top of page
Search
Writer's pictureMyat Tun Oo

မြစ်ဆုံမှာ အချစ်ကုန်သွားတဲ့ ဖွတ်


မနေ့က စာရေးသူက မဲဆွယ်နည်းလေးတွေကို ရေးပြရာမှာ လက်ရှိလွှတ်တော်ကို ရွေးကောက်ပွဲမတိုင်ခင်အထိ ကျင်းပပြီး ဖွတ်အမတ်တွေ၊ ၂၅% အမတ်တွေရဲ့ ဆွေးနွေးချက်တွေကို Live များများလွှင့်ပေးဖို့ တင်ပြခဲ့ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေဟာ ပုံမှန်ဒီမိုတွေကို အမြဲဒေါသထွက်စေလို့ပါ။

စာရေးသူရေးတင်လို့မဆုံးခင်မှာ စာဖတ်သူအချို့က မြစ်ဆုံပြန်စဖို့ ဖွတ်အမတ်က ဆွေးနွေးသွားတယ်လို့ လာရေးကြပါတယ်။ စာရေးသူက သူတို့ကို သတင်းအတုလား စုံစမ်းနေတယ်လို့သာ ပြန်ပြောလိုက်ပါတယ်။ သတင်းတုလို့ထင်လို့ပါ။ အော်ဖွတ်တွေဟာ ဒီလောက်ဦးနှောက်မရှိဘဲ နေပါ့မလားဆိုပြီး အထင်ကြီးခဲ့မိတာ ကိုယ့်အမှားပါ။

ပထမဆုံးက သူက အဆိုတင်တာမဟုတ်ဘဲ သူဆွေးနွေးရာမှာ အစိုးရကို မြစ်ဆုံစဖို့ဆိုပြီး ပြောသွားတာပါ။ ဒါက ဆွေးနွေးရာမှာ စကားအနေနဲ့ပြောသွားပြီး အဆိုမဟုတ်လို့ မဲခွဲစရာမလိုသလို အစိုးရကဘာမှ လိုက်လုပ်စရာမလိုတဲ့အရာပါ။ ဒါကိုသူက ပြောသွားတာပါ။ သူ့ရဲ့ စဉ်းစားနိုင်မှုနည်းတာကို ပြသွားတာပါ။

ဖွတ်တွေဟာ မြစ်ဆုံကို ဘစိန်ရပ်တာဆိုပြီး ဂုဏ်ယူပြောလေ့ရှိပါတယ်။ ဒါပေမယ့် စခဲ့တာကလဲ ဘစိန်ပါဘဲ။ ဒါကို အပြီးမရပ်ဘဲ နောက်အစိုးရ ဒုက္ခရောက်အောင် လုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအစိုးရဟာ မြစ်ဆုံကို ရပ်ထားနိုင်ခဲ့ပါတယ်။ ဒီဖွတ်အမတ်ဟာ ယခုလို မြစ်ဆုံပြန်စဖို့ တိုက်တွန်းခြင်းဖြင့် သူ့အဘမွေးထားခဲ့တဲ့ကြက်ကို သတ်စားလိုက်တာပါ။ ဒါကဘာကိုပြလဲဆိုတော့ ဖွတ်တွေဟာ သူတို့သာအာဏာရခဲ့ရင် မြစ်ဆုံကိုပြန်စဖို့ရှိတယ်ဆိုတာကို ပြသွားတာပါ။

အဘက ပြီးခဲ့တဲ့အပတ်က ပေါက်ဖော်ကြီးကို အာခံမလို သတင်းစာတွေက မြှောက်ပေးခဲ့တဲ့ မျက်နှာကိုတောင် မထောက်နိုင်ဘဲ ဖွတ်အမတ်က အသေဖားလိုက်တာပါ။

ဒီဖွတ်အမတ်ကလေးက ချစ်ဖို့ကောင်းပါတယ်။ သူက အဘတို့လုပ်လိုတာကို ပြည်သူတွေကို ပေးသိလိုက်လို့ ပြည်သူတွေအနေနဲ့ ရွေးရလွယ်သွားမှာပါ။

ဒီမြစ်ဆုံကိစ္စနဲ့ ပြည်သူတွေက ဖွတ်တွေကို အချစ်ကုန်သွားပြီလို့သာ ပြောပါရစေ။

ပြည်သူတွေအနေနဲ့ မြစ်ဆုံစဖို့ရှိတဲ့ ဖွတ်နဲ့ သူ့ရဲ့အပေါင်းအပါ ပါတီတွေကို မဲမပေးမိပါစေနဲ့။

2,265 views1 comment

1 Comment


Sunny Aung
Sunny Aung
Jul 25, 2020



မစ်ဆုံကို ရောင်းစားထားတဲ့ အငြိမ်းစား ဘဘကြီးနဲ့ လက်ရှိ အဘလေးတို့ကော..

ဘယ်လိုကျိန်စာသင့်မလဲ ဆိုတာ.. တင်ဆက်ပေးဦးနော်..

Like
bottom of page