top of page
Search

မောင်ဆောင်းခနှင့် BPLA အကြောင်း

Writer: Myat Tun OoMyat Tun Oo

ကဗျာဆရာမောင်ဆောင်းခကို ၁၉၉၃ ဇန်နဝါရီလ ၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘများကို ဒီနေရာမှာ ချန်ထားခဲ့ရမလား ထည့်ရေးရမလား စာရေးသူမသိပါ။ သူက သူ့တပ်ကိုလူမျိုး အခြေခံထားလို့ သူ့မိဘက ဗမာစစ်စစ်ဖြစ်မှ ဗမာတပ်ကိုလုပ်ရမှာပါ။ ဒီနေရာမှာ ကျော်ခဲ့ပါမယ်။ BSc (IC) နဲ့ကျောင်းပြီးခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ NLD ထဲမဝင်ခင် အဖွဲ့စည်းတစ်ခုမှာ စစ်ပညာသင် မသင်စာရေးသူမသိပါ။ NLD ကို ၂၀၁၂ မှာ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၁၄ မှာ တိုင်းလူငယ်အဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ သူက ၂၀၁၄ကစပြီး ရွှေပြည်သာက အမေ့ဥယျာဉ် ပညာဒါနကျောင်းမှာ အင်္ဂလိပ်စာကို အခမဲ့သင်ပေးခဲ့ပါတယ်။ ၂၀၁၃မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိဘာသာရေး ပဋိပက္ခဖြစ်စဉ်များကို အကူအညီအချို့နဲ့ သွားရောက်လေ့လာခဲ့ပါတယ်။ ဘစိန်လက်ထက် ၂၀၁၅ နိုဝင်ဘာမှာ ကဗျာလိင်တံကိစ္စနဲ့အမှုစွဲခံခဲ့ရပါတယ်။ ၂၀၁၆ မေလမှာ မောင်ဆောင်းခကို လွှတ်ခဲ့ပါတယ်။ အချို့က သူ့ကို NLD ပါတီဝင်ခဲ့ဖူးလို့ တပ်နောက်ခံမဟုတ်လို့ပြောကြပါတယ်။ သူက ဦးသိန်းညွန့်တို့လို ခင်မောင်ဆွေတို့လိုလူပါ။ သူက NLD ဗဟို လူငယ်ဦးဆောင်အဖွဲ့ မှာ ဝင်ရွေးရာမှာ မနိုင်လို့ ထွက်ခဲ့ပါတယ်။ DASSK နဲ့ မအလဆို DASSK ကို ပိုမုန်းသူပါ။


