top of page
Search

မြောက်ပိုင်းအဖွဲ့သတိထားရမည့် စစ်သားစုဆောင်းရေးနှင့် စစ်မှုထမ်းဥပဒေ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 21, 2024
  • 1 min read

မအလရဲ့ စစ်သားစုဆောင်းရေးက နောက် ၆ လ နေရင် တပ်သားသုံးသောင်း အနည်းဆုံး စုနိုင်လိမ့်မယ်လို့ ခန့်မှန်းယူဆပါတယ်။ ထိုအချိန်မတိုင်ခင်မှာက နေပြည်တော်အထိ ခံစစ်ဆင်ဖို့ပါ။ ကချင်၊ ချင်း၊ ရခိုင်နဲ့ ကရင်၊ ကရင်နီ(ကယား)မှာ တတ်နိုင်သလောက်အထိ ခံချထားဖို့ပါ။

ဒါဆိုရင် မအလက လူရရင် ဘယ်ကိုစတိုက်မလဲ။

တိုက်စရာနေရာတွေက မြေပုံထောက်ရင်အများကြီးပါ။ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးရေးဆွဲပြီး တင်ပြတဲ့စစ်ဆင်ရေးက ‘ဝ’ ကိုစတိုက်ဖို့ပါ။ ဘာလို့ "ဝ" ကိုရွေးပါသလဲ။ ဝ ဟာ အဖွဲ့အားလုံးကို လက်နက်တောက်ပံ့တယ်လို့ မအလက ယူဆလို့ပါ။ တရုတ်ဟာ ပေးစရာရှိတဲ့ လက်နက်ကိုလဲ ‘ဝ’ နယ်မြေကတဆင့် ထောက်ပံ့တယ်လို့ တွက်ထားလို့ပါ။

ကိုးကန့်က ၁၀၂၇ စ တိုက်ချိန်မှာလဲ မအလကို ဘောမများက ကိုးကန့်နဲ့ ဝ ကို ဆက်သွယ်ထားတဲ့ တံတားကို မဖျက်ခဲ့လို့ စစ်ရှုံးရတယ်ဆိုပြီး ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မအလဟာ ရခိုင်မှာ တံတားတွေ ဖျက်လာတာ၊ မြို့တွေကို အပြင်းအထန် ဗုံးကြဲလာတာ အားလုံးသတိထားမိမှာပါ။

မအလဟာ ဝ ကိုဗုံးကြဲရင် လက်နက်ကြီးနဲ့ ပစ်ရင် သူ့ကိုပြန်ပစ်မှာကိုသိပါတယ်။ ဝက ထွက်တိုက်ပြီး ရှမ်းပြည်မှာ နယ်ချဲ့လာရင် သူ့မှာခံတိုက်စရာ တပ်မရှိခဲ့ပါ။ ယခုတပ်ဆိုင်ထားတာက ခံစစ်သာဖြစ်ပြီး ဝ ကိုထိုးစစ်ဆင်နိုင်လောက်အောင် အားမရှိပါ။ ဒါပေမယ့် တပ်သားသစ် အနည်းဆုံး သုံးသောင်းလောက်က အဆိုပါ ထိုးစစ်ကို ကူနိုင်မယ်လို့ ယုံကြည်တားပါတယ်။ ဝကို ဖိအားပေးပြီး အခြားနေရာတွေမှာ ထိုးစစ်ဆင်ရင် TNLA၊ ကိုးကန့်ဒေသမှာ စစ်ရေးအရ အသာစီးရမယ်လို့ ယုံကြည်ထားပါတယ်။ ယခု TNLA ဒေသကို ပြန်သိမ်းပြီး ကိုးကန့်အထူးဒေသနားရောက်ရင် ကိုးကန့်နဲ့ ဝ က သူ့ကိုပြန်ဒူးထောက်နိုင်တယ်လို့ ယုံကြည်ထားပါတယ်။ ယခင်စစ်ရေးလေ့ကျင့်တာကို ကြီးကြပ်သူက မောင်မောင်အေးဖြစ်ပြီး မအလလေ့ကျင့်ခဲ့တာက “ဝ” ပစ်မှတ်တွေကိုပါ။ မဲလုံးတို့ ပြောလေ့ရှိတာကလဲ သူတို့စာရင်းလုပ်ထားတယ်ဆိုတာ “ဝ” ရဲ့ အရေးကြီး အဆောက်အအုံတွေကိုပါ။

