top of page
Search

မုံးကိုးမှသည် မြဝတီသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 20, 2021
  • 1 min read

စာရေးသူတို့တိုင်းပြည်မှာ ယခင်ကတိုက်ပွဲတွေဖြစ်တဲ့အခါ ဗမာတွေက တိုင်းရင်းသားတွေကိုမစာနာဘူးဆိုပြီး အပြစ်တင်ခဲ့ကြပါတယ်။ DASSK ကိုလဲ မအလကို မပြောလို့ဆိုပြီးအပြစ်တင်ခဲ့ကြပါတယ်။ ယခုဗမာအားလုံးက လက်နက်စွဲကိုင် တော်လှန်နေကြပါပြီ။ ဒီနေရာမှာ ယခင်က DASSK ကိုပြောခဲ့တဲ့ ဖယ်ဒရယ်မရရင် သေတော့မယ့် တိုင်းရင်းသားခေါင်းဆောင်ကြီးက ပျောက်နေပြီး သူ့လူမျိုးအချင်းချင်းတိုက်တာတောင် မတိုက်ပါနဲ့လို့DASSK ကို ပြောခဲ့သလို မပြောရဲတာ တွေ့ရပါတယ်။ အချို့လက်နက်ကိုင်အဖွဲ့တွေကလဲPDF ကိစ္စက ဗမာကိစ္စ ငါတို့နဲ့မဆိုင်ဘူးဆိုပြီး မကူညီတာတွေ့ရပါတယ်။ ဒီနေရာမှာ အားလုံးကဖယ်ဒရယ်လိုချင်တာ သေချာပါတယ်။ ဒီအချိန်မှ မအလတပ်ကို ဝိုင်းမတိုက်ရင်လဲ ဖယ်ဒရယ်မရနိုင်ဘူးဆိုတာ သေချာပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့PDF ကို လက်နက်ကူညီချင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲဆိုတာ ရေးပြလိုပါတယ်။

ယခုမုံးကိုးမှာ တိုက်ပွဲဖြစ်ပါတယ်။ စစ်တပ်က တာဝေးပစ်အမြောက်တွေသုံးပါတယ်။ ဟာဝေဇာအမြောက်တွေပါ။ ၁၅ မိုင်လောက်အထိ ပစ်နိုင်ပါတယ်။ နောက်ဆုံးပေါ်ကတော့ မိုင် ၄၀လောက်အထိ ပစ်နိုင်ပေမယ့် မအလတပ်မှာ မရှိပါဘူး။ ဒီမုံးကိုးကို တိုက်ဖို့ဆိုရင် စစ်တိုက်ရာမှာ ထောက်ပို့လိုပါတယ်။ စစ်သားတွေ၊ ရိက္ခာတွေ၊ လက်နက်တွေကို တိုက်ပွဲဖြစ်တဲ့နေရာနဲ့အနီးဆုံးအထိ ပို့ဆောင်ပေးရပါတယ်။ သူ့ကို ကွတ်ခိုင်ကစစ်ကူပေး၊ ကွတ်ခိုင်ကို လားရှိုးကနေ ပြန်စစ်ကူပေး၊ လားရှိုးကို မေမြို့/မန္တလေးကနေ စစ်ကူပြန်ပေး ပြန်ဖြည့်တာပါ။ ဒီနေရာမှာ ကွတ်ခိုင်အထွက်၊ လားရှိုးအထွက်၊ မန္တလေးအထွက်ကနေ တိုက်ဖို့က PDF လိုပါတယ်။လေကြောင်းအနေနဲ့က နမ့်စန်၊ လားရှိုးနဲ့ မိတ္ထီလာလေတပ်စခန်းတွေက အဓိက ကူတိုက်ပေးနေတာပါ။ လားရှိုးက အထိုင်မရှိပေမယ့် လေဆိပ်ကိုသုံးပြီး ထောက်ပို့လုပ်ပါတယ်။ ဒါက စစ်သဘောတွေပါ။ မိမိတို့စစ်ဖြစ်မှ PDF ကို လှမ်းကူခိုင်းလို့မရပါ။

