top of page
Search

မိုခါမှတိုက်သော မိုးခါးရေ

Writer: Myat Tun Oo
Myat Tun Oo
May 16, 2023
1 min read

မိုခါမုန်တိုင်းဟာ ရခိုင်ကိုဗဟိုပြုဖြတ်ပြီး ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးနေရာအချို့ကို ဒုက္ခပေးသွားတာ အားလုံးသတိထားမိမှာပါ။ ရခိုင်က အပစ်ရပ်ထားလို့ မုန်တိုင်းမလာခင် AA က ဓာတ်ပုံနဲ့တကွသူ့ပြည်သူတွေကို ကူညီတယ်လို့ လိုင်းပေါ်မှာရေးထားသလို မအလကလဲ သူ့အမျိုးသမီးက ရခိုင်သူမိုလို့ ရခိုင်ပြည်ကို ကူညီဖို့ဆိုပြီး စစ်သင်္ဘောတွေပြင်ပြီး ရိက္ခာတွေပုံကာ အပြတ်ကူညီပြဖို့ လုပ်နေပါတယ်။ မအလက ဘရွှေလက်ထက်ကလို မဖြစ်စေရလို့ ကျုံးဝါးထားပြီး ပြည်ပက လာရောက်ကူညီရင်လဲ ရခိုင်ပြည်အတွက်ကူညီတာကို လက်ခံမယ်လို့ ဆိုထားပါတယ်။ သူက ဘီဘီစီသတင်းထောက်ကိုမုန်တိုင်းဖြစ်ချိန်သတင်းထုတ်လွှင့်ခွင့်ပေးပြီး သူကဘရွှေနဲ့မတူ လူသားဆန်ကြောင်း ပြဖို့ကြိုးစားနေပါတယ်။ AA ထွန်းမြတ်နိုင်ကလဲ ရခိုင်ပြည်ကို ကူညီဖို့ တောင်းဆိုထားလို့ ရခိုင်ပြည်နယ်က အဆိုးထဲကကံကောင်းတယ်လို့ ပြောရမှာပါ။

ဒီနေရာမှာ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ကလဲ ရခိုင်ပြည်နယ်ကို ကူညီဖို့ မအလကို ကမ်းလှမ်းထားပြီး AA ကလဲ လက်ခံမယ်လို့ ယူဆရပါတယ်။ အနောက်အုပ်စုနဲ့ အမေရိကန်၊ ကုလကလဲ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ကူညီဖို့ရှိပြီး ထိုကူညီချိန်မှာ ရခိုင်ကိုဖြတ်ရမှာမိုလို့ ရခိုင်ကိုလဲ ကူညီဖို့ရှိပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ်ဟာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးရပေမယ့် ကယ်ဆယ်မည့်သူ အလွန်ပေါတာကို ဝမ်းသာဖွယ်တွေ့ရှိရပါတယ်။ မုဒိတာ ပွါးစရာပါ။

ရခိုင်ကိုကျော်ပြီးလေ့လာရင် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ ကချင်နဲ့ မန္တလေးအချို့ဒေသတွေကတော့ ရင်လေးစရာပါ။ အဆိုပါဒေသတွေဟာ မုန်တိုင်းမတိုင်ခင် မအလတပ်ရဲ့ ဗုံးကြဲခြင်းခံခဲ့ရသလို မအလစစ်ကြောင်းကြောင့် ထွက်ပြေးရသူတွေ သန်းချီရှိနေပါတယ်။ သူတို့ကို မအလတပ်က မကူညီတဲ့အပြင် ဒုက္ခပေးနေတာ အားလုံးသိမှာပါ။ ထို့အတူ အဆိုပါဒေသကို ကုလ၊ အာဆီယံ၊ တရုတ်၊အမေရိကန်၊ အင်္ဂလိပ်ကလဲ မကူတာ အားလုံးသိကြမှာပါ။ လက်နက်မပြောနဲ့ ဆန်တစ်အိတ်တောင် မထောက်ပံ့ပါ။ ခင်ဦး၊ ဆားလင်းကြီး၊ ပေါက်၊ ယင်းမပင်ဒေသက သတင်းတွေက အင်မတန် ကြေကွဲစရာပါ။ အဆိုပါဒေသတွေကို ကူညီမည့်သူဟာ ပြည်သူသာရှိပြီး ထိုပြည်သူက NUG ပါ။ ဒါကြောင့်ပြည်တွင်း၊ ပြည်ပက ငွေအပိုရှိသူများကို ပန်ကြားလိုတာက ရေများတဲ့နေရာကို မိုးမရွာဘဲ ရေလိုတဲ့နေရာမှာ မိုးရွာနိုင်အောင် NUG ကတဆင့် ထောက်ပံ့ဖို့ ကြိုးစားလှူပေးကြပါလို့ တိုက်တွန်းပါရစေ။ ငါတို့ပြည်သူမှာ ပြည်သူသာရှိပါတယ်။ NUG ကလဲ ပြည်သူ့အလှူကို ရေးများရာ မိုးမရွာဘဲ နိုင်ငံခြားက မထောက်ပံ့တဲ့ အမေ့ခံပြည်သူတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပေးပါလို့ တိုက်တွန်းပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page