top of page
Search

မဲစာရင်းလိမ်တာ ဘယ်အဖွဲ့လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 10, 2021
  • 1 min read

ယခုရက်ပိုင်းမှာ သာဝက မဲစာရင်းတွေက ထပ်နေတယ် ကွာနေတယ် ဘာညာဆိုပြီး အတည်နဲ့ကြေညာချက်ထုတ်နေတာ တွေ့ရပါတယ်။ သူထုတ်နေတာတွေက အမှန်တွေလား?

ပထမဆုံးက သူထုတ်နေတဲ့ မဲစာရင်းဟာ နောက်ဆုံးနေ့ မဲလာပေးသူကို အခြေခံထားတာ မဟုတ်ပါ။ဒုတိယအနေနဲ့က မဲစာရင်းမှာ ရှိသူတိုင်းကလဲ မဲလာပေးသူ မဖြစ်နိုင်ပါ။ ဒါဆို မဲစာရင်းတွေက ဘာကြိအခြေခံထားတာလဲ?

ရွေးကော်က မဲမပေးခင် ကြားကာလမှာ Excel file နဲ့ ထုတ်ချိန် ပြည်သူတွေကို ပြန်စစ်ခိုင်းပြီး အမှားပြင်အပြီးမှာ pdf file နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးတာရှိပါတယ်။ ဒါကိုတပ်က ဖွတ်နဲ့ သူ့ကိုထောက်ခံတဲ့ ကိုယ်စားလှယ်တွေထံက ရယူပါတယ်။ အပြီးမှာ ထို PDF file ကို Excel ပြောင်းတယ်ဆိုပြီး သူယခင်က ရွေးကော်ပထမထုတ်ချိန်မှာ ရွေးကော် server က တပ်ထောက်လှမ်းရေး စရဖက ခိုးထားတာတွေနဲ့ ပေါင်းပြီးတော့ လူတွေကို အကြောင်ရိုက်တာပါ။ PDF file ဆိုတာက ပုံမှန်မှာ ပြင်လို့မရအောင် edit မလုပ်နိုင်အောင် ရွေးကော်က လုပ်ထားတာပါ။ မဲစာရင်း ထပ် မထပ်က ပုံမှန် pdf file မှာရှာလဲရပါတယ်။

ဒါဆိုဘာလို့ တပ်ကလိမ်နေတာလဲဆိုတော့ သာဝက ခိုင်းလို့ပါ။ သူလိမ်တာကိုလဲ သာမန်ပြည်သူရောအစိုးရကပါ ၂၀၀၈ ခြေဥအရ တရားစွဲလို့မရမှန်းသိလို့ ဗြောင်လိမ်နေတာပါ။ သာဝသာ ရိုးရိုးသာသားမဲစာရင်းနဲ့ ရွေးကောက်ပွဲကို စစ်ချင်ရင် ပြည်သူတွေက ဘက်လိုက်တဲ့ သာဝမဟုတ်ဘဲ ကုလကိုသာတရားစွဲ ထောင်ချနိုင်တဲ့ အာဏာနဲ့ ပေးစစ်ခိုင်းလိုက်ပါလို့ စိန်ခေါိလိုက်ပါတယ်။ တပ်ထဲမှာ သာဝ မဲစာရင်းလိမ်တာ မဲခိုးတာကို ပြောပြလိုသူတွေ အများကြီးပါလို့ ထပ်ပြောပါရစေ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page