top of page
Search
Writer's pictureMyat Tun Oo

မဲစစ်ပေးရင် ပြီးသွားမှာလား?



စာရေးသူတို့ရင်နာစရာကောင်းတာက မဲစာရင်းကိုလုပ်တာက ထွေအုပ်၊ လူဝင်မှုနဲ့ ရွေးကော်ပါ။ ထွေအုပ်မှာ အောက်ခြေကနေ ဝန်ကြီးအထိ မိုးကျပါ။ လူဝင်မှု ဝန်ကြီးကလဲ မိုးကျပါ။ ရွေးကော်က ခရိုင်၊တိုင်းအဆင့်ဝန်ထမ်းတွေက မိုးကျအများစုပါ။ ဒီကြားထဲက မဲစာရင်းမှားတာပါ။ ဒါကိုဖြေရှင်းဖို့၂၀၀၈ ခြေဥကလဲ စစ်အစိုးရစွဲခဲ့တာပါ။

ဒီနေရာမှာ အာဏာသိမ်းဖို့ဆိုတဲ့အသံဟာ အတော်ကျယ်ပါတယ်။ စစ်သဘောမှာ element of surprise ရုတ်တရက်တိုက်တယ်ဆိုတာရှိပါတယ်။ အာဏာသိမ်းမယ်အော်တာဟာ အဘနဲ့သူရဲ့အဖွဲ့တွေမှာအလွန်ကျယ်ပါတယ်။ တပ်ထဲက သာမန်အများစုသော အရန်အင်အားမဟုတ်သော ဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ်အဆင့်အထိ ဘာစာမှမဝင်ပါ။ သူနဲ့သိတဲ့ စစ်ဗိုလ်အချို့သာ အမိန့်ရပြီး ပြည်သူတွေ အထိပ်တလန့်ဖြစ်အောင် ထလုပ်နေပုံပါ။ ဥပမာ ရခိုင်မှာ စစ်ဆင်ရေးလုပ်တာကို ရှမ်းအခြေစိုက်တပ်က မသိတာဖြစ်နိုင်ပေမယ့် အာဏာသိမ်းရင်တော့ တစ်တိုင်းပြည်လုံးကို တပ်လှန့်ရမှာပါ။ ယခုသတင်းဟာ ညနေ၁၇:၀၀ အထိအမှန်ပါ။ ဒီနေရာမှာ တိုင်းပြည်က ဆူပူလို့ အာဏာသိမ်းရရင်တော့ မအလအောက်ကသူရာထူးတိုးပေးထားတဲ့လူတွေက ဝင်ပါနိုင်ပေမယ့် မဲကိစ္စနဲ့ အာဏာသိမ်းရမှာကိုတော့ ဘယ်သူကမှလုပ်လိုတာမဟုတ်ပါ။ မအလအောက်က ဒုချုပ်နဲ့ အခြားသူများဟာ မအလအနားယူရင် ရာထူးတက်နိုင်သူများဖြစ်လို့ အာဏာသိမ်းလို့ မအောင်မြင်ခဲ့ရင် မိမိတက်လမ်းပိတ်ရုံမက အဖမ်းခံပြီး ကြိုးစင်တက်ရမယ့်အလုပ်ကို မလုပ်လိုကြပါ။

ဒါဆိုရင် မဲစာရင်းကိုစစ်ပေးတာနဲ့ ပြီးသွားမှာလားဆိုတာရှိပါတယ်။ တပ်ကစစ်ရင် ပြည်သူကယုံမှာလားဆိုတာလဲရှိပါတယ်။ သာဝဟာ ကြားနေလူမဟုတ်တာ လူတိုင်းသိပါတယ်။ ရုရှားကစစ်ရင်၊တရုတ်ကစစ်ရင်၊ အမေရိကန်ကစစ်ရင်၊ ကုလကစစ်ရင် ယုံမှာလားဆိုတာရှိပါတယ်။

ပြဿနာဟာ တပ်ချုပ်မင်းအောင်လှိုင်ဟာ သူ့နောက်ကြောင်းကာကွယ်ဖို့အတွက် တပ်ထဲက သူ့အမိန့်နာခံသူအချို့နဲ့ ဖိခြောက်နေပုံပါ။ သူက လေကျယ်နေလို့ အမေရိကန်နဲ့ အနောက်ဥရောပက သူအာဏာသိမ်းရင် ဘာလုပ်ရမလဲဆိုတာ သံတမန်ရေးအရ ပြင်ဆင်ချိန်ရသွားခဲ့ပါပြီ။ ဒါ့အပြင် သူဟာအစိုးရအောက်မှာမရှိဘဲ ပြစ်မှုတွေကို ဥပဒေမဲ့ ကျူးလွန်နေသူဖြစ်ကြောင်းလဲ သူတို့သိရှိသွားပါပြီ။

ပြည်သူက ဆီးရီးယားနဲ့ လစ်ဗျားလို အဆုံးမသတ်လိုပါ။ လက်နက်နဲ့ရှင်းချင်ရင်တော့ နိဂုံးမကောင်းနိုင်ပါလို့ သာဝကို ကြိုပြောထားပါရစေ။

Cartoon credit: Myanmar Now

149 views1 comment

1 Comment


naynanmyint629395
naynanmyint629395
Jan 29, 2021

ဆရာမြတ်

ဆရာမနက်ကတင်တဲ့

Anthony Blink ပေးစာ ကို

ဘယ်လိုမှ ဝင်လိူ့မရဘူးရှင့်


Like
bottom of page