top of page
Search

မေတ္တာရဲ့ အသွားအပြန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 9, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း DASSK က အခြေခံလူတန်းစားတွေကို ထောက်ပံ့မယ်ဆိုတော့ ပြည်သူတွေကလဲ ဝန်းရံကြတာတွေ့ရပါတယ်။ ထို့အတူပါဘဲ သူမက မီတာခကို ၁၅၀ ယူနစ်အလကားဆိုတော့လဲပြည်သူက ဝင်လှူတာ တွေ့ရပါတယ်။

ဒါတွေဟာ သူမက ပြည်သူကို ဘာလှူပါ ညာလှူပါဆိုပြီး ပြောနေတာမဟုတ်ပါ။ သူမက မေတ္တာနဲ့ပြောတာကို ပြည်သူက မေတ္တာနဲ့ လိုက်တုံ့ပြန်တာပါ။ စာရေးသူတို့ရဲ့ တိုင်းပြည်မှာက အာဏာတွေ အမိန့်တွေနဲ့ လုပ်လာတာကြာတော့ ဒါမျိုးက အင်မတန်ထူးဆန်းနေပါတယ်။

နောက်ပြီးတော့ ဒုအုပ်ချုပ်ရေးမှူး ကွယ်လွန်တယ်။ သူ့ကို သူ့ဘာသာရေး ဓလေ့ထုံးစံအရ စျာပနပြုလုပ်ပေးခဲ့တာဟာလဲ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ လုပ်ရပ်ပါ။ သူ့အမျိုးသမီးက ကလေးတွေကိုသူမနဲ့ထားဖို့ တောင်းဆိုရာမှာလဲ အတိုင်ပင်ခံက Facebook ကနေ နေ့ချင်းသိပြီး ဖြစ်နိုင်ရင် ရွှေ့ပေးဖို့ကျန်းမာရေးဝန်ကြီးဌာနကို ပြောပေးပါတယ်။ ပုံမှန်ဆို သူမထံရောက်ဖို့ ကြာမှာပါ။ သူမကကျန်းမာရေးဝန်ကြီးကို အမိန့်မပေးပါ။ ဖြစ်နိုင်လား စည်းကမ်းနဲ့ညီမလား လုပ်လို့ရမလားဆိုပြီး ခွင့်တောင်းတာပါ။ ဒါကလဲ ပညာရှင်တွေကို DASSKက လေးစားတာဆိုတာကို ပြပါတယ်။ အင်မတန်ကောင်းတဲ့ အလေ့အထပါ။

ကလေးတွေကို တစ်နေ့ထဲ ရန်ကုန်ရောက်အောင် စုပေါင်းဆောင်ရွက်ခဲ့တာဟာလဲ မင်္ဂလာတစ်ပါးပါ။

စာရေးသူတို့တိုင်းပြည်ကို မျိုးစုံပြောဆိုကြတာရှိပေမယ့် ပြည်သူတွေဟာ မေတ္တာနဲ့အစိုးရကိုတုံ့ပြန်တာအစိုးရအနေနဲ့လဲ လက်ရှိခြေဥဘောင်အတွင်းက သူအမိန့်ပေးလို့ရတဲ့ အဖွဲ့တွေ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တာဟာ ဘာကိုပြသလဲဆိုတော့ မြန်မာပြည်ဟာ လက်ရှိအစိုးရအောက်မှာသာလက်နက်ကိုင်တပ်ဖွဲ့ပါရှိခဲ့ရင် စာရေးသူတို့တိုင်းပြည်ဟာ အရှိန်အဟုန်နဲ့ တိုးတက်သွားနိုင်တယ်ဆိုတာကို ပြနေပါတယ်။

မေတ္တာဟာ ကမ္ဘာဦးအစကထဲကနေ ၂၀၂၀ အထိ အရေးကြီးနေဆဲပါ။ မေတ္တာခြုံလို့ လုံပါစေ။ လူအချင်းချင်း လှည့်ပတ်ချင်း ကင်းဝေးကြပါစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page