top of page
Search

မေတ္တာက စကားပြောတယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 14, 2019
  • 1 min read

မေတ္တာက စကားပြောတယ်

အားလုံးသိတဲ့အတိုင်း ဘင်္ဂါလီကိစ္စဟာ လက်ရှိအစိုးရနဲ့ ဘာမှမဆိုင်ဘဲ အာဆာကဝင်တိုက် နောက်တပ်ကပြန်အတိုက်မှာ ဘင်္ဂါလီတွေက ဘင်္ဂါလားကိုထွက်ပြေးရာက စခဲ့ပါတယ်။

ပြဿနာအစမှာ အားလုံးက အစိုးရအပေါ်အပြစ်တင်ကြပါတယ်။ DASSK ကလဲ သူမတတ်နိုင်သလောက်ရှင်းပြပေမယ့် နားမပေါက်ခဲ့ပါ။ ဒါပေမယ့် အစိုးရဟာ စေတနာ မေတ္တာကို အရင်းခံပြီးပြန်လာသူတွေကို ပြန်လာလို့ရအောင် ပြင်ဆင်ပေးခဲ့ပါတယ်။ သူတို့ရဲ့ နိုင်ငံသားတောင်းဆိုမှုကိုတော့ဥပဒေအရသာဆိုပြီး တည်ငြိမ်စွာပြန်ဖြေခဲ့ပါတယ်။

ဒီနေရာမှာ ဘင်္ဂါလီတွေကလဲ ဘာရမှပြန်လာမယ် ဘာညာဆိုပြီး အထာကိုင်နေခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတကာက ဘင်္ဂါလီကိစ္စမှာ ဂျပုကိုသာ ပြောလာခဲ့ပါတယ်။ ဒီနေရာမှာ အစိုးရက ဘင်္ဂါလီဒုက္ခသည်စခန်းထဲမှာ အကြမ်းဖက်သမားတွေ ရှိနေတယ်ဆိုတာပြောခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရကအရေးမယူခဲ့ပါ။ ဒါပေမယ့် အဲ့ဒီအကြမ်းဖက်သမားတွေက သူ့တိုင်းပြည်မှာ အကြမ်းဖက်ရာမှာတော့ဝင်ပစ်ပါတယ်။ လူပေါင်း ဒါဇင်ဝက်သေသွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဖုန်းပိတ်တာ၊ အင်တာနက်ပိတ်တာတွေ လုပ်လာခဲ့သလို ကယ်ဆယ်ရေးသမားတွေကိုလဲ ကန့်သတ်လာခဲ့ပါတယ်။ နောက်ပိုင်း လူ့အခွင့်အရေးသမားတွေ မေးခွန်းထုတ်စရာဖြစ်လောက်အောက် သားဆက်ခြားရေးပါ လုပ်လာတာတွေ့ရပါတယ်။ သူက သူ့လူမျိုး ဘာသာစကားတူချင်းကို လုပ်တာပါ။ ဒါသူ့တိုင်းပြည်မှာ နှစ်နှစ်ကျော်အတွင်းအသံထွက်လာတာပါ။

မြန်မာပြည်ကို အပြစ်ပြောခဲ့တဲ့ အနောက်တိုင်းဟာ တူရကီက ၅ ရက်အတွင်း ကဒ်လူမျိုးတစ်သိန်းခွဲကျော်ကို သူတို့နေရာ ဆီးရီးယားက ထွက်သွားအောင်လုပ်ခဲ့ပါတယ်။ လုပ်နေဆဲပါ။ ဒီနှုန်းနဲ့ဆို မြန်မာ့တပ်မတော်ကို နေတိုးရဲ့ တူရကီတပ်က ကျော်တက်ပါတော့မယ်။ မြန်မာက သူ့တိုင်းပြည်ထဲကထွက်အောင်လုပ်တာမိုလို့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အပြောခံခဲ့ရပြီး ယခုအန်ကယ်ဆမ်ရဲ့ နေတိုးမဟာမိတ်တူရကီက သူများတိုင်းပြည်ထဲကို ကျူးကျော်ပြီး လူမျိုးတုန်းလုပ်နေတာပါ။ ဒါကွာတာပါ။

မြန်မာပြည်ကို ကုလမှာ ဘာလုပ်မယ် ညာလုပ်မယ် ဖိအားပေးသူများဟာ ယခုမြန်မာပြည်ကထက်ဆိုးတဲ့ လူမျိုးတုန်း ပြောင်းရွှေ့မှုကို သူများတိုင်းပြည်ဝင်တိုက် ကျူးလွန်သူနဲ့တွေ့နေရပါပြီ။ တူရကီက အဲ့ဒီနေရာက ကဒ်လူမျိုးတွေနေရာမှာ ဆီးရီးယား အာရပ်တွေနဲ့ နေရာချဖို့ပါ။

အားလုံးဆက်လော်ပါ။ ဒီအစိုးရကို ဆက်တိုက်ခိုက်ပါ။ ဒီအစိုးရကတော့ အားလုံးကိုမေတ္တာနဲ့သာ တုန့်ပြန်နေပြီး သင်တို့သာ ဒုက္ခပိုရောက်လာမှာပါ။ မြန်မာကို ဖိအားအများဆုံး ဘင်္ဂါလီကိုယ်စား ဖိအားပေးတဲ့ အင်္ဂလန်ဟာ ဥရောပက ခွဲရေး တွဲရေးနဲ့ အခြားကိစ္စ မလုပ်နိုင်သေးပါ။ အမေရိကန်ကလဲ တူရကီကိစ္စနဲ့ တိုင်ပတ်နေပါတယ်။ မြန်မာကို တရုတ်ရင်ခွင်ထဲရောက်အောင်တော့ ဖိအားမပေးပါ။ သူလဲမြန်မာပြည်မှာ အစိုးရနှစ်ရပ်ဆိုတာ သိပါတယ်။ အချို့ကိစ္စတွေမှာ မေတ္တာ အဆင်ပြေနေတာ တွေ့ရပါတယ်။ အစိုးရကို မကောင်းကြံသူတွေကတော့ ဒုက္ခဆက်ရောက်မှာပါ။ အစိုးရတော့ ပန်းပန်လျှက်ပါလို့ပြောပါရစေ။

News Source: DW, The Guardian, Al-Jazeera, The Telegraph

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page