top of page
Search

မီတာခမှပြောသော တာဝန်

Writer: Myat Tun Oo
Myat Tun Oo
Apr 24, 2020
1 min read

စာရေးသူတို့တိုင်းပြည်မှာ လျှပ်စစ်မီးသုံးရင် မီတာခဆောင်ရတာက လူတိုင်းသိပြီးသားကိစ္စပါ။ စာရေးသူလဲ အဘဝင်းထဲမှာ နေရပေမယ့် ရန်ကုန်ကအိမ်အတွက်တော့ မီတာဆောင်ရပါတယ်။

ဒါပေမယ့် ဒီမီတာခဟာ ကိုဗစ်ဖြစ်ချိန်မှာ ပြဿနာစတက်ပါတယ်။ လူတွေမီတာခဆောင်ဖို့ တန်းစီတာကို ဓာတ်ပုံရိုက်တင်ပြီး ဝေဖန်ချိန်မှာ အစိုးရက မီတာခဆောင်ရမယ့်အချိန်ကို နောက်ဆုတ်ပေးလိုက်ပါတယ်။ ဒီလို အစိုးရက ပြည်သူ့အသံကို နေ့ချင်းတုန့်ပြန်တာဟာ မြန်မာ့သမိုင်းမှာ ရှားပါတယ်။

ပုံမှန်မီတာခက လဆန်းရက်မှာဖတ်ပြီး ၂၀-၂၁ရက် ဆောင်ရတာနဲ့ နောက်မှဆောင်ရတဲ့ အုပ်စုနှစ်ခုလောက်ရှိပါတယ်။ စာရေးသူကလဲ ၂၁ ရက်လောက်နောက်ဆုံးဆောင်ရမယ့်အုပ်စုပါ။

ဒီအချိန်မှာ ပထမရရချင်းပြီးတော့ တစ်ရက်လောက်နဲ့ ရုံးပိတ်သွားလို့ ကြားရက်ကမဆောင်လိုက်ရပါ။

ဒီနေရာမှာ အစိုးရက ဘာမှားသလဲ? သူကောက်နေတဲ့အတိုင်း စာထွက်ပါတယ်။ ဒါပေမယ့် ကိုဗစ်က ထဖောက်ပါတယ်။ အားလုံးမှတ်မိသလားတော့မသိပါ။ ဒေါပုံလို digital meter လုပ်ဖို့ ကွီးပြောချိန်က ဝိုင်းရယ်ခဲ့တာ။ ယခုအချိန်မှာ ဒေါပုံက အေးဆေးပါ။ ဒါပေမယ့် အခြားမှာနေသူတွေက ပြာပါတယ်။

စာရေးသူတို့ ပြည်သူအများစုဟာ Facebook ကို သုံးပါတယ်။ ဘဏ်မှာ ပိုက်ဆံတွေလဲ အနည်းနဲ့အများအပ်ထားကြပါတယ်။ Facebook သုံးပေမယ့် လိုင်းပေါ်ကနေ ဘဏ့်အကောင့်ကို မသုံးကျပါ။ ဒီမီတာခက လိုင်းပေါ်ကနေပေးလဲ ရပါတယ်။ စာရေးသူက ရန်ကုန်အိမ်ကလူများကို အပြင်မထွက်စေလိုပါ။ အမေက အသက်ကြီးလို့ပါ။ ဒါကြောင့် ဘဏ်ကနေ မီတာခပေးဖို့ ကြိုးစားပါတယ်။ ဖြစ်ချင်တော့ စာရေးသူရဲ့ဘဏ်ကလိုင်းပေါ်ကနေ မီတာခဆောင်လို့မရပါတဲ့။

ဒါနဲ့ OK dollar ကိုဖွင့်ပြီး ဆောင်လိုက်ရပါတယ်။ နောက်ဆုံးလူမသွားရဘဲ အဆင်ပြေသွားပါတယ်။ထိုနည်းတူစွာ စည်ပင်ခွန်၊ အင်တာနက်၊ sky net တွေကိုလဲ လိုင်းပေါ်ကဆောင်လို့ရပါတယ်။

