top of page
Search

မြန်မာ့ဒီမိုကရေစီနှင့် တပ်ချုပ်ရွေးပွဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 16, 2020
  • 2 min read

အနောက်နိုင်ငံတွေမှာက တပ်ချုပ်ကို သမ္မတကခန့်ပြီး လွှတ်တော်က အတည်ပြုရတာပါ။ အမေရိကန်မှာက စစ်သေနာပတိချုပ်ဟာ သမ္မတဖြစ်ပြီး စစ်ဦးစီးအရာရှိအဖွဲ့ ဥက္ကဌ Chairman of Joint Chief of Staff၊ Vice Chairman of Joint Chief of Staff ဒုဥက္ကဌ၊ စစ်ဦးစီးအရာရှိချုပ် ကြည်း၊ ရေ၊ လေ၊ မရိန်းတပ်ဖွဲ့၊ အာကာသတပ်ဖွဲ့၊ အမျိုးသားအစောင့်တပ်အကြီးအကဲ အားလုံးကို သမ္မတက အဆိုတင်သွင်းပြီး အထက်လွှတ်တော်က အတည်ပြု ပြီးမှ သမ္မတက ခန့်ရပါတယ်။

ဒီမိုဖခင် အင်္ဂလိပ်မှာလဲ စစ်သေနာပတိချုပ်က ဘုရင်မဖြစ်ပြီး ဘုရင်က စည်းမျဉ်းခံဖြစ်လို့ဝန်ကြီးချုပ်က ဘုရင်မကိုယ်စား တပ်ကိုအမိန့်ပေးခိုင်းပါတယ်။ ဒုတိယကမ္ဘာစစ် ကမ်းတက်တိုက်ပွဲမှာဂျော့ရှ်ဘုရင်ကို အဲ့ဒီအချိန်က ဝန်ကြီးချုပ် ချာချီက သူတို့စစ်သင်္ဘောပေါ်ကနေ တိုက်ပွဲမှာပါဖို့ စဉ်းစားပေမယ့် မတော်တဆထိခဲ့ရင် ဘုရင်ဟာ အချုပ်အခြာအာဏာကို ကိုယ်စားပြုလို့ ဘုရင်ကျရင်မကောင်းလို့ အဲ့ဒီအစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။ သူတို့က စစ်ဦးစီးအရာရှိချုပ်ကိုရွေးရာမှာ အရပ်သားလွှတ်တော်အမတ်က ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး သူကအခြားသူများနဲ့ ခန့်လိုသူ သုံးယောက်လောက်ကို အင်တာဗျူးပြီး ခန့်တာပါ။ သူတို့ဆီမှာတော့ အမေရိကန်လို လွှတ်တော်ကို မဖြတ်ပါ။

မြန်မာပြည်ကို လေ့လာရအောင်။ ၂၀၂၁ မှာ လက်ရှိတပ်ချုပ်ဟာ သူ့ဖာသာတိုးထားတဲ့ ဒီမိုအစိုးရကကာလုံခေါ်ပြီး အသိအမှတ်မပြုထားတဲ့ သက်တမ်းက ပြည့်သွားမှာပါ။ သူ့အသက်က ၆၅ နှစ်ဖြစ်မှာပါ။ ဒါဆို သူက အငြိမ်းစား ယူရပါတော့မယ်။ ဒီနေရာမှာ သုံးသပ်သူအချို့က သူအငြိမ်းစားယူပါ့မလားလို့ မေးခွန်းထုတ်သူများရှိကြပါတယ်။ ဒါက ယခုနိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကဘယ်လိုနိုင်လဲအပေါ်မှာ မူတည်ပါမယ်။ NLD ကသာ ၂၀၁၆ ကလို အမတ်နေရာအများစုရခဲ့ရင် သူလဲပြည်သူ့ဆန္ဒကို သိသွားမှာပါ။ ဘရွှေလက်ထက်က စစ်အုပ်ချုပ်ရေးမိုလို့ သူ့ဖာသာ သက်တမ်းတိုးတာပြဿနာမရှိပါ။ သူကသမ္မတပါ။ ယခု ၂၀၂၁ မှာ သမ္မတက NLD အစိုးရကခန့်သူပါ။ နောက် လက်ရှိတပ်ချုပ်ကြောင့် ကုလရော ICC ကပါ စောင့်ကြည့်နေလို့ သူသက်တမ်းတိုးရင် DASSK နဲ့ ပြည်သူကသေမထူးနေမထူးဖြစ်ပြီး ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ ဒါဟာ ခြေဥပြင်တာမဟုတ်လို့ ဘရွှေအနေနဲ့တော့ မအလကိုသက်တမ်းတိုးတာလောက်နဲ့ ပြည်သူနဲ့ ထိပ်တိုက်တွေ့မည်မထင်ပါ။

ဘရွှေဘက်က စဉ်းစားကြည့်ရအောင်။ သူတပ်ချုပ်ကို ၁၀ နှစ်ကျော်လုပ်ခွင့်ရချိန်မှာ နေဝင်းလူများကိုဖယ်ထုတ်ခဲ့ပါတယ်။ မအလကို ၁၀ နှစ်ထက်ပိုထားရင် သူ့မှာပြဿနာရှိပါတယ်။ ဒါကြောင့် စာရေးသူအနေနဲ့က ဘရွှေရော DASSK မှာပါ လက်ရှိတပ်ချုပ်ကို ယခုသက်တမ်းထက် ပိုမတိုးဖို့ ရည်ရွယ်ချက်ခြင်းတူမှာပါ။