သူ့သက်တမ်းမှာ မအလဆန့်ကျင်တာနဲ့ DASSK ဆန့်ကျင်တာဆိုရင် DASSK ကို ဆန့်ကျင်တာက များပါတယ်။ သူလွတ်အပြီးမှာ အောင်ခန့်နဲ့ ရဲဝေဖြိုးအောင်တို့နဲ့တွေ့ပြီး အသံအဖွဲ့ကိုဖွဲ့ပါတယ်။ သူတို့က စပွန်စာရှာရာမှာ အာဆီယံသတင်းသမားများ(SEAPA)အဖွဲ့ကနေ လွတ်လပ်စွာပြောဆိုခွင့်ကို DASSK လက်ထက်မှာ လေ့လာအစီရင်ခံဖို့ ငွေအနည်းငယ်ရခဲ့ပါတယ်။ ၂၀၁၈ မှာ အသံအဖွဲ့က ပေါင်းကူးဆိုတဲ့NGO အဖွဲ့နဲ့ ဆက်သွယ်မိပြီး ငွေရသွားခဲ့ပါတယ်။ အသံအဖွဲ့ရဲ့ အဓိကအလုပ်က DASSK အစိုးရကိုဖောင်းထုပြီး စစ်တပ်လုပ်သမျှ DASSK ကို ထိုးကျွေး အပြစ်ပုံချရတာပါ။ အသံကို ပေါင်းကူးအဖွဲ့ကထောက်ပံ့ပြီး ပေါင်းကူးကို ထောက်ပံ့သူက ဂျာမန် NGO Misereor ပါ။ အချို့ငွေက IUCN နယ်သာလန်က လာပါတယ်။ အချို့ငွေက ၂၀၁၃ လောက်မှာ ပေါင်းကူးကို ဩဇီအစိုးရကနေလာပါတယ်။ ယခင်ပေါင်းကူးအဖွဲ့ရဲ့ တည်နေရာက ကမာရွတ် သီရိမင်္ဂလာ ၂ လမ်းမှာပါ။ နောက်ပိုင်းမှာ ဆောင်းခဟာစစ်ပွဲရပ်ဆန္ဒပြပွဲတွေကို အကြီးအကျယ်လုပ်ခဲ့လို့ AA၊ TNLA၊ MNDAA တို့ရဲ့ ထောက်ပံ့မှုကို ရရှိလာပါတယ်။ အခြားလက်နက်ကိုင် အဖွဲ့တွေကလဲ သူတို့ကို ကြိုက်နိုင်ပါတယ်။ ဆောင်းခဟာ ဝလုံးတို့လွှတ်ဖို့ဆန္ဒပြရာမှာ ပါခဲ့သလို သတင်းသမားတွေအတွက်လဲ ဆန္ဒပြပေးလို့ သူတို့တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ စရဖမှတ်တမ်းတွေအရ ဆောင်းခရဲ့ အသံအဖွဲ့ကို NGO နဲ့ အခြားလက်နက်ကိုင်များက ထောက်ပံ့တယ်လို့ ရေးထားပါတယ်။ ထိုအဖွဲ့ကို ထိုးဖောက်ဖို့ စရဖကတန်ပြန်ထောက်လှမ်းရေးထားရှိခဲ့ပြီး ထိုသူများဟာ ယခုအခါ ဆောင်းခနဲ့ တောခိုရာမှာ ပါသွားခဲ့ပါတယ်။ KNLA က ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောသေတာက တိုက်ဆိုင်တယ်လို့မှတ်ပါ။ ဆက်ယုံရင် ဆက်ခေါ်ထားပါ။ ဒီတိုင်းတော့ သူက ဘာမှမလုပ်ပါဘူး။ တိုက်ပွဲဖြစ်မှ GPS location ကို စရဖတန်ပြန်ထောက်လှမ်းရေးက တပ်ကို ပို့မှာပါ။ NUG ဝန်ကြီးများ သူတို့နဲ့ ဝေးဝေးနေပါ။ သတိပေးပြီးပါပြီ။ GPS နဲ့ဆို လက်နက်ကြီးနဲ့ပစ်ရတာ၊ လေယာဉ်ပေါ်ကပစ်ရတာ လွယ်ပါတယ်။


မအလတပ်အာဏာသိမ်းတော့ မောင်ဆောင်းခတို့ သဉ္ဇာရွှန်းလဲ့ရည်တို့ ဖမ်းမယ့်စာရင်းထဲမှာမပါပါဘူး။ သူတို့ဖာသာ ထွက်ပြေးတာပါ။ သူတို့က ဆန္ဒနည်းနည်းပြပြီးရင် သတင်းသမားတွေနဲ့ပိုင်တော့ဓာတ်ပုံတင်တာတော့ ပိုင်ပါတယ်။ ဒါလဲ မအလက ဘီဘီစီသတင်းထောက် ကိုအောင်သူရ၊ မဇ္ဈိမသတင်းထောက်တို့လောက်သာဖမ်းပေမယ့် ဆောင်းခတို့ကို စာရင်းထဲမထည့်ခဲ့ပါ။ ယခု ဆောင်းခကဗမာလူမျိုးတပ်ကို ထူထောင်တယ်ဆိုပြီး လုပ်ပါတယ်။ သူ့ကို သင်တန်းပေးသူက KNU လို့ဆိုပါတယ်။သူ့တပ်တွေက တိုက်ပွဲဝင်နေပြီ ဘာညာဆိုပြီး ဘီဘီစီ၊ Myanmar Now ၊ ခေတ်သစ်တွေမှာ ဝေဝေဆာဆာ ဖော်ပြပါတယ်။ မနေ့က သူ့တပ်ထက်အင်အားကြီးတဲ့ ဆားလင်းကြီးနဲ့ အခြားနေရာတွေမှာ PDF တွေသင်တန်းဆင်းပါတယ်။ ဆားလင်းကြီးသင်တန်းဆင်းတာက မီဒီယာကြီးတွေမှာ မတင်ပါ။အင်အားက ဆားလင်းကြီး အပတ်စဉ် ၄ တင် သူ့ထက်များပါတယ်။ မောင်ဆောင်းခရဲ့တပ်ကိစ္စဆိုအင်္ဂလိပ်သတင်းစာ The Guardian မှာတောင် ပါပါတယ်။ ထီးလင်း၊ ပင်လည်ဘူးက PDF တွေကိုမျက်နှာပူစရာပါ။


