top of page
Search
  • Writer's pictureMyat Tun Oo

မြင်အောင်ကြည့်ကြပါ


စာရေးသူတို့ တိုင်းပြည်မှာက ဒီမိုကရေစီစနစ် ဝေဖန်ရမယ် ဘာညာဆိုပြီး ဒီမိုအစိုးရဖြစ်ဖြစ်ဒီမိုအဖွဲ့စည်းတွေကိုဖြစ်ဖြစ် ဝေဖန်လေ့ရှိပါတယ်။ သူတို့ဟာ မအလဆိုရင် စစ်တပ်မိုလို့ဆိုပြီးမဝေဖန်တော့ပါ။ အချို့ကတော့ ပေါ်လစီအရ ဘယ်သူတက်တက် ဝေဖန်မယ်ဆိုတာလဲ ရှိပါတယ်။ ဒီမိုအဖွဲ့တွေကိုသာ ဝေဖန်ပြီး မအလကို မဝေဖန်ရဲတဲ့ ဥပမာကို ပြပါဆိုရင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ သက်သက်ခိုင်၊ ကျော်ဇေယျ၊ Eleven၊ လှနုစိန်၊ Peoples Media၊အကုန်သိ ယခု NeoPolitics တို့ပါ။ သူတို့လို လူတွေကလဲ အများကြီးပါ။ အချို့လူများဟာလဲသူတို့မွှေးတဲ့မီးနောက်ကိုသာလိုက်ခဲ့ကြတာ ပစ်တဲ့ခဲနောက်ကိုသာ လိုက်ခဲ့ကြတာ မှတ်မိမှာပါ။ ယခုသူတို့ဟာ ဘယ်သူတွေလဲ ဘယ်သူ့အတွက်ပြောခဲ့ကြလဲဆိုတာ သိနိုင်မှာပါ။

မအလဟာ DASSK ကို အမှုတွေအများကြီး စွဲထားခဲ့ပါတယ်။ ဒီအမှုတွေထဲမှာ သူ့ကိုဒုက္ခပေးခဲ့သူ ကွီးဖြိုးကို အသုံးချပြီး သူ့ကိုနိုင်ငံရေးအရသေအောင်လုပ်ဖို့ ကြိုးစားပါတယ်။ NLD ကနယ်စပ်ထွက်ပြေးသူ အချို့ကအစ ကွီးဖြိုးကို ရှုံ့ချလို့ သူလိုချင်တဲ့အကွက်ထဲ ရောက်လာခဲ့ပါတယ်။ ယခုနောက်ပိုင်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုမှာ အစိုးရသက်သေဆိုပြီး NLD ထဲကလူတွေကို တစ်ယောက်ပြီးတစ်ယောက် အစစ်ခံခိုင်းပါတယ်။ ဒီနေရာမှာ အချို့လူများကအစိုးရသက်သေအဖြစ် အဆိုပါထွက်သူများကို ဆဲဆိုပါတယ်။ ဒါကလဲ မအလလိုချင်တာဖြစ်သွားစေတာပါ။ တကယ်မှာက ထိုသူများက DASSK ကို ဆန့်ကျင်ထွက်ဆိုတာမဟုတ်ဘဲသူတို့အခန်းကဏ္ဍကိုသာ ထွက်ဆိုတာပါ။ ထိုသူများစာရင်းတွင်NLD ပါတီထဲ ထိပ်ပိုင်းနဲ့အုပ်ချုပ်ရေးပိုင်းတွေပါပါတယ်။ သူတို့အားလုံးဟာ အစိုးရသက်သေဆိုပေမယ့် သူတို့ထွက်ဆိုရာမှာ ဥပဒေအတိုင်းလုပ်တယ်လို့သာ ပြောတာပါ။ ဒါပေမယ့် မအလသတင်းသမားတွေက ဒီလူတွေကို နာမည်ပျက်အောင် သွေးကွဲအောင် ရေးသားပါတယ်။ ယခုတော်လှန်ရေးမှာNUG ထဲ ခေါင်းဆောင်သစ်တွေပေါ်လာလို့ ဘယ်သူ့ကိုနာမည်ဖျက်ဖျက် ဘာမှမထူးတော့ပါ။ယခု DASSK ကို စွဲသလို မအလနဲ့ တပ်ထဲကလူတွေကို တပ်ကန်ထရိုက်ကိစ္စနဲ့သာ တရားစွဲရရင် မအလတို့ ဆယ်သက်တောင် ထောင်ထဲကထွက်ရမှာ မဟုတ်ပါ။


