top of page
Search

မောင်သွေးချွန်နှင့် ဖြိုးကိုကိုတင့်ဆန်းကပြောသော တရားရေးနှင့် ရှေ့နေချုပ်

Writer's picture: Myat Tun OoMyat Tun Oo

မောင်သွေးချွန်နှင့် ဖြိုးကိုကိုတင့်ဆန်းကပြောသော တရားရေးနှင့် ရှေ့နေချုပ်

ယခုဒီမိုအစိုးရလက်ထက်မှာ ခြေဥပြင်ဖို့ ထောက်ခံသူရော ပြင်တာကန့်ကွက်သူရော တရားစွဲခံရပါတယ်။ ခြေဥနဲ့ဆိုင်တာက ဘူးလက်နဲ့ ဝီဝီနှစ်ယောက်သာပါ။ မိုက်ကယ်ကျော်မြင့်က ဘာသာရေးကြောင့် အစွဲခံရတာ။ သူတို့အားလုံးက ဘယ်သူ့ထောက်ခံလဲဆိုတာ အားလုံးသိမှာပါ။ ဒီနေရာမှာ ဒီမို ၁၅ယောက်အစွဲခံရပြီး ထောင်ကျချိန်မှာ သူ့လူက တစ်ယောက်တောင်မရှိတာ တွေ့ရမှာပါ။

တပ်က ဒီမိုတွေကိုစွဲချိန်မှာ တပ်စစ်ဥပဒေချုပ်ရုံးက ဥပဒေအကြံယူပြီး စွဲကြတာပါ။

ဒီမိုကစွဲမယ်ဆိုရင် ဒေသခံဝကခက စွဲခဲ့ရင်တောင် သူတို့က အထက်က အမိန့်ကို ပြန်စောင့်ပါတယ်။သမ္မတရုံးနဲ့ အတိုင်ပင်ခံရုံးမှာ အစွဲခံရသူရဲ့ သမီးကအလုပ်လုပ်ခဲ့တော့ သူ့အဖေကို သမ္မတက ပေးစွဲလိုက်ပြီဆိုတာနဲ့ တရားခံက ပြေးပါပြီ။ ဒါကတရားစွဲတာပါ။

နောက်တရားရုံးရောက်ပြီဆိုပါစို့။ မောင်သွေးချွန်ဆို အရေးကြီးတဲ့ ပုဒ်မတစ်ခုဖြုတ်ပေးသလို မိုက်ကယ်ကျော်မြင့် တရားခံပြေးဖြစ်တာတောင် ထောင်ဒဏ်က အနည်းဆုံးကို ပေးထားတာပါ။ ပုံမှန်ဆိုသူက တရားခံပြေးမိုလို့ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရမှာပါ။ သူတို့အမှုကို စစ်တာကလဲ မြန်ပါတယ်။ ကိုဆွေဝင်းအမှုဆို စစ်နေတာက မပြီးနိုင်သေးပါ။ ဒါက တရားရုံးတွေဟာ တပ်နဲ့နီးစပ်တဲ့တရားခံတွေကို သံသယအကျိုးကို လိုတာထက်ပိုပြီး အပြည့်အဝ ပေးခံစားထားတာ သိသာပါတယ်။ထို့အတူ ကယားမှာဆို ဒီမိုအစိုးရကိုဆန့်ကျင်တဲ့ တိုင်းရင်းသားဝကခကို သစ္စာဖောက်လို့ ကြေညာတဲ့သူများကို အမြန်တရားစီရင်ပြီး အငြင်သာဆုံးထောင်ချခဲ့သလို ပြစ်ဒဏ်ကိုလဲ မတိုးပေးခဲ့ပါ။ တချိန်ထဲမှာ တပ်နဲ့ပြဿနာဖြစ်တဲ့ ဒေသခံဖွတ်မဟုတ်တဲ့ တိုင်းရင်းသားတွေကိုတော့ အမှုအကြာကြီးစစ်တာကစလို့ အာမခံမပေးတာအဆုံး နည်းမျိုးစုံနဲ့ ဥပဒေမျိုးစုံသုံးပြီး ကျပ်ပါတယ်။

ကိုဆွေဝင်းအမှုကို လွှတ်ပေးချိန်မှာ တစ်ဖက်က ဥပဒေအကျိုးဆောင်က အယူခံတက်ပြီးတရားသူကြီးက ပြန်စစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက သူတို့ရဲ့ တက်ညီလက်ညီ ဆောင်ရွက်ချက်ပါ။မောင်သွေးချွန်တို့ မိုက်ကယ်ကျော်မြင့်တို့ရဲ့ အမိန့်ကိုတော့ အစိုးရကိုယ်စား ရှေ့နေချုပ်အောက်ကဥပဒေအကျိုးဆောင်တွေက အယူခံမဝင်ခဲ့သလို တရားသူကြီးတွေကလဲ စာနာနားလည်စွာနဲ့ ပုဒ်မတွေကို ဖြုတ်ပေးခဲ့တာတွေ ပြစ်ဒဏ်ကို အနည်းဆုံးချတာတွေ လုပ်ခဲ့ပါတယ်။