ဒါဆိုရင် BPLA ကို လေ့လာကြည့်ရအောင်။

သူက BPLA ကို ဗမာလူမျိုးကြီးဝါဒပျောက်အောင် ထူထောင်တယ်လို့ဆိုပါတယ်။ သူက အတိအလင်းNUG အောက်က PDF မဟုတ်ဖူးလို့ ကြေညာပါတယ်။ ပထမဆုံးသူက ဗမာတပ်ထူထောင်လို့ သူကဗမာလားဆိုတဲ့ မေးခွန်းရှိပါတယ်။ စာရေးသူအဖြေသိပေမယ့် လူမျိုးရေးမပါလိုလို့ ကျော်သွားပါ့မယ်။နောက်သူ့ကို ဘယ်သူတွေက ထောက်ပံ့နေလဲ? ဒီကိစ္စက အနည်းငယ်ရှုပ်ပါတယ်။ သူ့တပ်ကို KNU ကသင်တန်းပေးတယ် သူ့ကို ယခင်က အနောက်က NGO တွေက ထောက်ပံ့ပေးလို့ သူဟာရုတ်တရက်ကြည့်ရင် အနောက်လူလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့်သူ့တပ်နာမည်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA(Peoples Liberation Army) နဲ့ နာမည်တူနေပါတယ်။ သူကရှေ့မှာဗမာတပ်ထားတာပါ။ သူ့ကိုတရားဝင်ထောက်ခံတာက AA၊ MNDAA နဲ့ TNLA ပါ။ သူတို့နောက်မှာဘယ်နိုင်ငံရှိလဲ အားလုံးသိပြီးသားပါ။

