top of page
Search

မိုင်းကိုင်နှင့်အဘ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 26, 2020
  • 1 min read

အားလုံးသိတဲ့အတိုင်း ရွေးကော်က ရွေးကောက်ပွဲအတွက် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်တောင်းတယ်။ အဲ့ဒီအထဲမှာ တိုက်ပွဲမဖြစ်ပေမယ့် တပ်က မိုင်းကိုင်ကို ရွေးကောက်ပွဲမလုပ်သင့်တဲ့နေရာလို့အကြံပေးတယ်။ သူ့ရဲ့ အကြောင်းပြချက်က RCSS က ရွာသားတွေကို ဟိုလူဝင်ရ မဝင်ရ ဖိအားပေးလို့ဘာညာအကြောင်းပြတယ်။ တပ်ထောက်လှမ်းရေး စရဖက ဒီနေရာမှာ အလွန်တော်ပြီး RCSS ရဲ့ ဘယ်ဗိုလ်က ရွာထဲမဝင်အောင် ဘယ်ရွာသားကို ခေါ်ပြောတာကအစ သိခဲ့ပါတယ်။ တောင်ကုတ်မှာ ဓာတ်ခဲက NLD အမတ်လောင်းတွေကို ဝင်ဖမ်းသွားတာကိုတော့ လုံးဝ မသိလိုက်ပါ။ ရခိုင်က စစ်ဖြစ်နေတဲ့နေရာပါ။ ထောက်လှမ်းရေးလစ်ဟာမှုဟာ တိုက်ဆိုင်မှုလို့သာ မှတ်ပါတယ်။

မိုင်းကိုင်မှာ ရွေးကောက်ပွဲမလုပ်တာကို TNP ပါတီက ထောက်ခံတယ်။ တအောင်း(ပလောင်)TNP ပါတီက ဘယ်လောက်အရေးပါလဲ။ ပုံမှန်ပြည်မကလူတွေကတော့ မသိနိုင်ပါ။ အဆိုပါ TNP ပါတီဟာပြည်သူ့လွှတ်တော်မှာ သုံးနေရာ၊ အမျိုးသားလွှတ်တော်မှာ ၂ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်မှာ ၇နေရာပါ။ အဘနဲ့ ရင်းနှီးလား မရင်းနှီးလားကတော့ သူတို့အချင်းချင်းသာ သိပါမယ်။

အဆိုပါ RCSS သီအိုရီအရ သူကရွာကိုပိတ်လို့ ရွေးကောက်ပွဲမလုပ်ရဆိုရင် ပြည်သူ့စစ်တွေရဲ့ကျောထောက်နောက်ခံရှိတဲ့ မိုင်းပျဉ်းက ဖွတ်တွေကို ဘယ်လိုလုပ်မလဲ? ရခိုင်မှာဆိုရင် သူပုန်ကိုထောက်ခံနေလို့ ပိုတောင်ဆိုးသွားမှာပါ။

ဒါက မိုင်းကိုင်လိုနေရာမျိုးမှာတောင် အဘက ဘယ်လာက်ကြိုးစားထားသလဲ မြင်အောင်ရေးပြတာပါ။

News Credit: 7 Days News

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Albert Wint
Albert Wint
Oct 26, 2020

TNPနဲ့RCSSဘာကြောင့်ချကြလဲအရင်းခံအကြောင်းအဓိကတော့မသိပါတိုင်းရင်းသားအချင်းချင်း္တိုင်းရင်းသားနဲ့တပ်တိုက်နေကြရတဲ့မာန္္အာဂါတ ကျဥ်းမြောင်းတဲ့လူမျိုးရေးစိတ်ဓာတ်တွေဟာမြန်ပြည်ကြီးမီးဟုန်းဟုန်းတောက်ဖို့လောင်စာတွေဖြစ်နေကြတာကံဆိုးခြင်းတရပ်ပါဘဲ ဒါတွေပပျောက်ဘို့ဆေးကတော့စစ်မှန်တဲ့ဖက်ဒရယ်ကိုအကောင်အထည်ဖော်နေတဲ့NLDသာအမြန်ဆုံးအစိုးရဖွဲ့နိုင်မှရှင်းလို့ရမဲ့ရောဂါပျောက်နိုင်မှာပါခေတ်အဆက်ဆက်မပျောက်တဲ့ရောဂါကြီး ကင်ဆာကြီးပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page