ရဲအချုပ်ထဲမှာ ဖမ်းထားရာမှာလဲ ကိုမင်းထင်ကိုကိုကြီးနဲ့ ဖြိုးကိုကိုတင့်ဆန်းထားပုံက မတူပါ။ ဖြိုးကိုကိုတင့်ဆန်းကျူးလွန်တာက နိုင်ငံတော် ပုန်ကန်မှုပါ။ ဒါပေမယ့်သူ့ကို အချုပ်ထဲမှာမထားဘဲအအေးခန်းရှိတဲ့ နေပြည်တော်က စစ်ကြောရေးမှာသာ ထားပါတယ်။ သူကျူးလွန်တဲ့ ပြစ်မှုတွေကအများကြီးဖြစ်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ အခြားမြို့တွေမှာပါ ကျူးလွန်ခဲ့ပါတယ်။ ကိုနေမျိုးဇင်တရားဟောတာက နိုင်ငံတော်ပုန်ကန်မှု မဟုတ်ပါ။ ဒါပေမယ့် ကိုနေမျိုးဇင်ကို မြို့တိုင်းမှာစွဲ ရုံးထုတ်ပြီးဖြိုးကိုကိုတင့်ဆန်းကိုတော့ အစိုးရဥပဒေအကျိုးဆောင်ရော တရားသူကြီးကပါ နေပြည်တော်မှာသာပေါင်းစစ်တာဟာ ရိုးသားမှုမရှိဘဲ အဂတိ လိုက်စားထားတာ ထင်ရှားပါတယ်။ ဖြိုးကိုကိုတင့်ဆန်းအမှုက နိုင်ငံတော်ပုန်ကန်မှုပါ။ သူဟာ ဘယ်သူ့သမီးနဲ့ သိတယ်ဆိုတာ စာဖတ်သူများအားလုံးသိမှာပါ။နောက်သူ့အမှုကို စစ်နေတာက လွတ်အောင်စွဲစစ်နေတာပါ။ ၂၀၂၀ မှာ NLD သာ မဲရှုံးခဲ့ရင် သူလွတ်မှာပါ။ နိုင်ခဲ့ရင်လဲ ရဲကအမှုတည်ဆောက်တာက အောင်ရဲထွေးအမှုလို မခိုင်အောင်ဆောက်ပြီး ဥပဒေအရာရှိက အမိန့်မချခင်ကထဲက ပြစ်ဒဏ်လျော့ချင်နေတာပါ။ သူ့အကြောင်း ဂျနယ်တွေမှာဘယ်လောက်များ အကြီးအကျယ်တွေ့မိပါသလဲ?

ဟိုဦးကိုနီလိုအမှုမှာတောင် သတ်သူကသာ သေဒဏ်ဖြစ်ပြီး ခိုင်းသူတွေက သေဒဏ်ထောင်မကျတာကရဲအမှုတည်ဆောက်ရာမှသည်၊ ဥပဒေအကျိုးဆောင်၊ တရားရုံးအထိ တရားဥပဒေစိုးမိုးမှုရဲ့ ပြဿနာကို တွေ့နိုင်ပါတယ်။

အကျဉ်းချုပ်ပြောရရင် မြန်မာပြည်မှာက ရဲရော၊ ရှေ့နေချုပ်ရုံးရော၊ တရားရုံးချုပ်ရောက ပြင်ရမှာပါ။အသိရှေ့နေတွေရဲ့ ပြောပြချက်အရ လာဒ်စားမှုတွေဟာ ရှိနေဆဲပါ။ အပြင်ကို သတင်းမရောက်လာတာသာရှိပါတယ်။

တိုင်းပြည်မှာ တရားမျှတမှုရှိမှသာ အဆင်ပြေမှာပါ။ ယခုကိစ္စတွေက တိုင်းရင်းသားများကပြောလေ့ရှိတဲ့ ပြည်မက ဗမာအချင်းချင်း အနိုင်ကျင့်ခံရတာကို ပြောပြတာပါ။ တရားမမျှတမှုဟာ တိုင်းရင်းသား၊လူမျိုးဘာသာ မခွဲခြားဘဲ ရှိနေတယ်ဆိုတာကို ပြောပြတာပါ။

တရားမမျှတာမှုဟာ လူမျိုး၊ ဘာသာမခွဲခြားဘဲ အဘလူနဲ့ အခြားလူသာ ခွဲခြားပါတယ်။ အဘက ခြေဥကို ကိုင်ထားပြီး ဥပဒေအထက်မှာ ရှိနေပါတယ်။

Photo credit: Original uploader

2,034 views0 comments

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page