top of page
Search

မျိုးဆက်မတူသောအခါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 28, 2021
  • 1 min read

မအလအာဏာသိမ်းချိန်မှာ တွက်ခဲ့တာက NLD ခေါင်းဆောင်ပိုင်းကို ဖမ်းထိန်းနိုင်ရင် တိုင်းပြည်ကိုရပြီလို့ပါ။ ဆန္ဒပြသူတွေကလဲ ပစ်လိုက်ရင် ကြောက်သွားမယ် ပြီးလို့ ပွဲလမ်းသဘင်လုပ်ပေးလိုက်ရင် မေ့သွားမယ်ဆိုတာပါ။ နောက်ဘာသာရေးသမားများကိုတော့ ဆရာတော်ကြီးတွေကို အသုံးချပြီး သီးခံကြဖို့ ကံကိုသာ အပြစ်ပုံချပြီး သူ့အုပ်ချုပ်မှုအောက်မှာ နေသွားဖို့ တိုက်တွန်းဖို့ပါ။ နောက်ကမ္ဘာကြီးကလဲ ကိုဗစ်နဲ့အလုပ်များနေလို့ သူ့ကိုလာမတိုက်နိုင်ဘူးလို့ တွက်ထားခဲ့ပုံပါ။ စီးပွါးရေးပိတ်ဆို့နိုင်ပေမယ့်သူကတစ်နှစ်အတွင်း ရွေးကောက်ပွဲကတိပေးရင် စောင့်ကြည့်နိုင်လို့ သူထွက်ပေါက်ရမယ်လို့ မျှော်လင့်ခဲ့ပုံပါ။ သူတွက်ထားတာတွေဟာ ယခုအချိန်မှာ ဝင်မတိုက်သေးတာကလွဲရင် အကုန်မှားနေတာ တွေ့ရပါတယ်။ ဘာ့ကြောင့်လဲ?


ပထမဆုံး CRPH ကိုကြည့်ပါ။ သူတို့ဟာ လူလတ်ပိုင်း ပညာတတ်တွေဖြစ်ပြီး ယခင် ၁၉၉၀ရွေးကောက်ခံတွေလုပ်ဖို့ ခက်ခဲတာကို နည်းပညာသုံးပြီး အချိန်တိုအတွင်း လုပ်နိုင်တာ တွေ့ရပါတယ်။သူတို့ဟာ CDM အတွက်ပြင်တာကအစ ဖယ်ဒရယ်တပ်မတော်အထိ အကွက်ကျကျ လုပ်ဆောင်နိုင်တာတွေ့ရပါတယ်။ သူတို့ကို စရဖကလိုက်ပေမယ့် သူတို့က နည်းပညာသုံး အင်တာနက်ကနေ တွေ့ဆုံလို့ လိုက်မရဖြစ်နေခဲ့ပါတယ်။ သူတို့အဖမ်းမခံရအောင် ရှောင်နိုင်တာ တိုင်းပြည်အတွက်အလုပ်လုပ်နိုင်တာတွေက အံ့ဩစရာပါ။ Dr ဆာဆာရဲ့ အင်တာဗျူးတွေဟာ အနောက်တိုင်းမီဒီယာတွေမှာ ပေါက်နေသလို ပြည်တွင်းက CDM ဟာလဲ ဆရာဇော့်အောက်မှာ အားကောင်းနေဆဲပါ။ ကိုလွင်ကိုလတ်ရဲ့ဖယ်ဒရယ်တပ်ထူထောင်မှုက ခရီးရောက်နေသလို မဇင်မာအောင်ရဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံမှုဟာလဲ ယခင်မျိုးဆက်တွေထက် အားကောင်းတာ တွေ့ရပါတယ်။


ဒါတွေထက် အဓိက ကွာခြားတာက ဆန္ဒပြတဲ့ မျိုးဆက်သစ်တွေပါ။ သူတို့ဟာ ခေါင်းဆောင်မရှိဘဲလုပ်နေကြတာပါ။ သူတို့ကို ထောင်ချီဖမ်း နည်းမျိုးစုံနဲ့စစ်ပေမယ့် စရဖက ခေါင်းဆောင်ကို ရှာမရပါ။တကယ်ကလဲ ခေါင်းဆောင်မရှိဘဲ လုပ်နေကြတာပါ။ နောက်ပြီး လက်ရှိမျိုးဆက်က ယခင်မျိုးဆက်နဲ့မတူတာက ကြောက်ရွံ့မှု မရှိတာပါ။ သူတို့ကြောက်ခဲ့ရင်တောင် မှန်တယ်ထင်ရာကို လုပ်နေကြတာပါ။သူတို့ဟာ ကြောက်ရွံ့ခြင်းမရှိသလို မေ့မေ့ပျောက်ပျောက်လဲ မရှိကြပါဘူး။ အချို့ဆိုရင် လိုအပ်တဲ့စစ်ပညာကို လက်တွေ့သင်ယူနေကြတာ တွေ့ရပါတယ်။ နောက်သူတို့ဟာ တွေဝေမနေဘဲ တိုက်စရာရှိတာကို ရဲရဲရင့်ရင့်တိုက်သွား လုပ်သွားတာကိုလဲ တွေ့ရပါတယ်။ သူတို့ကို ပွဲလမ်းသဘင်နဲ့ မျှားမရသလိုတရားဟောခိုင်းလို့လဲ မရပါ။ သူတို့ဟာ ငါတို့အနာဂတ်အတွက် ငါတို့တိုက်ပွဲဝင်မှရမယ်ဆိုတာကိုလဲသိတာ တွေ့ရပါတယ်။ စာရေးသူတို့ငယ်စဉ်က ကုလကိုယ်စားလှယ်လာရင် ဘာထူးမလဲ စောင့်ကြပေမယ့်ယခုမျိုးဆက်တွေကတော့ ကိုယ်ထူကိုယ်ထကိုယ့်အားကိုယ်ကိုးပြီး လုပ်နေကြတာ တွေ့ရပါတယ်။


ယခုတိုက်ပွဲကို လက်ရှိမျိုးဆက်တွေတိုက်နေတာက ဒုတိယကမ္ဘာစစ်အတွင်း ဥရောပက နာဇီအောက်က လွတ်မြောက်ရန်တိုက်သလို အာရှက ဖက်ဆစ်အောက်ကလွတ်မြောက်ရန်တိုက်သလို လူငယ်တွေကလဲ ဖက်ဆစ်မအလအောက်က လွတ်မြောက်အောင် တိုက်နေကြပုံပါ။ ဒီမျိုးဆက်တွေကြောင့် ဒီအရေးတော်ပုံဟာ အောင်ရမယ်လို့ ယုံကြည်နေပါတယ်။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page