ဒီနေရာမှာပြောလိုတာက အစိုးရကိုသာ အပြစ်တင်မနေဘဲ စာရေးသူတို့ကိုယ်တိုင်လဲ နည်းပညာကိုအကျိုးရှိစွာ အသုံးချပြီး ကိုဗစ်မှာ ကျန်းမာစွာနေနိုင်ကြောင်း ပြောလိုတာပါ။ ယခုနောက်ပိုင်း အခွန်အခတွေ၊ bill တွေကို လိုင်းပေါ်ကနေ ပေးနိုင်အောင် ဘဏ်အများစုက လုပ်ထားပါတယ်။ အားလုံး ဝိုင်းကြိုးစားသုံးရင် အဆင်ပြေမှာပါ။ အစိုးရကို အပြစ်ပြောရုံနဲ့ အဆင်မပြေဘဲ နည်းပညာကို Facebook အတွက်မသုံးဘဲ မိမိအကျိုးအတွက် တာဝန်သိစွာ အသုံးချပါလို့ ပြောပါရစေ။ ဒါဆို အပြင်ထွက်စရာမလိုတော့လို့ အသက်ပါ ပိုရှည်သွားနိုင်ပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


U Myint Soe Oo
U Myint Soe Oo
Apr 24, 2020

ဦးမြတ်! ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်ဆိုတဲ့ စကားလိုဖြစ်နေပါပြီ။ လူတွေတော့ရှိတယ်။လူ၏အရင်းအမြစ်ဖြစ်သော #ဉာဏ်နှင့်ယှဥ်သောစွမ်းဆောင်ရည်#ချို့တဲ့မှုဟုသုံးသပ်မိပါ၏။ Fb သုံးစွဲသူ အများစုဟာ Fbဟာ #သုံးတတ်ရင်ဆေးမသုံးတတ်ရင်ဘေး#ဗမာစကားပုံကို မေ့ထားကြခြင်းဟာလည်း အကြောင်းရင်းတစ်ခုပါ။%တော်တော်များများဟာ ထင်ပေါ်ကျော်ကြားလူသိများလိုမှုအတွက် တင် ကြတယ်။အများ အထင်အမြင်မှားမှာစိုးလို့ ထောက်ပြတယ် ပြန်ချေပတာ ပြစ်ပြစ်နစ်နစ်ခံရတယ်။ ဘေးသင့်ပုံလေးတစ်ခုပေါ့။ ဉာဏ်ထက်တဲ့သူ စိတ္တာနုပဿနာရှု ဆိုပြီးတင်တယ် ။ အမှန်က ဉာဏ်ထိုင်းပြီး ငါစွဲများသူ စိတ်ရှုဟု မိုးကုတ်ဆရာတော်ဘုရားကြီးမှဟောထားတာ။အမှန်ထောက်ပြတော့ လက်မခံတဲ့ အပြင် နောက်နေ့ ဆရာတော်ကြီးအဆုံးအမများကို သိတဲ့အတွက် ကြည်ညိုလွန်းလို့ တင်ပါ တယ်ဆိုပြီး အဆုံးအမများရေးပြီး အောက်ခြေမှာ သူ၏အမည်ကို ရေးထိုးပြီးတင်တာ။ ခုခေတ်လူအများပြောပြောနေတဲ့ #မူပိုင်ခွင့်# ဆိုတာကို နားလည်နိုင်တဲ့ စွမ်းဆောင်ရည် အရင်းအမြစ်မရှိရှာဘူး။တနည်းအားဖြင့် #ခိုးမှု#မြောက်တဲ့အပြင် ဉာဏ်တော်ကို မရိုသေမှု #အဂါရဝ#ဖြစ်တယ်ဆိုတာ မသိရှာဘူး။ ဘေးသင့်တာနော် / မသုံးတတ်လို့။ ခုတလော နာမည်ကြီးတစ်ချို့ မလုံမလဲ ဝတ် / တစ်ချို့ဆို မပေါ်ရုံ တင်ကြတယ်။ကြည့်သူအများစုဟာ မဆင်ခြင်နိုင်ရင် ကြည့်သူရင်မှာ ကာမရယူခံစားလိုစိတ်တွေ ပေါက်ဖွါးလာမှာပါ။ ဒီစိတ်တွေကြောင့် နိုင်ငံအဝှမ်း မုဒိမ်းမှုတွေ တိုးပွားလာရတယ်ဆိုလျှင် ဦးမြတ် ငြင်းမှာလား? ။မုဒိမ်းအခန်းမှာ #ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တယ်# (သူတို့အပြော) ဇတ်ရုပ်ပီပြင်တယ်လို့ ဖေ့စ်ဘုတ်မှာ တင်တယ်။ #နာမည်ကြီးစကားသတိထားရပါမည်#။ ဦးမြတ် စကားနဲ့ ကျွန်တော့် စကား ဘယ်သူ့စကား ပုံ၍ ပိုယုံကြမှာလဲ။ တချိန်က ​ွေးအကွက်ဆိုပြီး တောရောမြိုပါ အပြိုင်အဆိုင် ဝတ်ဆင်ကြတာ အထည်ဆိုင်မှာ ​ွေးအကွက်ဟာ TOP ONE. ။ အရင်က အဘိဓမ္မာတတ်ချင်လို့ ဆရာတော်ထံ သွားရောက်သင်ယူရပါ၏။ခုချိန်မှာတော့ လက်ကလေးနဲ့ထိလိုက်တာနဲ့ ♥။ မရှင်းတာရှိရင် ဆရာတော်ထံ လူကိုယ်တိုင် သွားရောက်လျှောက်ပေါ့။ မြို့တွင်းမှာဖြစ်ပေမယ့် ဖုန်းနဲ့တော့ဖြင့် မလျှောက်စေလို။ ခုချိန် အမေ့အတွက်ဆေးမှာတာ လက်ကလေးနဲ့ တောက်ပြီးမှာလိုက်တာ မန္တလေးအနေ အမြန်ချောပို့ဖြင့် ရောက်လို့ သောက်နေရပါပြီ။ခရီးစရိတ် သောင်းချီမကုန်။လူမပင်ပန်း။ရရှိသောအကျိုးကျေးဇူး။ ကျွန်တော့်အမြင်ကိုတင်ပြအပ်ပါသည် ။ အမြင်ရှင်း၍ လင်းနိုင်ကြပါစေ။ မေတ္တာဖြင့်

Like

Aung Myint
Aung Myint
Apr 24, 2020

မှန်ပါတယ်ခင်ဗျာ ။ Covid -19 အလွန်ကာလတွေကနေစပြီး လူမှုဆက်ဆံရေး နဲ့တကွ လူ့ပတ်ဝန်းကျင် တစ်ခုလုံးရဲ့ နိုင်ငံရေး စီးပွားရေး ၊ ကျန်းမာရေး အစရှိတဲ့ကိစ္စရပ်တွေ ၊ ကမ္ဘာနိုင်ငံ အသီးသီးရဲ့ လူနေမှုပုံစံ အတော်များများကို နောင် ရှေ့ဆက်မယ့် အနာဂတ်ကမ္ဘာကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ယုံကြည်ဆက်ဆံရေး အတွက် ပြောင်းလဲရမယ့် အရာတွေရှိလာ ပါတော့မယ် ။ သေချာတာကတော့ ... စိတ်ကောင်းမထားနိုင်ရင် ရှင်သန်ရင်ဆိုင်ဖို့ ခက်ခဲလာမယ့် အနာဂတ် နေ့ရက်တွေကို ဖြတ်သန်းရပါတော့မယ်။ ကျေးဇူးပါ ဗျာ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page