top of page
Search
  • Writer's pictureMyat Tun Oo

မီဒီယာပညာ၊ သတင်းစစ်ပွဲနှင့် သင့်ကံကြမ္မာ


မနေ့ညက ကျန်းမာရေးက ရောဂါဖြစ်တဲ့လူနာ အရေအတွက်ကို ကမ္ဘာပေါ်က နိုင်ငံတွေနဲ့ တွဲတင်ပေးခဲ့ပါတယ်။ အဲ့ဒီကနေ စာရေးသူတို့ သတင်းရေးကြည့်ရအောင်။


ပထမက ရောဂါဖြစ်သူအရေအတွက်ပါ။ ဗီယက်နမ်က စုစုပေါင်း ၃၂၇၊ မြန်မာက ၂၀၆၊ လာအိုက ၁၉ယောက်၊ စင်ကာပူက ၃၂,၃၄၃၊ ထိုင်းက ၃၀၄၅၊ ကမ္ဘောဒီးယားက ၁၂၃၊ အင်ဒိုနီးရှားက ၂၃၁၆၅၊ မလေးရှားက ၇၆၀၄ ပါ။


ဒါကိုစာရေးသူက မြန်မာက စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားထက်တောင်ရောဂါဖြစ်သူဦးရေနည်းတယ်လို့ပြောရင် NLD ထောက်ခံသူတွေက ကြိုက်မှာပါ။ တချိန်ထဲမှာ အဘတနဲ့ဖွတ်က မင်းတို့ကလာအိုနဲ့ ကမ္ဘောဒီးယားထက်များတယ် ဘာညာနဲ့ ပြောနိုင်ပါတယ်။ ဒါ့အပြင်အစိုးရကို ကြံဖန်မကောင်းပြောလိုသူ ဆရာကြီးလုပ်လိုသူကလဲ မင်းတို့ကဘယ်လောက်စစ်လို့လဲဆိုပြီး ဖောင်းထုပါမယ်။ ဒါကအပေါ်ကရေးပြထားတဲ့ အမှန်အကန် အချက်အလက် data ပေါ်မူတည်ပြီး လူတွေရဲ့ မိမိထောက်ခံသူပေါ်မှာမူတည်ပြီး အမြင်မတူတာပါ။


ဒါပေမယ့် လာအိုက လူဦးရေ ၇ သန်းလောက်သာရှိတာပါ။ ဒါဆို လူဦးရေ တစ်သန်းမှာ ရောဂါဘယ်နှစ်ယောက်ဖြစ်လဲလို့ကြည့်ရင် စင်ကာပူက ၅၅၃၃၊ မလေးရှားက ၂၃၅၊ အင်ဒိုနီးရှားက ၈၅၊ ထိုင်းက ၄၄၊မြန်မာက ၄၊ ဗီယက်နမ်က ၃၊ လာအိုက ၃ ပါ။ ဒါဆိုရင်မြန်မာက လူတစ်သန်းမှာ ရောဂါဖြစ်သူဟာ လာအိုနဲ့ ဗီယက်နမ်ထက်များပေမယ့် အခြားနိုင်ငံတွေထက် နည်းတာတွေ့ရပါတယ်။ ဒါက စာဖတ်သူများက လာအိုနဲ့ ဗီယက်နမ်ဟာ ကွန်မြူနစ်ဖြစ်ပြီး သတင်းလွတ်လပ်ခွင့်က မြန်မာလောက်မရှိဘူးဆိုတာကိုသိတဲ့ကြားက ယုံခဲ့ရင်ပါ။ ဒါကို ကျန်းမာရေးအတွက် တစ်ဦးချင်းပျှမ်းမျှအသုံးစာရိတ်ပါ ထည့်တွက်ရင် မြန်မာက သူတို့သုံးတဲ့ငွေထက်နည်းပြီး ပိုထိရောက်နေတာတွေ့ရပါတယ်။ မြန်မာပြည်က စစ်အစိုးရလက်ထက် ကျန်းမာရေးအသုံးစာရိတ်ကို လာအိုလောက်တောင် မသုံးခဲ့ဘူးဆို အံ့ဩသွားမလား။


ဒါပေမယ့် NLD ကို ထောက်ခံတဲ့ မီဒီယာကလဲ သူကောင်းတယ်ထင်တာကနေ ရေးမှာဖြစ်သလို ဖွတ်နဲ့အဘတ မီဒီယာကလဲ ယခင်ကရေးခဲ့သလို လာအိုက ရောဂါဖြစ်တာနည်းပြီး မြန်မာကများတာလဲဆိုပြီး ဖွမှာပါ။ ဒါဆို BBC VOA RFA ကို ဗီယက်နမ်ကွန်မြူနစ်ပါတီကပြောတာကိုလက်ခံပြီး ဗီယက်နမ်ကလူတွေကို ယူကေနဲ့ အမေရိကန်မှာ Q မဝင်ဘဲ လက်ခံမလားဆို နိုးပါ။


ယခုအချိန်အထိ ဗိုလ်ချုပ်ကျော်ဆွေဘာဖြစ်လဲ၊ ကာကွယ်ရေးဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း သက်တမ်းတိုးတာကို ဘယ်မီဒီယာကမှ မမေးပါ။ မမေးရဲပါ။


အချို့ကိစ္စတွေမှာ သတင်းစစ်ပွဲအနေနဲ့ ဖွတတ်ပါတယ်။ နောက်ဆုံးကတော့ ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

News source: MOHS, worldometer

269 views3 comments

Recent Posts

See All
bottom of page