ဒီနှစ်မတိုင်ခင်အထိ ၂၀၂၁ မှာ တပ်ချုပ်ဖြစ်ဖို့ ရေပန်းအစားဆုံးက ကြည်း ၁၈၁၃၃ ဗိုလ်ချုပ်ကြီးမြထွန်းဦးပါ။ ဒါပေမယ့် ဒီရက်ပိုင်း အပြောင်းအလဲအချို့က ဒီသီအိုရီကို မေးခွန်းထုတ်လာပါတယ်။
တပ်မတော်မှာ ရက်ပိုင်းအတွင်းက နေရာကြီးတွေကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အချို့ကဗိုလ်ချုပ်ကနေ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်၊ အချို့က ဗိုလ်မှူးချုပ်ကနေ ဗိုလ်ချုပ်ပေါ့။ အများစုကတော့ဗိုလ်မှူးကြီးကနေ ဗိုလ်မှူးချုပ်ရာထူးကိုပါ။ အမိန့်စာက မိမိရာထူးတက်တာသာ မိမိသိပြီး အခြားလူတက်တာက Facebook မှာ congratulations လုပ်မှ ငါနဲ့သင်တန်းအတူတက်ခဲ့သူလဲ ရာထူးတက်ပါလားဆိုတာ သိရတာပါ။
ဒါပေမယ့် ဒီရာထူးတက်သူထဲက အချို့အကြောင်းကို ပြောပြချင်ပါတယ်။
ဒီနေရာမှာ ရာထူးကို ငယ်ငယ်လေးနဲ့ တက်လာခဲ့သူကတော့ အလယ်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းပါ။ သူက ၂၀၁၈ ကမှ တိုင်းမှူးဖြစ်လာပြီး ဗိုလ်မှူးချုပ်ကနေ ဗိုလ်ချုပ်ဖြစ်လာသူပါ။ ယခုကတော့ ၂၀၂၀ မှာ ဒုဗိုလ်ချုပ်ကြီးပေါ့။ သူက DSA 35 ဆင်းဖြစ်ပြီး တပ်မမှူးမဖြစ်ခင်မှာ နေပြည်တော်သဲဖြူကျေးရွာက အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲရေးဌာန ဌာနချုပ်မှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သလို စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)အဖြစ်လဲ ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့်သူဟာ နေပြည်တော်လုံခြုံရေးကိုသာ တာဝန်ယူခဲ့ရပြီး စစ်တကယ်တိုက်ရတဲ့ တိုက်ပွဲအတွေ့အကြုံမရှိခဲ့ပါ။ ၂၀၁၄ တာချီလိတ်တပ်နယ်မှာ ဒုဗိုလ်မှူးကြီးကနေ ဗိုလ်မှူးကြီးနဲ့ ဗျူဟာမှူးလုပ်ခဲ့တာက အလွန်ဆုံးပါ။ သူနဲ့ထိတွေ့တာက RCSS ပေါ့။ ဒါပေမယ့် အဲ့ဒီအချိန်မှာက သိပ်အကြီးအကျယ်မရှိတော့ပါ။
သူကဘာလို့ ရာထူးတက်တာမြန်သလဲဆိုတော့ ကျော်စွာလင်းဟာ ဘမောင်အေးရဲ့ ပထမမူလ ကိုယ်ရေးအရာရှိဖြစ်လို့ သူက စစ်ထောက်ချုပ်ရာထူးကို အရင်ရသွားတာပါ။ သူ့ရာထူးကိုယူတဲ့ ဗိုလ်မှူးချုပ်ကိုကိုဦးကလဲ ဘမောင်အေးရဲ့ ကိုယ်ရေးအရာရှိပါဘဲ။ သူကနောက်မှဖြစ်လို့ တိုင်းမှူးဘဲရသေးတာပါ။ကျော်စွာလင်းတိုင်းမှူးလက်ထက်မှာ ရန်သူက မေမြို့အထိတိုက်သွားတာ အားလုံးအသိပါ။ လုံခြုံရေးကောင်းတာ ပြသွာရတာပါ။ ဒါမျိုး နေဝင်းလက်ထက်မှာဆိုရင်တောင် ထုတ်လိုက်ပါပြီ။ သူက ရာထူးတက်သွားလို့ ခိုင်တာကိုပြသွားတာပါ။
အားလုံးသိတဲ့အတိုင်း ဗိုလ်ချုပ်အောင်စိုးကို ကိုးကန့်ကိစ္စ လေတပ်ကလူကိုဖြုတ်၊ သူ့ကိုလဲ အရပ်ဖက်ကို ဒုဝန်ကြီးနဲ့ ပို့ခဲ့ပေမယ့် သူ့မှာနိုင်ကွက်တစ်ခုရှိတာကြောင့် တပ်ကိုပြန်ခေါ်ပြီး အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး ပေးလိုက်ပုံပါ။ ဒီလိုထူးချွန်သူများနဲ့ ဖွဲ့စည်းထားတဲ့ ကကကြည်းရဲ့ တိုက်ရည်ခိုက်ရည်ကတော့ ပြည်သူကသာ ဆုံးဖြတ်ပါ။
ဒါကဘာထူးမလဲ။ ပုံမှန်ဆိုရင် ဗိုလ်ချုပ်ကြီးမြထွန်းဦးဟာ ၂၀၂၁ မှာ တပ်ချုပ်ဖြစ်ရမှာပါ။ ယခုဖြစ်လာတဲ့သတင်းအရ ရခိုင်ဒေသ မတည်ငြိမ်သေးရင် သူ့ကိုကျော်ပြီး ကြည်း ၂၁၃၉၅ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကိုများပေးမလား မေးစရာရှိလာပါတယ်။ သူကလဲ နေပြည်တော်မှာသာ တိုင်းမှူးလုပ်ဖူးသူပါ။ သူက တပ်ချုပ်၊ ကျော်စွာလင်းက ဒုတပ်ချုပ်ပေါ့။ မိုးမြင့်ထွန်းက ဘရွှေလူ၊ ကျော်စွာလင်းက ဘအေးလူပေါ့။ လောလောဆယ်မှာတော့ ဘယ်သူမှသေချာသိမှာမဟုတ်ပါ။ အားလုံးဟာ ၂၀၂၀ရွေးကောက်ပွဲမှာ NLD က နိုင်မလား နိုင်ရင် ဘယ်လိုနိုင်မလဲပေါ်မှာ မူတည်ပါလိမ့်မယ်။ သူတို့ရဲ့ ထိပ်ပိုင်းကိုပြောင်းလဲပုံက သိပ်ထူးစရာတော့ မရှိသေးပါ။
ပြည်သူက တစ်ခဲနက်မဲပေးခဲ့ရင်တော့ သူတို့လဲ နှစ်ခါပြန်စဉ်းစားမှာပါ။
ပြည်သူအနေနဲ့က ဒီ ၂၀၂၀ မှာ NLD ကိုမဲပေးပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားလိုက်ပါ။ ကိုဗစ်ပြီးရင်က မအလနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဖြစ်နိုင်ရင် လုပ်အားပေးထဲ ဝင်ထားပါ။ နိုင်ငံတော်က သင့်ကို လိုလာပါလိမ့်မယ်။
Comments