top of page
Search

မအလ၏ အရူးကွက်နှင့် DASSK ၏ CRPH၊ PDF သဘောထား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 14, 2021
  • 1 min read

မအလဟာ အာဏာသိမ်းပြီးကထဲက အမှားများကို တစ်ခုပြီးတစ်ခု ကျူးလွန်နေပါတယ်။အာဏာသိမ်းအပြီး နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းလေ့ရှိပေမယ့် မအလအာဏာသိမ်းချိန်မှာ DASSK ရဲ့ မေတ္တာဓာတ်ကကြီးမားပြီး သူမကို လူကြိုက်အများဆုံးအချိန်ပါ။ လူတွေဟာ မအလတပ်က ဗိုလ်ကျနေတာသိပေမယ့် သူမရဲ့ ရင်ကြားစေ့ရေး အကြမ်းမဖက်ရေး မူဝါဒအရ သည်းခံခဲ့ကြပါတယ်။

စစချင်း မအလဟာ သူမကိုဖမ်းတယ်။ ပုဒ်မတွေ တစ်ခုပြီးတစ်ခုတပ်ပါတယ်။ ဒါက ကြားနေလူများအဖို့ သူမဒီတစ်သက်ထောင်က မလွတ်နိုင်တော့ဘူးဆိုတာကို ပြသွားခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့မှာအခြားရွေးစရာလမ်းမရှိတော့ပါ။ ဒီအချိန်မှာ အချို့က ရွေးကောက်ပွဲလမ်းကြောင်းကို စဉ်းစားနိုင်ပါတယ်။ ဒီနေရာမှာလဲ မအလက NLD ပါတီ ဖျက်သိမ်းရေးကို ဦးတည်လုပ်လို့ အဆိုပါ အလယ်အလတ်ဝါဒီသမားများလဲ ဦးမထောင်နိုင်ဘဲ ထွက်ပြေးခဲ့ရပါတယ်။

ပြည်သူများဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ မအလတပ်က ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့လို့ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြတာပါ။ ယခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအောင်မြင်နေလားဆိုတာ တပ်တိုင်းဟာ မြောက်ဦးနဲ့ ကိုးကန့်ဒေသလို ဖြစ်နေပါပြီ။ ရန်ကုန်၊ မန္တလေးမှသည် နေပြည်တော်အဆုံးပါ။

၈၈ မှာက အစပိုင်းမှာ DASSK တို့ကိုမဖမ်းလို့ သူတို့ကပါတီထောင် ရွေးကောက်ပွဲလမ်းကြောင်းကိုရွေးလို့ လက်နက်ကိုင်လမ်းစဉ်က မအောင်မြင်ခဲ့တာပါ။ ယခုဟာက မြေပေါ်မှာ ပြည်သူထောက်ခံတဲ့ပါတီဟာ NLD က လွဲပြီး မရှိပါ။

ယခုဖြစ်နေတာတွေ CRPH၊ NUG ကိစ္စတွေ DASSK နဲ့ သမ္မတကြီးသိလားဆိုတော့ မြဝတီလာတဲ့အတိုင်း သိပါတယ်။ သူတို့လဲ ပညာတတ်တွေမိုလို့ မြဝတီကို ပြောင်းပြန်နားထောင်ရင် အမှန်ကို သိမှာပါ။ အချို့ အဖမ်းခံရတဲ့ CEC အဖွဲ့ဝင်အချို့ဆို စစ်ကိုင်းက အောင်ပွဲတွေအကြောင်းတောင် သိပါတယ်။ မအလက DASSK ကို မှတ်ချက်ပေးခိုင်းပြီး သူမက PDF ထောက်ခံရင် ပုဒ်မထပ်တိုး မထောက်ခံရင် သူမနဲ့ ပြည်သူကို ရန်တိုက်ပေးဖို့ပါ။ ကလေးအထာတွေပါ။ တစ်ချိန်ထဲမှာ မအလအနေနဲ့DASSK ရဲ့ အရေးပါမှုကို အသိအမှတ်ပြူလိုက်ရတာပါ။

ဒီနေရာမှာ DASSK က ယခင်ကထဲက သူမအနေနဲ့ CEC တစ်ဖွဲ့လုံးနဲ့ တွေ့ပြီးမှသာ သဘောထားမှတ်ချက်ပေးမယ်လို့ ပြောထားခဲ့သလို သူမဟာ ပြည်သူ့သဘောထားနဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ဒီမိုကရေစီစနစ်မှာ ပြည်သူသာအဓိက ပြည်သူ့ဆန္ဒက အဓိကလို့ ပြောထားခဲ့ပါတယ်။ ဒါကဟိုယခင်က ရှေ့နေအဖွဲ့နဲ့တွေ့စဉ် ပြောထားတာပါ။ ကြာခဲ့ပါပြီ။ စာရေးသူ ရေးပြီးသားပါ။

