top of page
Search

မအလ AA ကို ဆွေးနွေးမလား/ အပြုတ်တိုက်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 17, 2022
  • 1 min read

မအလဟာ အောက်ခြေက စစ်ရေးဘယ်လိုပြင်ထားတယ် ဘယ်လိုတိုက်မယ်ဆိုတာတွေကို ယုံလေ့ရှိပါတယ်။ အာဏာမသိမ်းခင်ကလဲ သူ့အနားက သူကြားလိုတာသာ ပြောသူတွေက လူထုကြီးက NLD ကိုမကြိုက်တော့ဘူး အဘကိုထောက်ခံနေတယ်ဆိုလို့ အာဏာသိမ်းလိုက်တာ ယခုသူအရူးမီးဝိုင်းဖြစ်တာသာ အဖတ်တင်သွားခဲ့ပါတယ်။

ယခုလဲ သူက လက်နက်ကိုင် EAO တွေနဲ့ တကယ်ငြိမ်းချမ်းရေးဆွေးနွေးမလိုနဲ့ ဇာတိပြလို့ သူ့ထံကကပ်စားရတဲ့အဖွဲ့ကလွဲရင် ဘယ်သူမှ မကပ်တော့ပါ။ အမှန်က သူလိမ္မာရင် ဆွဲထားလို့ရနိုင်ခဲ့မှာပါ။ သူအာဏာသိမ်းစမှာ AA က CDM မလုပ်နဲ့ ဘာညာပြောတော့ သဘောအလွန်ကျခဲ့ပါတယ်။ နောက်ပိုင်းAA အမျိုးတွေကို လွှတ်ပေးအပြီးမှာ AA က ဩဇာတည်ဆောက်တာ အရှိန်မြှင့်လာခဲ့ပါတယ်။ သူ့ပြည်သူကလဲ ပိုအားကိုးလာလို့ ပိုခိုင်လာခဲ့ပါတယ်။ မအလဟာ ရခိုင်တောင်မှာသာ AA ကိုကျပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် AA ကလဲ မအလတပ် ပြည်မမှာ အလုပ်များနေတဲ့ အခွင့်အရေးကို အလွတ်မပေးခဲ့ပါ။ ဒါကြောင့် မအလကို စတိုက်လိုက်ပုံပါ။ မောင်းတောနယ်ခြားစောင့်စခန်းတွေက ပြန်ရဖို့ မမြင်တော့ပါ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့နီးလို့ သူ့နယ်စပ်ထဲကျရင် အချိန်မရွေး ပြဿနာတက်နိုင်လို့ပါ။ အဆိုပါတိုက်ပွဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်အထိ ထိသွားခဲ့ပါတယ်။ AA က အရေးပါတဲ့နေရာအချို့ကိုလဲ သိမ်းနိုင်ခဲ့ပြီး ပလက်ဝနား နီးလာနေပါပြီ။

စစ်ပွဲမှာ AA က လက်နက်တွေကောင်းနေပြီး UWSA ထံ တရုတ်ထံကရတယ်လို့ မအလတပ်ကသုံးသပ်ထားပါတယ်။ လောလောဆယ်မှာ လေယာဉ်နဲ့ ဗုံးကြဲတာအထိ လုပ်နေပေမယ့် ရှုံးနေဆဲပါ။ မအလက အေးနုစိန်၊ အေးမောင်နဲ့  တပ်နဲ့နီးစပ်တဲ့ ANP က ခေါင်းဆောင်အချို့ကို AA နဲ့ ညှိဖို့ ပြောထားပါတယ်။ သူရှုံးနိုင်တယ်ဆိုတာသိလာပုံပါ။ အကယ်၍ ညှိမရရင်တော့ စာရေးသူတို့ ပွဲကောင်းတစ်ပွဲကြည့်ရမှာပါ။

စစ်မြေပြင်မှာက အထိုင်တပ်တွေဟာ ရိက္ခာမရှိတာ ငတ်တာ၊ ထွက်တိုက်ခိုင်းတဲ့အမိန့်ကို မနာခံတာတွေစဖြစ်လာနေပါပြီ။ အခမသင့်ရင် ရခိုင်မှာတပ်ရင်းမှုး၊ ဗျူဟာမှူးအဆင့်အထိ လက်နက်ချ အဖမ်းခံတာဖြစ်လာနိုင်နေပါတယ်။ AA က facebook ပေါ်သိပ်မပြောဘဲ အပီဖဲ့နေတာပါ။ ဒီအချိန်မှာ အခြားပြည်မဒေသကလဲ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ရင် အကျိုးများမှာပါ။ မအလက AA ကို သူတောင်းတာမပေးဘဲ အပြုတ်တိုက်ရင်တော့ AA က မပြုတ်ဘဲ မအလတပ်သာ ပြုတ်သွားပါမယ်လို့ ပြောပါရစေ။


 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page