ဒါဆိုရင်ဘာလုပ်ရမလဲ? တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ PDF တွေကို လက်နက်ကူညီပါ။ တိုက်ခိုက်နိုင်တဲ့ ဆွဲမိုင်းတွေ၊ လက်နက်ကြီး RPG လောက် ၇၀ မမ လောက် ပေးပါ။ဒါမှ PDF ဟာ ရန်သူ့လေတပ်စခန်းတွေ၊ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်နိုင်မှာပါ။ နောက် KIA လို အချို့အဖွဲ့တွေလဲ PDF ကို မိမိတို့အမိန့်အောက်မှာ သိပ်မချုပ်ထားပါနဲ့။ မိမိနယ် မြစ်ကြီးနားထဲမှာလဲ လွတ်လပ်စွာ ပေးလှုပ်ရှားလိုက်ပါ။ ဒါမှ မအလတပ်တွေကို နောက်ကျောမလုံအောင် လုပ်နိုင်မှာပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ငါတို့ကိုလာတိုက်ရင် ကရင်က ကရင်မှာခံချ၊ ကိုးကန့်က ကိုးကန့်မှာ ခံချဆိုတာထက် စစ်ရေးအမြင်ကျယ်ပြီးဗျူဟာကျကျ မအလတပ်ရဲ့ မြေပြန့်က ထောက်ပို့စနစ်ကို PDF ကို ကူညီခြင်းဖြင့် ဖြတ်တောက်တိုက်ခိုက်နိုင်အောင် ကြိုးစားကြပါ။ ပြည်နယ် ပြည်မသွေးစည်းခြင်းဖြင့် မအလကိုအမြစ်ဖြတ်ကြပါ။ စည်းလုံးခြင်းသည် ခွန်အားဆိုတာကို မုံးကိုးမှသည် မြဝတီအထိ ပြကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 20, 2021

ဦးမြတ်!!! နှစ် ၆၀ ကြာသည့်တိုင် ၊ ဓမ္မ နှင့် အဓမ္မ ပွဲ။ ဘာလို့ ဓမ္မက မနိုင်တာလဲ။

စာမျက်နှာ တစ်ခုမှာ ဖော်ပြထားသလို

ဓမ္မသည်သာ အနိုင်ရ ရမှာ။

အဖြေ တစ်ခုကိုလည်း ဖတ်ရှုမိပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~

မကြာခဏ တင်ပြခဲ့သလို လောကတွင်းမှာ ဆန့်ကျင်ဖက် တစုံစီ အားပြိုင်ကြကာ

အားသာသူက အနိုင်ရကြရိုး ရှိပါသည်။

အလင်း နှင့် အမှောင်

ဓမ္မ နှင့် အဓမ္မ

လွန်ခဲ့သော အဆက်ဆက် ၊ ဓမ္မဖက်ကရပ်သူ ၊ တောင်ထုမြင့်မိုရ် ပမာဏ ပေါ်ထွက်ခဲ့သည်လား???

ပမာဏနည်းအောင် စံပြစရာအဖြစ် ဘုရား သား တော်(ရဟန်းများ) နှင့် တက်ကြွတတ်သော ကျောင်းသားများကို နှိပ်ကွပ်မှု ရက်စက်စွာပြုခဲ့ပါသည်။

တိပိဋကဆောင် ဆရာတော်အား အကျဉ်းချပြခဲ့ပါသည်။

မဝင်းဝင်းမော် သွေးအိုင်ထဲ နစ်အောင် နှစ်ပြခဲ့ပါသည်။

တရားဓမ္မဆောင်သည့် သံဃာတော်များ၏ အား ကို၊ သိသဖြင့် ၊ အလိုလိုက် အကြိုက်ဆောင်ကာ ဓမ္မဘက်တော်သား

အားနည်းအောင် အနုနည်းဖြင့် ပူးသတ် အတွင်းလှိုက်ကာ ဖော်ဆောင်၍ အောင် ခဲ့ကြပါသည်။

သံဃာ ထုလည်း ၊ နှစ်ခြမ်းကွဲ ၊လျော့တိလျောရဲ ဖြစ်ခဲ့ရပါသည်။ ကိုးကွယ်သူတွေလည်း အမြင်ကွဲလွဲ ၊ ဆရာစွဲတွေကြောင့် ပြည်သူအများစု အသိ မွဲ ခဲ့ရပါသည်။

နောက်ကွယ်က လက်မည်း သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ကြပါ။ ထစ်ကနဲရှိ ငါ့ အသိုင်းအဝိုင်းလာမထိနဲ့ ဟူသော သေးသိမ်သောအမြင်ကိုသာ အစဉ်သုံးစွဲလာသောကြောင့် စိတ်ဝမ်းတွေ ကွဲ ခဲ့ကြပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


၂၁ မှာ အမြင်တွေ မလွဲ၊ မမွဲကြတော့ပါ။

နောက်ကွယ်က လက်မည်း သင်းတို့ပဲ ဆိုသောအမြင်သည် ပြည်လုံးကျွတ် နီးပါး အမှန်မြင်ခဲ့ကြပါသည်။

သည်အမြင်မှန်ရအောင် လမ်းပြကြယ်က


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page