top of page
Search
  • Writer's pictureMyat Tun Oo

မဲခိုးတဲ့ ကပစ ၆ အကြောင်းအသေးစိတ်


ကပစ ၆ တပ်ရင်းမှူး က ဗိုလ်မှူးကြီး ကျော်ဦးပါ။ ဒုတပ်မှူး က ဒု ဗိုလ်မှူးကြီး ကျော်ကျာ်ဦးပါ(၂)ယောက်လုံး လစာစားနေပြီး အပွင့်မပြောင်းရသေးသူများဖြစ်ပါတယ်။

ပထမက ဝန်ထမ်းတွေကို ကြိုတင်မဲ ဘယ်လိုပေးရလဲ ဆိုတာ ဆွေးနွေးပွဲဆိုပြီး ခေါ်ပါတယ်။

အုပ်ချုပ်မှု အရာရှိ ဗိုလ်မှူးက ပထမ ပြောတာကတော့ ဘယ်လိုမဲထည့်ရမလဲဆိုတာဖြစ်ပြီး နောက်ဆုံးမှာ တပ်ချုပ်မူအရ USDP ကိုမဲထည့်ဖို့ စည်းရုံးသွားပါတယ်။ 21/10/2020 နေ့ ကြိုတင်မဲ သွားပေးတော့အရာရှိတယောက်ဘေးနားက ရပ်စောင့်နေပြီး ဝန်ထမ်းတွေကို ဒီပါတီကို အမှန်ခြစ်ပေးပါလို့ အနားမှာရပ်နေပြီးပြောနေပါတယ်။

အမိန့်ပေးသူက နှာခေါင်းစည်းမဝတ်၊ လက်အိတ် မဝတ်ပါ။ မဲထည့်သူများသာ နှာခေါင်းစည်း တတ်ထားရပါတယ်။ဝန်ထမ်းအင်အားရဲ့ သုံးပုံ တစ်ပုံလောက် ကြိုတင်မဲ ထည့်ရတယ် လို့သိရပါတယ်။


မဲရုံမှာ စောင့်ပေးတဲ့ အရာရှိ အရာခံ စာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။


၁- ဗိုလ်ကြီး နေလင်းအောင်(တပ်ရေးဗိုလ်ကြီး)၊

၂- ဗိုလ်ကြီး ရဲမြတ်ထွန်း၊

၃- ဗိုလ်ကြီး အေးချမ်းအောင်၊

၄- ဗိုလ်ကြီး အောင်ကျော်မြင့်၊

၅- ဗိုလ်ကြီး ရဲဝင်းခန့်၊

၆- ဗိုလ်ကြီး ချမ်းမြေ့ကျော်၊

၇- ဒု အရာခံဗိုလ် မောင်မောင်လွင် တို့ဖြစ်ပါတယ်။


ယခင်က (ကစစ ၂၃) ဆိုင်းဘုတ်ထောင်ထားတဲ့နေရာသည် တပ်အဝင်မောင်းတံဂိတ်ဖြစ်ပါသည်။တပ်မတော်အောက်ရောက်သွားချိန်မှာ တပ်ဝင်ဂိတ်ကို အတွင်းပိုင်း မီတာ တထောင် သုံးရာလောက်ကိုပြောင်းလိုက်ပါတယ်။ တပ်ဂိတ်မှ ဝင်ပြီး ၂ မိုင်ခွဲ နေရာသည် (R1/ Regional 1) ဖြစ်ပါတယ်။ ၂ မိုင်ခန့်တက်သွား လိုက်ရင် (R2) ကိုရောက်ပါတယ်။ ညောင်ခြေထောက် ကပစ ၆ မှာပါ။

စာရေးသူဟာ NLD ပါတီဝင်မဟုတ်ပါ။ သတင်းသမားမဟုတ်ပါ။ ကိုယ်ထ့မင်းကိုစားပြီး မအဘက မဟုတ်တာလုပ်တာကို ၅၀၅ ခြိမ်းခြောက်မှုကြားက ဖော်ထုတ်တာပါ။

စာရေးသူရေးတာ မှန် မမှန်စစ်လိုရင် မဲပေးသူတွေကို ၅၀၅ နဲ့ တရားမစွဲပါဘူးလို့ အာမခံချက်ပေးပြီးသီးခြားလွတ်လပ်တဲ့အဖွဲ့နဲ့စစ်ရင် ရပါမယ်။ လူလိမ်ကို လူလိမ်ကသွားစစ်ရင်တော့ အမှန်မပေါ်ပါ။

5,677 views2 comments
bottom of page