အကျဉ်းချုပ်ကတော့ မအလဟာ PDF တွေကို မနိုင်တော့လို့ စစ်ရှုံးနေလို့ DASSK ကနေတဆင့် တိုက်ပွဲအရှိန်ကျအောင် လုပ်ချင်တာပါ။ DASSK က မအလ အကွက်လောက်တော့ ပျင်းတောင်ပျင်းပါသေးတယ်။ သူမက ဒီမိုကရေစီမှာ ပြည်သူ့ဆုံးဖြတ်ချက်က အဓိကကျကြောင်း လိုက်နာရမှာဖြစ်ကြောင်းပြောထားပြီးသားပါ။ သူမက စာတတ်ပါတယ်။ ပြည်သူတွေက ဘာလုပ်ချင်လဲ မေးစရာလိုမည်မထင်ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 14, 2021

ဦးမြတ်!!!ဘာသာဝင်အားလုံး ထဲထဲဝင်ဝင် ယုံကြည်သော စကား တစ်ရပ် ရှိပါသည်။

**ဝစီဘေဒ ထိ တိုင်း ရှ။

စေတနာဟူသော စေ့ဆော်တတ်သည့်သဘော အားကောင်းလျှင် ကောင်းသလောက် ပစ္စုပ္ပန်ကာလမှသည် ခန္ဓာ ဇာတ် မသိမ်းမချင်း အကျိုးပေးကြောင်းယုံကြည်ကြပါသည်။

~ မုဆိုးမ! မုဆိုးမ! မုဆိုးမ!

~အနမ်းနဲ့ မကြို၊ ဂန်း နဲ့ ကြိုမယ်

~အရိုးနဲ့ စည်းရိုး ထိုးလိုက်မယ်

~သာသနာ ဖျက်ကြီး။ ။

ပြောခဲ့တဲ့သူတွေက အားပါးတရ လှိုက်လှိုက်လှဲလှဲ ပြောခဲ့သမျှ လက်တွေ့မှာ နှုတ်ထွက်ဝစီ၏ အကျိုးပေးအတိုင်း မည်သူတွေ *နင့်နေအောင်* ခံစား‌ေနရသလဲ ဆိုတာ ကွန်ယက် စာမျက်နှာများမှာ ဖော်ပြနေသည်ကို ကြည့်ယုံမျှဖြင့် သိသာပါသည်။

စကား စကား ပြောပါများ၊ စကားထဲက ဇာတိ ပြ။

ဖေါ်ပြပါ စကားစုများသည် ဖရုဿဝါစာ

ကြမ်းတမ်းရိုင်းစိုင်းသော စကားများဖြစ်သောကြောင့် မပြောဆိုရန် ဗုဒ္ဓဘုရားရှင်မှ သာသနာမှာ ဆုံးမခဲ့ပါသည်။

ဘာသာ သာသနာ စကား ယုံကြည်စွာဖြင့် ကိုးကွယ် နားထောင်သူများတော့ မဟုတ်တန်ရာ။ စကားထဲက ဇာတိပြဟု ဆိုထားသောကြောင့်ပါ။

မည်သူက သာသနာ ဖျက်သနည်း???

ဝေဖန်ပိုင်းခြား နိုင်ပါသည်။

ဆောင်းပါးပါ အချက်အရ အကြမ်းဖက်အသွင် ခွင်(ဂွင် ) ဆင်ကာ ထွက်ဆိုစေလိုသော စေတနာပါသောကြောင့် စေတနာ၏ အကျိုးပေးဆိုသည်မှာ ဖြစ်ပေါ်လာရပါသနည်း

အကြမ်းဖက်သည်မှာ မည်သူတွေလဲ???

စာမျက်နှာတွေပေါ် တက်ကြည့်သည်နှင့် အဖြေက ထွက်ပြီးသားဖြစ်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


***အားကိုးစရာဆိုလို့ ပြည်သူပဲရှိပါတယ်။***

**တစ်ယောက်ချင်းစီတိုင်းကို တန်ဘိုးထားပါသည်။**

ရင်ထဲက လာသော အမှန်စကား၊ အပြောနှင့် အလုပ်။ တစ်ထပ်တည်း။စေတနာ မည်မျှ ဖြူကြောင်း ကိုဗစ် ပထမလှိုင်းမှာ ကမ္ဘာကပင် အံ့ဩယူရလောက်အောင် စွမ်းဆောင်ပြခဲ့ပါသည်။

မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့်

အသွားအပြန် ရှိ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page