ဒါဆို ဘယ်သူ့ကို တပ်ချုပ်ပေးမလဲ? ဒီနေရာမှာ DASSK ဟာ လူပုဂ္ဂိုလ်အစွဲမရှိဘဲ ဥပဒေအရသာ သွားလိုသူပါ။ ဒါကြောင့် သူမဟာ လက်ရှိ ဒုတပ်ချုပ်ကို တပ်ချုပ်ပေးလိုပါလိမ့်မယ်။ လက်ရှိ ဒုတပ်ချုပ်နဲ့DASSK နဲ့ဆက်ဆံရေးကောင်းတာဟာ တပ်ထဲကလူများရော ဒီမိုဘက်ကလူများပါ သိကြပါတယ်။ ဒါဆိုရင် ဒုတပ်ချုပ်က လက်ရှိ ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြစ်ရမှာပါ။ ဒါဆိုရင် ဘရွှေလဲ ကျေနပ်နိုင်ပါတယ်။ ဒါဟာ ရာထူးလွှဲပြောင်းရေးကို တည်ငြိမ်စွာ လုပ်နိုင်တဲ့ နည်းလမ်းပါ။

ဒါပေမယ့် ဒီအလွှဲအပြောင်းကို မကြိုက်တာက လက်ရှိတပ်ချုပ်ဖြစ်နိုင်ပါတယ်။ ဒုတပ်ချုပ်ဟာ ၂၀၂၁မှာ တပ်ချုပ်ဖြစ်ရင် သူလဲ သုံးနှစ်နေရင် ၆၅ ပြည့်လို့ ထပ်ထွက်ရပြီး မြထွန်းဦးက တပ်ချုပ်ဖြစ်လာနိုင်ပါတယ်။ မအလက နောက်ကျောမလုံလို့ သူ့လူများကို ၂၀၂၁ မှာ ယခင်အစီအမံကိုကျော်ပြီး တပ်ချုပ်ဖြစ်အောင် တွန်းတင်လာပုံပါ။

အကယ်၍ မြထွန်းဦးသာ ရာထူးတက်ခဲ့ရင် လက်ရှိ စစ်ဦးစီးအရာရှိချုပ် ရေ ဒုဗိုလ်ချုပ်ကြီးမိုးအောင်ကသာ ဒီနှစ်ထဲမှာ ပုံမှန်အစီအစဉ်အတိုင်း ရာထူးတက်ပြီး ကာကွယ်ရေးဦးစီးချုပ် ရေနဲ့ နောက်ပိုင်းကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအထိ ဖြစ်လာနိုင်ပါတယ်။ သူဟာ ဘရွှေနဲ့ ရင်းနှီးသလို NLD ကသမ္မတဟောင်း ဦးထင်ကျော်နဲ့လဲ ရင်းနှီးပါတယ်။ ဒါပေမယ့် မအလက လက်ရှိသက်ပြည့်သွားတဲ့ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကို သက်တမ်းတိုးပေးပြီး သူ့ကိုရာထူးမတိုးပေးခဲ့ပါ။မိုးအောင်နဲ့ ရာထူးတူက ကာကွယ်ရေးဦးစီးချုပ်လေဖြစ်သွားတာ ကြာခဲ့ပါပြီ။ ဒါကြောင့် မအလဟာကစားနေတာ ထင်ရှားပါတယ်။

၂၀၂၁ ဟာ အားလုံးအတွက် ဘယ်သူတပ်ချုပ်ဖြစ်မလဲ စောင့်ကြည့်ရမယ့်နှစ်ပါ။ တပ်ထဲကအောက်ခြေလူများကို မအလက ခန့်နိုင်ပေမယ့် သူတို့ကို အတည်ပြုတာက ကာလုံဖြစ်ပြီး လက်ရှိခြေဥအရ DASSK နဲ့ ဘရွေပေါင်းရင် စုစုပေါင်းမဲက မအလမဲကို သာပါတယ်။ ဘာဖြစ်မလဲဆိုတာက လက်ရှိဒုတပ်ချုပ်နဲ့ မြထွန်းဦးက ဘာလုပ်မလဲအပေါ်မှာ မူတည်နေပါတယ်။ သူတို့က မအလပြောတဲ့အတိုင်းငြိမ်ငြိမ်လေး ထွက်သွားခဲ့ရင်တော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးအောင်စိုး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ဟာတပ်ချုပ်ဖြစ်လာနိုင်ပါတယ်။

ပြည်သူကတော့ ၂၀၂၀ မှာ NLD အစိုးရကို မဲပေးပြီး မိမိတို့ရဲ့ တပ်ချုပ်ရွေးခွင့်ကို အမိအရဆုပ်ကိုင်ပါလို့ ပြောပါရစေ။ ကံဆိုတာက အလုပ်ပါ။


Source: CNBC, UKarmy

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page