top of page
Search

မီတာခမှပြောသော၂၀၂၀အဖြေ မီတာခမွေျပာေသာ၂၀၂၀အေျဖ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 27, 2019
  • 1 min read


၂၀၁၆ဒီမိုအစိုးရတက္ၿပီးကထဲကဝန္ႀကီးခ်ဳပ္ေတြကိုစနစ္တက်အေကာင့္တုေတြနဲ႔တိုက္ခိုက္ခဲ့ပါတယ္။ေအာင္ျမင္သင့္သေလာက္ေအာင္ျမင္ပါတယ္။ဒါေပမယ့္အဘကမိန္႔ခြန္းထထေျပာရင္ျပည္သူေတြကသတိျပန္ရၿပီးအဘျပန္တက္မွာကိုပိုေၾကာက္လို႔ဝန္ႀကီးခ်ဳပ္ေတြဘာျဖစ္ျဖစ္NLD ကိုသာမဲေပးမယ္လို႔ျဖစ္ပါတယ္။ယခုဂန္ဒူးႏိုင္ငံေရးအေနနဲ႔ဘုန္းႀကီးနဲ႔လွည့္တိုက္ပါတယ္။ျပည္သူကထြက္မလာပါ။ဒါနဲ႔ရန္ကုန္စည္ပင္ေရြးေကာက္ပြဲမွာအဘတို႔ဗ်ဴဟာေျပာင္းပါတယ္။အဘလူမပါဘဲနဲ႔ NLD ကလြဲလို႔က်န္သူကိုမီဒီယာနဲ႔ေျမႇာက္ၿပီးစင္ေပၚတင္ေပးတဲ့နီးပါ။အေမစုအမ်ိဳးလိုဒီမိုလိုလိုေပါ့။ဒီဗ်ဴဟာကလဲမေအာင္ျမင္ခဲ့ပါ။ဒါေၾကာင့္ျပည္မမွာကNLDဟာမဲလာေပးသူနည္းရင္ေတာင္ႏိုင္မယ္ဆိုတာေသခ်ာသြားခဲ့ပါၿပီ။

ျပည္နယ္ေတြမွာေရာNLD ႏိုင္အံုးမလား? ရခိုင္မွာ၄ေနရာသာႏိုင္ထားတာပါ။ဒါေၾကာင့္ထပ္ၿပီး႐ံႈးစရာမရွိပါ။ရွမ္းမွာကလဲNLD က၁၉၉၀ကေရာ၂၀၁၅မွာပါသူႏိုင္ေနတဲ့ေနရာကSNLD ထက္နည္းခဲ့ပါတယ္။NLD နဲ႔SNLD ေပါင္းၿပီးဖြတ္မတက္ေအာင္လုပ္ႏိုင္ရင္အဆင္ေျပပါမယ္။

ဒီေနရာမွာဖြတ္ေမာင္သင္းရဲ႕မဲဆႏၵနယ္လိုေနရာမွာယခုအာဏာရပါတီNLD ကႏိုင္လာႏိုင္ပါတယ္။အခ်ိဳ႕ကစည္းကမ္းတက်ေရြးေကာ္ကလုပ္ရင္ဖြတ္ထံကထပ္ႏိုင္ဖို႔သာရွိပါမယ္။

တပ္မဲကိုစည္းကမ္းတက်ခိုးမရေအာင္လုပ္ႏိုင္ရင္ဖြတ္ရန္ကကာကြယ္ႏိုင္ပါမယ္။ဒီေနရာမွာမီတာခတက္မယ္လို႔ေၾကျငာအၿပီးျပည္သူေတြရဲ႕တံု႔ျပန္မႈကိုနားေထာင္ၾကည့္ပါတယ္။ျမန္မာျပည္ရဲ႕မီတာအမ်ားစုကိုသံုးေနတာကရန္ကုန္နဲ႔မႏၲေလးျဖစ္ၿပီးထိုၿမိဳ႕ကလူေတြကအသံထြက္ေပမယ့္သိပ္မက်ယ္ပါ။ဒါဟာအၿပီ႐ိုက္တဲ့အကြက္ပါ။ဒါေပမယ့္ျပည္သူေတြကNLD ကိုမဲမေပးေလာက္ေအာင္ေတာ့မျဖစ္သြားပါ။လမ္းေပၚထြက္မလာပါ။

တိုင္းရင္းသားေနရာေတြျဖစ္တဲ့မြန္ျပည္နယ္နဲ႔အျခားျပည္နယ္အခ်ိဳ႕မွာတိုင္းရင္းသားပါတီေတြေနရာအနည္းငယ္ပိုရလာႏိုင္ေပမယ့္ဒါေတြဟာဖြတ္ေနရာေတြကိုNLD ႏိုင္တာနဲ႔ျပန္ဖာေတးသြားမွာပါ။

