top of page
Search

မီတာခနှင့်သင့်ရင်သွေးအနာဂတ်(Unicode version)

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 2, 2019
  • 1 min read


မီတာခတက်လို့ဆောင်မယ်ပြောသူရှိသလိုအချို့ကလဲမကျေနပ်ပါ။မိမိပိုက်ဆံပေးရမှာမိုလို့မကျေနပ်တာကိုနားလည်နိုင်ပါတယ်။ဒါကိုမကြိုက်တာကိုလက်ခံပါတယ်။ပိုက်ဆံပိုပေးရမှာကိုဘယ်သူကကြိုက်မလဲ။ဒါပေမယ့်ဒီမီးပြဿနာကကြာနေခဲ့ပါပြီ။မီးကဖြစ်သင့်တဲ့နှုန်းထက်နည်းနေလို့ရင်းနှီးမြုပ်နှံမှုကမလာနိုင်၊ရင်းနှီးသူမလာတော့မီးကပျက်ပြီးလုံးချာလည်လိုက်နေခဲ့ပါတယ်။ယခင်အာဏာရှင်လက်ထက်ကတော့မိမိကမတရားအာဏာသိမ်းထားလို့မီတာခတက်ရင်ဆူမှာစိုးလို့မလုပ်ခဲ့တာပါ။ဓာတ်ဆီစျေးတက်တာကိုမှတ်မိမှာပါ။ယခုနောက်ပိုင်းကားတွေဟာဆီကိုတန်းစီစောင့်စရာမလိုဘဲအဆင်ပြေသွားခဲ့ပါပြီ။

ဒီနေရာမှာမနေ့ကမီတာခတက်လို့ဆန္ဒပြသူကိုကြည့်လိုက်ပါတယ်။ပုဇွန်တောင်ကဆန္ဒပြသူကိုဦးဆောင်ခဲ့သူကတော့ဦးစိုးမင်းသန်းဖြစ်ပြီးသူကဖွတ်ပါတီကအမတ်အဖြစ်၂၀၁၅မှာဝင်ပြိုင်ပြီးရှုံးခဲ့သူပါ။သူ့အမျိုးတွေအပေါင်းအသင်းတွေလဲပါခဲ့ပါတယ်။သူတို့မျှော်မှန်းခဲ့တာကဆန္ဒပြပြီးဆူးလေကိုလမ်းလျှောက်လိုက်ရင်၈၈လိုများဖြစ်မလားရွှေဝါရောင်များဖြစ်မလားပေါ့။ဒါပေမယ့်မနေကလူအုပ်က၁၅၀ထက်မပိုခဲ့ပါဘူး။ရန်ကုန်လိုလူသန်းချီနေတဲ့မြို့မှာ၁၅၀သာတက်တယ်ဆိုတာအဘကိုအရှက်ခွဲလိုက်တာပါ။အဘကလူတွေကသာမီတာခတက်လို့လမ်းပေါ်ထွက်ရင်အီဂျစ်ကမော်စီကိုဖြူတ်သလိုရဟတ်ယဉ်တွေနဲ့ပြည်သူနဲ့အတူဆိုပြီးမြို့တော်ခန်းမအပေါ်ကပျံပြမလို့ပါ။ဒါပေမယ့်လူ၁၅၀လောက်သာထွက်လာလို့အဆင်မပြေပါ။ဒီနေ့တော့အမျိုးသားရေးသမားတွေဟာမီတာတက်တာကိုဆန္ဒပြသူဖြစ်သွားပြန်ပါပြီ။

မီတာခတက်တာကိုခြွေတာသုံးပြီးသာတုံ့ပြန်သင့်ပါတယ်။မလိုရင်ပိတ်တာမီးလုံးကိုယခုနောက်ပေါ်တဲ့မီးအားကုန်တာနည်းတာနဲ့ပြောင်းတတ်တာမျိုး၊စောစောအိပ်ပြီးမီးပိတ်တာမျိုးပေါ့။ဒီလိုဆိုရင်မီတာခအကုန်သက်သာမှာဖြစ်သလိုသင့်ရင်သွေးကိုလဲအသုံးနဲ့အဖြုန်းခွဲခြားတတ်အောင်သင်ပေးလိုက်သလိုဖြစ်မှာပါ။

ဆန္ဒပြချင်ရင်တော့ခြေဥပြင်ဖို့သာပြပါ။ပြင်နိုင်ရင်ငြိမ်းချမ်းရေးရလို့စစ်အသုံးစာရိတ်တွေကတိုင်းပြည်အတွက်ဖြစ်လာရင်သူခိုးဆိုသူတွေကိုစာရင်းစစ်လို့ရရင်လခတွေကိုယခုထက်ပိုပေးနိုင်မှာပါ။အချို့ကိစ္စတွေကအနာခံမှအသာစံရမှာပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page