top of page
Search

မေးခွင့်ရရင် မေးပေးပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 13, 2020
  • 1 min read

စာရေးသူတို့တိုင်းပြည်မှာ တန်းတူညီမျှဆိုတာက ဖယ်ဒရယ်မရှိလို့ နိုင်ငံနဲ့ချီပြောရင် အလှမ်းဝေးနေပါသေးတယ်။ ဒါပေမယ့် သတင်းသမားအများစုဟာ NLD က ဝန်ကြီးတွေကို ဆက်ဆံတာနဲ့ တပ်ချုပ်ကိုဆက်ဆံတာကွာသလို လက်ရှိတပ်ထဲကမဟုတ်ဘဲ တပ်ထွက်တွေကိုတောင် မ နေတာဟာ တရားမျှတခြင်း တန်းတူညီမျှခြင်း မရှိပါလို့ပြောပါရစေ။


ပထမက ကွီးဖြိုးနာရီကိစ္စဖွရာမှာ တစ်ပူးက တပ်စရဖက လုပ်ကြံပေးတဲ့သတင်းကို ဖွရာက စတာပါ။နောက် စီမံဘဏ္ဍာဝန်ကြီးသားကိုလဲ မဟုတ်တာစွပ်စွဲပြီး ဖွခဲ့တာ သတင်းသမားတွေပါ။ အဆိုပါသတင်းသမားတွေဟာ တပ်ချုပ်ရဲ့ Rolex တွေ Omega တွေ၊ Apple Watch special Edition တွေကိုတော့မမြင်ချင်ရောင် ဆောင်သွားခဲ့ပါတယ်။


တပ်ချုပ်လှူစဉ် သတင်းမီဒီယာကောင်စီ ဥက္ကဌ ပြောလိုက်တဲ့ ကျေးဇူးတင်စကားက သူတို့ရဲ့အသိဉာဏ်နဲ့ ဖားတတ်တဲ့စရိုက်ကို ပြလိုက်တာပါ။ တပ်ကလှူတဲ့ဆန်တွေဟာ ပြည်သူ့ထံက စာရင်းစစ်မခံဘဲ ရယူထားတဲ့ ပြည်သူ့ဘဏ္ဍာဆိုတာကို ထိုဥက္ကဌမတွေးမိတာလား အဖားလွန်သွားတာလားတော့သူသာသိမှာပါ။ ဒါကယူနီဖောင်းဝတ်မိုလို့ ကြောက်ရလို့ ထားလိုက်ပါ။


ယခုရက်ပိုင်း ဘရွှေမန်းကို မီဒီယာတွေက ဗျူးရာမှာတော့ အင်မတန် ငြင်သာတာတွေ့ရပါတယ်။ ဒီမိုဝကခတွေကိုမေးရင် မေးခွန်းရော လေသံကပါ မာပါတယ်။ အင်မတန် စေ့စပ်ပါတယ်။ ရွှေမန်းဟာအရပ်သားပါ။ ပါတီထောင်ထားပါတယ်။ ရွေးကောက်ပွဲဝင်မည့်သူဖြစ်လို့ သူ့အိမ်ကြီးကို ဘယ်ကပိုက်ဆံနဲ့ ဆောက်လဲဆိုတာကအစ မေးရမှာပါ။ နောက်ပါတီကို ဘယ်ကပိုက်ဆံနဲ့ ထောင်ထားလဲစာရင်းစစ်ခံရဲလား နောက်သူ့သားတွေ ဘယ်လိုချမ်းသာလာလဲ သူ့သားတပ်ထဲကအမှုကို သူဘယ်လိုရှင်းပေးခဲ့လဲ ဒါမျိုးတွေပါ။ နောက် ၈၈နဲ့ ၂၀၀၇ သံဃာ့အရေးနှိမ်နင်းရာမှာ သူဘယ်အခမ်းက ပါခဲ့သလဲ ဒါမျိုးတွေပါ။ သူဟာပါတီဥက္ကဌမိုလို့ ဒီမေးခွန်းတွေဟာ တရားဝင်မေးခွန်းတွေ legitimate question ပါ။

သတင်းသမားများကို ပြောချင်တာက တရားမျှတခြင်း တန်းတူညီမျှမှုအတွက် အဘဘောသာ မ မနေဘဲ အဆိုပါမေးခွန်းများကို မေးခွင့်ရရင် မေးပေးပါလိူ့ ပြောပါရစေ။


Video credit for photo: RFA

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page