top of page
Search

မအလ သူခိုး၏ လက်ပတ်နာရီများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 21, 2021
  • 1 min read

မအလက DASSK နဲ့ NLD က ဝန်ကြီးချုပ်တွေကို အဂတိနဲ့ တရားစွဲတယ်။

ဆယ်လီတွေနဲ့ PDF ကို ငွေကြေးကိစ္စ သွေးခွဲတယ်။

ဆရာဝန်ဘွဲ့နဲ့ အခြားနိုင်ငံခြားက ဘွဲ့ပေါင်းများစွာရထားတဲ့ သူ့ဖာသာရှာထားတဲ့ ပါချုပ်ဆရာဇော်ဝေစိုးကို သိက္ခာချဖို့ ကြိုးစားလာတာတွေ့ရပါတယ်။

ဒါဆိုရင် အဆိုပါ ဒီမိုများကို အပုတ်ချသူများရဲ့ တပ်ချုပ်သူခိုးကြီးကို လေ့လာရအောင်။တပ်ချုပ် မအလရဲ့ မမြင်ရတဲ့ ပိုင်ဆိုင်မှုကို မကြည့်ဘဲ သူဝတ်ထားတဲ့ လက်ပတ်နာရီအချို့ရဲ့တန်ဖိုးကို လေ့လာကြည့်ရအောင်။

ပထမ Rolex နာရီပါ။ အဲ့ဒါလေးက ပေါင် ၃၂၉၅၀ တန်ပါတယ်။ ဒေါ်လာ ၄၄၈၈၈ ပါ။ဒေါ်လာ လေးသောင်းခွဲ။


နောက် နာရီက Patek Philippe CALATRAVA မော်ဒယ်လေးပါ။ ပေါင် ၂၉၁၅၀ ပါ။ ဒေါ်လာ၃၉၇၁၄ ပါ။ လေးသောင်းနီးပါးပါ။

နောက်နာရီကလဲ Patek Philippe CALATRAVA white gold ပါ။ ပေါင် ၃၃၄၃၀ ပါ။ ဒေါ်လာ၄၅၅၄၆ ပါ။ လေးသောင်းခွဲပါ။


ပြီးရင် Apple Watch ပါ။ မအလက Apple Watch ကို အပေါစားမကိုင်ပါ။ ပုံမှန် Apple နာရီကဒေါ်လာ ၅၀၀ သာတန်ရင် သူက အထူးထုတ် ရွှေ ဒေါ်လာ ၅၀၀၀ လောက်ကိုသာ ကိုင်ပါတယ်။


ယခုရေးပြတာတွေက သိန်း ၂၀၀၀ လောက်ရှိပါတယ်။ မအလရတဲ့လစာ တစ်သက်လုံး မစားဘဲစုထားရင်တောင် မရပါ။

စာရေးသူကပြောရင် အထောက်အထားနဲ့ပြောပါတယ်။ အဂတိနဲ့စစ်လိုက်ရင် မအလဟာထောင်ထဲကကို ထွက်ရမှာမဟုတ်ပါ။

ကမ္ဘာပေါ်မှာ ဆရာဇော်ဝေစိုးလို ခွဲစိတ်အထူးကုဟာ ဒူးနာတာခွဲရင် တစ်ခါ သိန်း ၂၀၀အနည်းဆုံးပါ။ သူတို့တွေဟာ ရဟတ်ယဉ်တောင်ဝယ်စီးနိုင်ပါတယ်။ ပညာကြောင့်ပါ။ မအလဟာ ခိုးမှသာ ဆရာဇော်ဝေစိုးလို ပိုက်ဆံရမှာပါ။

Sources: Relatives from UK and US and website source

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page