top of page
Search

မြောက်ပိုင်းသုံးဖွဲ့တိုက်တာ တော်လှန်ရေးအပေါ်ကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 23, 2023
  • 1 min read

ree

ဒီနေရာမှာ ဘောမများက မြောက်ပိုင်းသုံးဖွဲ့တိုက်တာက သူ့နယ်မြေလွတ်မြောက်ဖို့ ဒီမိုတွေအတွက် တိုက်တာမဟုတ်ဘူး မအလပြုတ်ဖို့ တိုက်တာမဟုတ်ဘူး နေပြည်တော်ကို လာတိုက်မှာမဟုတ်ဘူးဆိုပြီး ဆိုက်ဝါးပြောလေ့ရှိပါတယ်။

ဒါကဘယ်လောက်အထိမှန်ပါသလဲ? ဒါကို စစ်ရေးအရ ပြောပါ့မယ်။ ဒီမြောက်ပိုင်းသုံးဖွဲ့မတိုက်ခင်က မအလဟာ နှစ်အစပိုင်းမှာ ရှမ်းမြောက်ကတပ်အချို့ကိုနုတ်ပြီး ကယား/ကရင်နီထိုးစစ်၊ စစ်ကိုင်း၊ မကွေးမြောက်ထိုးစစ်တွေမှာ သုံးခဲ့ပါတယ်။ ရခိုင်မြောက်က တပ်အချို့ကို ချင်းထဲစစ်ကြောင်းထိုးပေမယ့် ရခိုင်ကတပ်နုတ်တာ နည်းခဲ့ပါတယ်။ ရှမ်းမြောက်မှာက တပ်ရင်းတစ်ခုက မြို့တစ်ခုလောက်မှာချထားတာပါ။ ဒါက တရုတ်ကျူးကျော်ရင် ပြန်ချဖို့ပါ။ အချို့နေရာတွေမှာ တပ်မနဲ့တူတဲ့ တပ်တောင်အခြေချထားတာပါ။ ယခုအတိုက်ခံရချိန်မှာ မအလဟာ အလစ်အငိုက်ခံလိုက်ရပါတယ်။ တရုတ်တပ်တော့ မဟုတ်ခဲ့ပါ။

ပထမက မအလတပ်တွေဟာ ၂၀၂၁ နှစ်လယ်ထဲက စစ်ကိုင်း၊ မကွေးမြောက်၊ ချင်း၊ ကချင်၊ ကယား/ကရင်နီ၊ ကရင်၊ တနင်္လာရီတွေမှာ အတိုက်ခံရလို့ စစ်ပမ်းလာနေသလို သူတို့က တူမီးကိုတောင် မနိုင်တာက ကြိုတင်နမိတ်ဖတ်နေခဲ့တာပါ။

ရှမ်းမြောက်စစ်ဆင်ရေးမှာ လက်နက်ချင်းတူချိန်မှာတော့ လေတပ်နဲ့အမြောက်က မကယ်နိုင်ခဲ့ပါ။ မအလဟာ စစ်ကူပို့ဖို့ ကြိုးစားပေမယ့် တပ်အင်အားက မယှဉ်နိုင်သလို ဘယ်ကမှလဲ တပ်နုတ်လို့ မရခဲ့ပါ။ ယခုအချိန်မှာ ကိုးကန့်ကသူ့နယ် TNLA က သူ့နယ် AA ကသူ့နယ် လွတ်မြောက်ခဲ့ရင်တောင် မအလဟာ အဝိုင်းခံထားရသလိုဖြစ်သွားခဲ့ပါပြီ။ မူဆယ်ကျပြီးရင်လဲ လားရှိုးမကျအောင် ထိန်းရမှာဖြစ်သလို လားရှိုးကျပြီးရင်လဲ မေမြို့မကျအောင်ထိန်းရမှာပါ။ ကရင်နီကလဲ လွိုင်ကော်မကျအောင် ကြိုးစားနေရပါတယ်။ ကရင်နီမှာလဲ လွိုင်ကော်ကျခဲ့ရင် မအလတပ်သိက္ခာကျပါပြီ။ သူက ပထမဆုံးလွတ်မြောက်ပြည်နယ်ဖြစ်သွားမှာပါ။

သူတို့က နေပြည်တော်အထိ မတိုက်ဖူးထားပါ။ နယ်စပ်တွေကို ထိန်းချုပ်ထားလို့ ထောက်ပို့က ယခင်ကထင် ပိုအဆင်ပြေလာမှာ ငြင်းမရပါ။ အခွန်တွေကလဲ နယ်စပ်ကနေ ဝင်လာမှာပါ။ နောက် မအလလှူထားတဲ့ လက်နက်ကလဲ ပြည်ပကလိုက်ဝယ်ရင်အမေရိကန်ကအစ ဘယ်သူမှ မထောက်ပံ့လို့ ၁၀ နှစ်လောက်စုရမှာပါ။ ယခုမအလက နှစ်လအတွင်း လှူသွားတာပါ။ ဒါတွေက အချိန်တစ်ခုမှာ မြေပြန့်ကို ရောက်လာမှာပါ။ ဒါကြောင့်နေပြည်တော်က နီးလာမှာပါ။

ဒီနေရာမှာ ဖက်ဆစ်စနစ်ကိုဖြုတ်ချဖို့ နိုင်ငံတွေက မိမိဖာသာ လွတ်မြောက်အောင် ဒုတိယကမ္ဘာစစ်မှာ အရင်တိုက်ရပါတယ်။ ပြင်သစ်ကလဲ သူ့တိုင်းပြည်လွတ်မြောက်အောင် အရင်တိုက်သလို ပိုလန်ကလဲ ထို့အတူပါဘဲ။ အပင်ဆိုလဲ သူတို့က အကိုင်းအခက်အလက်တွေကို ခုတ်ပေးသွားရင် ပင်စည်ကိုဖြတ်ရတာက ပိုလွယ်သွားမှာပါ။

အကျဉ်းချုပ်ရရင် မြောက်ပိုင်းသုံးဖွဲ့က နေပြည်တော်ဆင်းတိုက်တိုက် မတိုက်တိုက် သူတို့နယ် သူတို့တိုက်တာနဲ့တင် စာရေးသူတို့ တော်လှန်ရေးက အောင်ပွဲနီးလာမှာပါ။ ဘယ်အရာမှ အချောင်မရနိုင်ပါ။ ရှမ်းပြည်အတွက် ရှမ်းကတိုက်ရမှာဖြစ်သလို စစ်ကိုင်း၊ ရန်ကုန်၊ နေပြည်တော်အတွက် စာရေးသူတို့ကသာ တိုက်ရမှာပါ။ ပြည်သူသာအဓိကပါ။ မတိုက်တဲ့နေရာက မြောက်ကိုရီးယားလို ဖြစ်ကျန်ခဲ့မှာပါ။ အားလုံးက ပြည်သူကသာ ဆုံးဖြတ်ရမှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page