ဒါေၾကာင့္မီတာခအၿပီးမွာေသခ်ာသြားတဲ့အေျဖက၂၀၂၀လဲNLD အစိုးရဘဲဆိုတာပါ။NLD မဲဆြယ္ဖို႔ကဗိ္ုလ္ခ်ဳပ္ထြန္းထြန္းညီကိုသတင္းစာရွင္းလင္းပြဲမ်ားမ်ားလုပ္ခိုင္းဖို႔ပါ။ဒါဆိုNLD မဲထြက္မဆြယ္ေတာင္အဆင္ေျပပါတယ္။


Unicode version

မီတာခမှပြောသော၂၀၂၀အဖြေ

၂၀၁၆ဒီမိုအစိုးရတက်ပြီးကထဲကဝန်ကြီးချုပ်တွေကိုစနစ်တကျအကောင့်တုတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။အောင်မြင်သင့်သလောက်အောင်မြင်ပါတယ်။ဒါပေမယ့်အဘကမိန့်ခွန်းထထပြောရင်ပြည်သူတွေကသတိပြန်ရပြီးအဘပြန်တက်မှာကိုပိုကြောက်လို့ဝန်ကြီးချုပ်တွေဘာဖြစ်ဖြစ်NLD ကိုသာမဲပေးမယ်လို့ဖြစ်ပါတယ်။ယခုဂန်ဒူးနိုင်ငံရေးအနေနဲ့ဘုန်းကြီးနဲ့လှည့်တိုက်ပါတယ်။ပြည်သူကထွက်မလာပါ။ဒါနဲ့ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာအဘတို့ဗျူဟာပြောင်းပါတယ်။အဘလူမပါဘဲနဲ့ NLD ကလွဲလို့ကျန်သူကိုမီဒီယာနဲ့မြှောက်ပြီးစင်ပေါ်တင်ပေးတဲ့နီးပါ။အမေစုအမျိုးလိုဒီမိုလိုလိုပေါ့။ဒီဗျူဟာကလဲမအောင်မြင်ခဲ့ပါ။ဒါကြောင့်ပြည်မမှာကNLDဟာမဲလာပေးသူနည်းရင်တောင်နိုင်မယ်ဆိုတာသေချာသွားခဲ့ပါပြီ။

ပြည်နယ်တွေမှာရောNLD နိုင်အုံးမလား? ရခိုင်မှာ၄နေရာသာနိုင်ထားတာပါ။ဒါကြောင့်ထပ်ပြီးရှုံးစရာမရှိပါ။ရှမ်းမှာကလဲNLD က၁၉၉၀ကရော၂၀၁၅မှာပါသူနိုင်နေတဲ့နေရာကSNLD ထက်နည်းခဲ့ပါတယ်။NLD နဲ့SNLD ပေါင်းပြီးဖွတ်မတက်အောင်လုပ်နိုင်ရင်အဆင်ပြေပါမယ်။

ဒီနေရာမှာဖွတ်မောင်သင်းရဲ့မဲဆန္ဒနယ်လိုနေရာမှာယခုအာဏာရပါတီNLD ကနိုင်လာနိုင်ပါတယ်။အချို့ကစည်းကမ်းတကျရွေးကော်ကလုပ်ရင်ဖွတ်ထံကထပ်နိုင်ဖို့သာရှိပါမယ်။

တပ်မဲကိုစည်းကမ်းတကျခိုးမရအောင်လုပ်နိုင်ရင်ဖွတ်ရန်ကကာကွယ်နိုင်ပါမယ်။ဒီနေရာမှာမီတာခတက်မယ်လို့ကြေငြာအပြီးပြည်သူတွေရဲ့တုံ့ပြန်မှုကိုနားထောင်ကြည့်ပါတယ်။မြန်မာပြည်ရဲ့မီတာအများစုကိုသုံးနေတာကရန်ကုန်နဲ့မန္တလေးဖြစ်ပြီးထိုမြို့ကလူတွေကအသံထွက်ပေမယ့်သိပ်မကျယ်ပါ။ဒါဟာအပြီရိုက်တဲ့အကွက်ပါ။ဒါပေမယ့်ပြည်သူတွေကNLD ကိုမဲမပေးလောက်အောင်တော့မဖြစ်သွားပါ။လမ်းပေါ်ထွက်မလာပါ။

တိုင်းရင်းသားနေရာတွေဖြစ်တဲ့မွန်ပြည်နယ်နဲ့အခြားပြည်နယ်အချို့မှာတိုင်းရင်းသားပါတီတွေနေရာအနည်းငယ်ပိုရလာနိုင်ပေမယ့်ဒါတွေဟာဖွတ်နေရာတွေကိုNLD နိုင်တာနဲ့ပြန်ဖာတေးသွားမှာပါ။

ဒါကြောင့်မီတာခအပြီးမှာသေချာသွားတဲ့အဖြေက၂၀၂၀လဲNLD အစိုးရဘဲဆိုတာပါ။NLD မဲဆွယ်ဖို့ကဗိ်ုလ်ချုပ်ထွန်းထွန်းညီကိုသတင်းစာရှင်းလင်းပွဲများများလုပ်ခိုင်းဖို့ပါ။ဒါဆိုNLD မဲထွက်မဆွယ်တောင်အဆင်ပြေပါတယ်။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page