ဒါဆိုရင် တပ်အင်အားကစပြီးလေ့လာရအောင်။ ဆောင်းခနဲ့ သဉ္ဇာတို့က နိုင်ငံရေးကို NLD နဲ့ DASSK က ချုပ်ကိုင်ထားပြီး ဒါကိုဖြုတ်ချဖို့ တတိယအင်အားစုလိုတယ်ဆိုတဲ့ဘက်က အခြေခံထားပါတယ်။သူ့တပ်ထဲကို ဝင်သူအချို့မှာ ကျောင်းသားသမဂ္ဂက လူအချို့လဲပါပါတယ်။ သူက NUG အောက်မဟုတ်တဲ့အဖွဲ့လို့ အတိအလင်းကြေညာထားပြီးသားပါ။ ဒီနေရာမှာ စာရေးသူ ဒီမိုကရေစီရဲ့ မူနဲ့ ပြန်ပြောပါ့မယ်။ ဒီမိုကရေစီမှာ အာဏာက ပြည်သူ့ထံက ဆင်းသက်တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ဟာရွေးကောက်ခံအရပ်သားအစိုးရပြောစကားကို နားထောင်ရပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာပြဿနာများစွာ ပေါ်ခဲ့ပေမယ့် အမေရိကန်စစ်တပ်ဟာ အာဏာမသိမ်းပါ။ ယူကေမှာလဲ လက်ရှိဝန်ကြီးချုပ်က ကိုဗစ်ကာလ ပါတီလုပ်လို့ ဒဏ်ငွေအရိုက်ခံရပေမယ့် စစ်တပ်က အာဏာမသိမ်းပါ။ မအလတပ်က NLD ကို ဂရုမစိုက်ဘဲ အာဏာသိမ်းတာကနေ ဒီတော်လှန်ရေးစခဲ့တာပါ။ ဒါကြောင့်စာရေးသူတို့ဟာ ရွေးကောက်ခံ NUG အမိန့်ကို အာဏာမရခင်မှာတောင် မနာခံတဲ့အဖွဲ့ကို မအလတပ်လိုသာ သဘောထားရပါမယ်။ NLD က နိုင်ငံရေးကိုချုပ်ကိုင်တာကို မကြိုက်ရင် မိမိကပါတီထောင်ပြီးရွေးကောက်ပွဲမှာ မောင်ဆောင်းခရော သဉ္စာရွှန်းလဲ့ရည်ရောက မိမိတို့ရဲ့ မဲဆန္ဒရှင်တွေကို ဗမာလိုဖြစ်ဖြစ် E နဲ့ဖြစ်ဖြစ် ရှင်းပြပြီး မဲဆွယ်ရပါမယ်။ ဒီလိုမဟုတ်ဘဲ မအလလို NLD လုပ်တာမကြိုက်လို့လက်နက်ကိုင်အဖွဲ့ထောင်တာက ဒီမိုကရေစီရဲ့မူအရ မှားနေပါတယ်။ နောက်အင်အားပါ။ NUG လက်အောက်က PDF တွေဟာ သိန်းဂဏန်းနီးပါးပါ။ BPLA ဟာ စရဖထောက်လှမ်းရေး အတွင်းသတင်းအရ လူတစ်ထောင်ထက်မပိုသေးပါ။ မနေ့က သင်တန်းဆင်းတာတောင် အတွင်းသတင်းအရ၂၂၀ ပါ။ ဆားလင်းကြီး PDF အပတ်စဉ် ၄ က သူ့ထက်များပါတယ်။ ဒါပေမယ့် BPLA က PDF ထက်တိုက်တာနည်းပြီး မီဒီယာမှာ ဖော်ပြခံရတာက ပိုများနေပါတယ်။ မောင်ဆောင်းခရဲ့ မူရင်းစကားအရBPLA ကို တိုင်းရင်းသားအဖွဲ့တွေက လက်နက်ထောက်ပံ့လို့ ပူစရာမလိုဘူးလို့ ပြောထားပါတယ်။ သူကလူတစ်ထောင်လောက်မိုလို့ ထောက်ပံ့ရတာ လွယ်နေပါသေးတယ်။


ဒါဆိုရင် BPLA ကို ဘာ့ကြောင့်ဖွဲ့ထားလဲ? ထိုင်းနယ်စပ်မှာက ဒီထက်အဖွဲ့များစရာ မရှိတော့ပါ။ BPLA ရဲ့ ပစ်မှတ်က စစ်ကိုင်းနဲ့ မကွေးပါ။ ထိုဒေသတွေမှာ NUG အောက် မရောက်သေးတဲ့အဖွဲ့အချို့ရှိပါတယ်။ ထိုအဖွဲ့များကို စည်းရုံးပြီး NUG ဩဇာ PDF ဩဇာ လျှော့ချဖို့ပါ။ ဒီလိုလျှော့ချမှ စစ်ကိုင်း ဆားလင်းကြီးကလက်နက်ကိုင်အဖွဲ့တွေကို BPLA က တရုတ်အကျိုးစီးပွါးကို မထိခိုက်ဖို့ အမိန့်ပေးရလွယ်မှာပါ။ သူကတရုတ်ဆန့်ကျင်သူပါဆိုရင် သူ့ကိုထောက်ခံသူအဖွဲ့တွေဟာ ဘယ်သူ့ဩဇာခံလဲဆိုတာလေ့လာပါ။ ဘယ်သူမှ သူတို့အတွက်မကျန်ရင် လက်နက်မထောက်ပံ့ပါ။ BPLA ဟာ နောက်ပိုင်းမှာပါတီထောင်မှာဖြစ်ပြီး သဉ္ဇာရွှန်းလဲ့ရည်တို့ကလဲ ပါမှာပါ။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အနာဂတ်မှာ NLD ဩဇာ လျှော့ချရေးပါ။ ဒါကို ကြိုက်တဲ့အဖွဲ့များလဲရှိနိုင်ပြီး တိုင်းရင်းသားအဖွဲ့အချို့က သူတို့ဒေသတွေမှာ မအလတပ်ကလုပ်တာဟာ DASSK ကြောင့် NLD ကြောင့်ဆိုပြီး အငြိုးနဲ့ NUG ကို လုပ်နေတာပါ။