မအလဟာ နောက်ပိုင်းမှာအတင့်ရဲလာပြီး ပြည်သူချစ်သောသူများကို လိုက်တွေ့ပြီး နာမည်ဖျက်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ဘုန်းကြီးတွေကိစ္စပါ။ မအလမှာ အမာခံဘုန်းကြီးတွေရှိပါတယ်။ ဂူဂူ၊ အင်းစိန်ရွာမ၊ ဝစီပိတ်၊ ဆေကိန္ဒနဲ့ ဇွဲကပင်တို့က အမာခံပါ။ ချင်းက မအလကို ဘွဲ့ပေးတဲ့အဖွဲ့ရောပေါ့။ ဝီဝီတို့က အောက်ခြေတပ်သားအဆင့်ပါ။ သူတို့ဟာ မအလဘက်ကရပ်ပြီး NLD နဲ့ ဒီမိုအစိုးရကို ဒုက္ခပေးလာတဲ့ ဘုန်းကြီးတွေပါ။ ဒီဘုန်းကြီးတွေကိုပြည်သူတွေက သိပြီးသားပါ။ ဒါ့ကြောင့် မအလဟာ အခြားဘုန်းကြီးများကိုပါ နာမည်ဖျက်ဖို့ကြိုးစားလာနေပါတယ်။ ဒီနေရာမှာ မအလတပ်လာချပြီး အတင်းဝင်လုံးတွေ့တဲ့ဘုန်းကြီးနဲ့ မအလကို ခဏခဏတွေ့ တရားရေအေးတိုက်ပြီး မြှောက်ပေးတဲ့ဘုန်းကြီးကို ကွဲပြားဖို့လိုပါတယ်။ ဥပမာ NLD နာယက ဦးတင်ဦးကို မအလက အတင်းဝင်တွေ့တာပါ။ သူက NLD ထဲမှာသူနဲ့တွေ့ပြီးနောက် ဝေဖန်ခံရပြီး ပြိုကွဲရင် သူ့အမြတ်ပါ။ အချို့နွားတွေကလဲ ဘဘဦးတင်ဦးကို ဝေဖန်တာ တွေ့ရပါတယ်။ လေဖြတ်နေသူက ဘာမှသိပ်ပြောလို့မရပါ။ ထိုနွားတွေဟာယခင်က ဘထိန်ကို မအလရဲ့ စရဖနဲ့အတူ Elevenတို့ အကူအညီနဲ့ ဝိုင်းပြောခဲ့ကြလို့ ဘထိန်DASSK နားက လွင့်သွားတာ မှတ်သားစရာပါ။ အရေးကြုံလာတော့လဲ DASSK ဟာ ဘထိန်ကိုဘဲ စာပေးသွားခဲ့တာပါ။

ယခုက ကာဒီနယ်ချားဘိုကိုလဲ လုပ်လာတာ တွေ့ရပါတယ်။ ခရစ်ယန်တွေ စိတ်ဝမ်းကွဲအောင်ပေါ့။ သူနဲ့တွေ့ပြီး ကရင်ရွာတွေ ဗုံးကြဲတော့ သူကပိုတောင်အပြောခံလိုက်ရပါတယ်။ ဇတ်ပိုနာသွားတာပေါ့။ ယခုနောက်ဆုံး လုပ်လာတာက ဦးဇော်ဇော်ကိုပါ။ မအလဟာ သူ့သားနဲ့ စီးပွါးတွဲလုပ်တဲ့သူများကို တစ်ဦးချင်းတွေ့ ဓာတ်ပုံမရိုက်ပြပါ။ သူနဲ့တွေ့ရင် ထိုလူတွေ နာမည်ပျက်မယ်ဆိုတာ သူသိပါတယ်။ ဥပမာ KBZ က ဦးအောင်ကိုဝင်းကို တောင်ကြီးက ဘုရားမှာအာဏာမသိမ်းခင် ခိုးတွေ့ပြီး စီးပွါးရေးကိစ္စပြောပါတယ်။ သူ့ကို ဆီသယ်ပေးတဲ့ မြတ်မေတ္တာမွန်တို့ Danko တို့ဆိုလဲ တွေ့တာကို ပေါ်တင်ချမပြပါ။ အရူးပါးပါ။ အချို့ကွက်လေးတွေက ရိုးပါတယ်။ ဒါပေမယ့် စာရေးသူတို့တွေ သူ့ထောင်ချောက်ထဲကို ရောက်သွားတတ်တာကို သတိပြုမိစေဖို့ပါ။

