top of page
Search

မအလ NLD ကို ဖျက်ရင် ဘာဖြစ်သွားမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 25, 2022
  • 1 min read

မနေ့က စစ်ခွေးရွေးကော်မရှင်အဖွဲ့က NLD နဲ့ SNLD ကို အစစ်မခံရင် သုံးနှစ်ရပ်တာ၊ ဖျက်သိမ်းတာလုပ်မယ်လို့ ခွေးဟောင်သလို ဟောင်သွားခဲ့ပါတယ်။

ပထမဆုံး ဒီစစ်ခွေးရွေးကော်က တရားမဝင်အဖွဲ့ပါ။ သူကစစ်လဲ တရားမျှတမှုရှိမှာမဟုတ်ပါ။ သူစစ်တာကိုမခံတာက NLD ရဲ့ မှန်ကန်တဲ့ မူဝါဒပါ။

သူက အစစ်မခံရင် သုံးနှစ်ရပ်မှာပေါ့ ဖျက်မှာပေါ့လို့ ပြောချင်တဲ့ ဘောမတွေရှိနိုင်ပါတယ်။ စာရေးသူက သတ္တိရှိရင် NLD ကို သုံးနှစ်ရပ်လိုက်ပါ ဖျက်လိုက်ပါလို့ မအလကို ဒဲ့စိန်ခေါ်လိုက်ပါတယ်။ ဒါကမြန်မာပြည်အတွက်အင်မတန်ကောင်းသွားမှာပါ။ ဘာကြောင့်လဲ?

ယခု အာဆီယံက အမေရိကန်ကို အစပိုင်းမှာ တားထားတာက မြန်မာပြည်မှာ လက်နက်ကိုင်များတယ်မအလတပ်က အားကြီးတယ် မနိုင်နိုင်ဘူး။ အမေရိကန်လဲ တပ်မလွှတ်နိုင်ဘူး။ တရုတ်နဲ့လဲနီးနေတယ်။ ဒါထက်အရေးကြီးတာက သူက ရွေးကောက်ပွဲလုပ်မယ်။ အဲ့ဒီမှာ NLD ပါမှာမိုလို့ စောင့်ကြည့်ပါဆိုတဲ့ ရှုဒေါင့်ကပါ။ အာဆီယံကိုယ်စားလှယ်က မြန်မာပြည်မှာ ဆွေးနွေးပွဲက မဖြစ်နိုင်ဘူးဆိုပြီး စပြောလာပါပြီ။

တရုတ်ကလဲ အမေရိကန်လို ဒီမို ၁၀၀% မတောင်းပေမယ့် မအလလမ်းပြမြေပုံထဲမှာဘဲ အောက်ဆုံးအဆင့် NLD ပါတဲ့ရွေးကောက်ပွဲတော့လုပ်ဖို့ မအလကို ပြောထားတာပါ။ တရုတ်က အာဆီယံမလာခင်သူ့သံလာလိုကြောင်း DASSK နဲ့တွေ့လိုကြောင်း ပြောထားတာကို မအလက ထပ်မံပယ်ချထားခဲ့တာပါ။လာချင်လာလို့ရတယ် ပေးမတွေ့ဘူးဆိုပြီး အကြောင်းပြန်ထားတာပါ။ ဟိုကလဲ ပေးမတွေ့ရင် မလာဘူးဆိုပြီး မလာတဲ့ပုံပါ။ မတ် ၂၇ ရက်အပြီး လာ မလာတော့ မသိသေးပါ။

အမေရိကန်ကလဲ ရွေးကောက်ပွဲများလုပ်မှာလား NLD နဲ့ တွေ့မှာလား အာဆီယံနဲ့တွေ့မှာလားဆိုပြီးစောင့်နေတာပါ။

ယခုက အာဆီယံကိုယ်စားလှယ်ကိုယ်တိုင်က သူမလုပ်နိုင်သလိုစပြောလာလို့ အမေရိကန်ရော တရုတ်ကပါ တစ်ခုခုဆုံးဖြတ်ရတော့မှာပါ။

NLD ကို ဖျက်လိုက်ရင် သုံးနှစ်ရပ်လိုက်ရင် ဘာဖြစ်မလဲဆိုတော့ အာဆီယံလဲ သူလုပ်နေတာ မအောင်မြင်ဘူးဆိုတာ ပေါ်တင်ဝန်ခံရတော့မှာပါ။ ဒါ့အပြင် မအလဟာ တရုတ်နဲ့လဲ ထိပ်တိုက်တွေ့မှာပါ။ အမေရိကန်ဟာလဲ မြန်မာပြည်ဟာ ငြင်သာစွာမပြောင်းလဲနိုင်ဘူးဆိုတာ လက်ခံသွားမှာဖြစ်ပြီးNUG ကို လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်ရတော့မှာပါ။ စာရေးသူ ယခင်ကရေးခဲ့သလို PDF ကိုပခုံးထမ်းလေယာဉ်ပစ် ၁၀၀ လောက် တင့်ကားဖျက် ၁၀၀ လောက်၊ တာဝေးပစ်အမြောက် ၅၀လောက်၊ မောင်းသူမဲ့လေယာဉ် ၂၀ လောက်သာ အမေရိကန်က ထောက်ပံ့ခဲ့ရင် PDF က တစ်လအတွင်း ရန်ကုန်ကို ဝင်သိမ်းနိုင်မှာဖြစ်ပြီး သုံးလအတွင်း နေပြည်တော်သိမ်းနိုင်မှာပါ။ ဒါကြောင့် မအလကို စိန်ခေါ်လိုတာက NLD ကို ဖျက်သိမ်းရဲရင် ဖျက်လိုက်ပါလို့။ NLD ကို ဖျက်တာဟာ မိမိကိုယ်ကိုကြိုးကွင်းစွပ်သလိုသာ ဖြစ်မှာပါလို့ ပြောပါရစေ။



 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Yorumlar


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page