ဒါဆိုရင် ပြည်သူကဘာလုပ်ရမလဲ? မောင်ဆောင်းခကိုလှူလိုရင် သဉ္ဇာရွှန်းလဲ့ရည်ကိုလှူလိုရင် BPLA ကို လှူလိုရင်လှူပါ။ ဒါက သင့်ပိုက်ဆံဖြစ်ပြီး သင်သာဆုံးဖြတ်ရမှာပါ။ clicktodonate လဲ BPLA ကိုလှူလိုရင် တရားဝင်သာထုတ်ပြောပါ။ DASSK ကို ထောက်ခံသူတွေရဲ့ click နဲ့တော့ DASSK ကို ဆဲသူကိုပြန်မထောက်ပံ့ပါနဲ့။ BPLA လဲ သတ္တိရှိရင် မိမိပိုင် clicktodonate ထောင်ပါ။ သဉ္စာရွှန်းလဲ့ရည်နဲ့ မောင်ဆောင်းခတို့လဲ မိမိတို့ရဲ့ ပြည်တွင်းပြည်ပက အဆက်အသွယ်တွေနဲ့ BPLA ကို ထောက်ပံ့နိုင်အောင်ရန်ပုံငွေရှာပါ။


စာရေးသူကိုမေးရင်တော့ စာရေးသူရဲ့ ချွေးနည်းစာကို ပြည်သူ့အစိုးရအမိန့်ကို အာဏာမရခင်မှာတောင် အမိန့်မနာခံတဲ့ မအလလိုတပ်မျိုးကို ငွေကုန်ခံလှူပြီး အဆိပ်ပင် ရေမလောင်းပါ။ ဗမာတပ်ဆိုရင်လဲ ဗမာလူမျိုးစစ်စစ်ကသာ ဗမာနာမည်တပ်ပါစေ။ ဒီနေရာမှာ လူမျိုးရေးပါမှာစိုးလို့ ကျန်တာအသေးစိတ်မရေးပါ။ အဖေအမေနာမည် လူမျိုး ကျော်သွားပါ့မယ်။ NUG အနေနဲ့လဲ ဘယ်clicktodonate က မိမိအသိအမှတ်ပြုဖြစ်ကြောင်း PRF မိသားစုလို သတ်မှတ်ပေးပါ။ NUG ကို အသိအမှတ်မပြုလိုသူများ DASSK ကို ဖောင်းထုလိုသူများ NUG ရန်ပုံငွေပွဲမှာ မိန့်ခွန်းပြောပြီး ငွေမရှာပါစေနဲ့။ ပြည်သူက NUG ကိုသာ ဆက်လှူပါ။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။


(လူမျိုးရေးပါသော လူမျိုးရေးအစွန်းရောက်များ၏ မှတ်ချက်များကို ဖျက်ပါမည်။ စာရေးသူက အသံအဖွဲ့ဝင်မဟုတ်လို့ပါ။)

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 Comments


Scarlet Scarlet
Scarlet Scarlet
May 05, 2022

K3 တပည့် ဆို ဘဲ...

Like

အမေ့သား ပေါက်ကြီး
အမေ့သား ပေါက်ကြီး
May 05, 2022

တောထဲရောက်နေပီးNUG လက်အောက်မှာ မရှိကတည်းက.

Like

Nay Nann myint
Nay Nann myint
May 05, 2022

Saint born Trojans များအကြောင်း


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page