင်နေရတာလဲရှိတယ်။

အဖွဲ့အချင်းချင်းမှာလဲ သူခိုးက ဓားမြကို ဆုချတယ်။

တိုက်သူမဲ့စစ်ပွဲတွေလဲ ဖြစ်နေတယ်။

ဘုန်းကြီးကိုထောင်ချသူ တရားစွဲသူက ဘာသာသာသနာကို စောင့်ရှောက်သူဖြစ်နေတယ်။

ထူးဆန်းပါပေ့။

963 views0 comments
bottom of page