ဒါဆိုဘာလို့ရေးပြရလဲ? ကိုးကန့်မှအစ၊ TNLA၊ AA တို့အနေနဲ့ မိမိတို့ဒေသပြန်ရရင် မအလရန်အေးပြီလို့ ယူဆမှာစိုးလို့ပါ။ မအလဟာ တရုတ်ပြောတာကို အကုန်လိုက်လုပ်နေတာမဟုတ်ဘဲ သူ့စစ်အင်အားအသာနဲ့ သူလြပ်ချင်တာကို လုပ်နိုင်အောင်သာ ကြိုးစားနေတာပါ။ သူမှန်းထားတာက အနည်းဆုံး သုံးသောင်းဖြစ်ပြီး ယခုထက်များဖို့သာရှိပါတယ်။ သူ့မှာ လူအင်အားပြန်ရရင် လက်နက်ကရှိထားလို့ ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားမှာပါ။ ဗမာဒေသမှာလဲ အချို့က ခွေးဖြစ်ချင်တဲ့လူငွေတွေ မဘသတွေ ဘောမတွေ တတိယအုပ်စုဝင်တွေရှိနိုင်ပါတယ်။ ဒါကြောင့်လျှော့မတွက်ပါနဲ့။ မင်းကိစ္စက ဖြစ်နိုင်မှာသလားမေးရင် ဒီလိုဘဲ မအလက အာဏာသိမ်းခဲ့တာကို မမေ့ပါနဲ့။

ဒါဆိုရင် မြောက်ပိုင်းနဲ့ ဝ က ဘာလုပ်ရမလဲ? မေးခွန်းက မအလအားရှိလာအောင် ခြောက်လအချိန်ပေးမလား? ဒါမှမဟုတ် NUG အောက်က PDF ကို ထိုးစစ်ဆင်နိုင်တဲ့ လက်နက်ထောက်ပံ့ပေးမလား စဉ်းစားရမှာပါ။ မအလကို PDF က ထိုးစစ်ဆင်ခိုင်းထားခြင်းဖြင့် မိမိထံစစ်ကိုမရောက်နိုင်အောင် ထိထိမိမိ ကာကွယ်နိုင်မှာဖြစ်သလို မအလအနေနဲ့ စစ်သားစုဆောင်းနိုင်တဲ့နေရာက ကျဉ်းသွားမှာပါ။ ဒါဟာ မြောက်ပိုင်းသုံးဖွဲ့နဲ့ ဝ တို့အနေနဲ့ ဗျူဟာကျကျ စဉ်းစားရမှာပါ။ ယခုသုံးလာတဲ့ စစ်လေယာဉ်တွေက လူတင်လေယာဉ်တွေဖြစ်ပြီး ဆီးရီးယားမှာလို လေယာဉ်ပေါ်ကနေ ဗုံးပစ်ချနေတာပါ။ သူကလဲ ရုရှားနည်းပြတွေထံကနေ ဗျူဟာအသစ်တွေ သင်ယူနေတာ မမေ့ပါနဲ့။

ဒီနေရာမှာ ဘယ်အဖွဲ့မဆို သိထားရမှာက မအလဟာ ယာယီသာအပစ်ရပ်ထားတာဖြစ်ပြီး သူက ဗမာမြေပြန့်က PDF ကို နိုင်ခဲ့ရင် သင်တို့ထံ ပြန်လာမယ်ဆိုတာပါ။ ဒါကြောင့် အားလုံးစဉ်းစားရမှာက မအလနဲ့ သူ့စနစ်ကို အပြုတ်တိုက်မှာလား သင်တို့ကို လာတိုက်တာခံမှာလားဆိုတာပါ။ စစ်မှုထမ်းဥပဒေက သင်တို့ကို စဉ်းစားချိန်အများကြီး မပေးထားပါ။ သူ့စစ်ဆင်ရေးက အောင်မြင်လာရင် ဘောမတွေကလဲ စစ်ထဲဝင်လာနိုင်ပါတယ်။ သာကူးတွေပေါ့။ လူငယ်တွေ စဉ်းစားရမှာဖြစ်သလို လက်နက်ကိုင်ခေါင်းဆောင်တွေကိုလဲ ဆုံးဖြတ်ဖို့ မအလက တွန်းအားပေးနေပါပြီ။ နဂါးနှစ်မှာ မအလအမြစ်ပြတ်ဖို့က PDF မှာ ထိုးစစ်ဆင်နိုင်တဲ့ လက်နက်ရမှဖြစ်မှာပါ။ ဆုံးဖြတ်ချက်မှန်ပါစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page