အရေးကြီးတာက တော်လှန်ရေးကို အာရုံမပျက်ပါစေနဲ့။ မအလကို မလွှဲသာလို့ တွေ့ရတဲ့ဘုန်းကြီးတွေနဲ့ မအလကို ချစ်သော မအလကချစ်သော အဓမ္မဘက်ရပ်သော ဘုန်ကြီးများကိုခွဲသိပါ။ သွေးကွဲရင် ခွေးဆွဲတာ ခံရနိုင်ပါတယ်။ မြင်အောင်ကြည့်ပါလို့ ပြောပါရစေ။

2,387 views1 comment

1 Comment


Myint Soe Oo
Myint Soe Oo
Dec 27, 2021

ဦးမြတ်!!!ဆောင်းပါးဖတ်အပြီး အသိထဲ

လျင်မြန်စွာ ရောက်ရှိလာသော စာစုမှာ


*အညာက ဆူးလှည်းကြီး*


အညာမှာ ထနောင်း ၊ရှား စသည့်ဆူးရှိသည့်အပင်များ ပေါများလှပါသည်။နွေရောက်လို့ ပင်အိုရွက်ကြွေတဲ့ခဲါ ရိုးပြိုင်းပြိုင်းနဲ့ ဆူးကိုင်းများကို ခုတ်ယူကာ လှည်းဖြင့် ထင်းအလို့ငှါ သယ်ယူကြပါသည်။ ဆူးလှည်းလာလျှင် ဝေးဝေးက ရှောက်ကြပါသည်။

~ထနောင်း ရှား စသည့် ဆူးများ စူးလျှင် အရေပြားပေါက်ကွဲ ပြဲ၍ အနာဖြစ်တတ်သောကြောင့်

~နွေမို့ သူလာရာလမ်း‌တလျောက် ဖုံလုံးများက တိမ်တိုက်မျှ၊ ဘာမှ သဲသဲကွဲကွဲ မမြင်ရ၊ ခေတ္ခဏ မျက် အမှောင်ကျ

~ပူပြင်းပါတယ်ဆိုမှ ဆီခမ်းနေသော လှည်းဝင်ရိုး ပွတ်တိုက်သံက တကျီကျီ တအီအီ ။ နားဝင် မချို။

~ဝန်ရုန်းသည့် နွားများမှာ (ယာမှာသုံးသည့် နွားမဟုတ် ) ပေကပ်ကပ်၊ ကြိမ်နဲ့ တရစပ်ရိုက်မှ သွားတတ်သည့် အမျိုး။

သို့ပါ၍ လူအများစုက ထိလျှင် ငြိတတ်သော ဆူးလှည်းကို ဝေးဝေးရှောင်ကြခြင်းဖြစ်ပါသည်။

ငြိလျှင် ပေါက် ပြဲ အကွဲ ခံရသောကြောင့်။


•••••••••••••••••••••••••••••••••••••••••••••


~ကျောင်းတွေ ဖွင့် ခဲ့ပါသည်။ ကိုဗစ်ကာလမို့ ကလေးသူငယ်များ မိဘများနှင့် ထိကာ ငြိခဲ့ပါသည်။

~ဈေးတွေဖွင့်ခိုင်းခဲ့ပါသည်။ ဆိုင်ရှင်တွေ ထိ ခဲ့ကြပါသည်။ ညအခါ အစာငတ် ရေ

ပြတ်နေသူတို့၏ စားကျက်မို့ ပစ္စည်းများ အပျောက်အပျက်ရှိခဲ့ပါသည်။

~ဘဏ်တွေ စွင့်စွင့်ငွါးငွါးပေါ်လာပေမယ့်

ဘဏ်စာရင်းဖွင့်သူတို့၏ ကိုယ်ရေးအချို့ ပေါက်ကြား၊ ရာနူန်းတစ်ခု အရင်းပြုခဲ့ကြလို့ စာရင်းဖွင့်သူတွေ ပြဲလန် လန်ပြဲခဲ့ရပါသည်။

~မိးရထားတွေ ပြေးဆွဲခဲ့ပါသည်။ ၈ အစုန် ၊ ၂ အစုန် တို့ လမ်းခုလတ်မှာ ရပ်၊ သံလမ်း ပြတ်နေသောကြောင့်။

ခုလည်း နိုင်ငံတကာမှာ ဘောပွဲ လိဂ်တွေ မြိုင်နေချိန်။ အားကျမခံ ဒို့လည်း လိုက်မယ်…


Like
bottom of page